နေပူထဲမှာ မောပန်းနေကြ တဲ့ ပြည်သူတွေ အတွက် တတ်နိုင်တဲ့ဘက် ကနေ ဓာတ်ဆား ထုတ်တွေ လှူဒါန်းကာ ပါဝင် အားဖြည့်ကူညီပေးခဲ့တဲ့ ချစ်သုဝေ

Posted on

သရုပ်ဆောင် ချစ်သုဝေကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်း မေတ္တာတွေ နဲ့ အနုပညာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ရှေ့ဆက်လျှောက်လှမ်းနေတဲ့ ပြည်သူချစ် မင်းသမီး တစ်လက်လည်း ဖြစ်ပါတယ်။ သမီးလေးနှစ်ယောက်မွေးဖွားပြီးနောက်ပိုင်းမှာတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခြင်း မရှိတော့ဘဲ သီချင်းဘက်ကိုသာ ဇောက်ချ လုပ်ကိုင်ဖြစ်နေတာလည်း ဖြစ်ပါတယ်။ ဘယ်ကိစ္စ မဆို ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပေးတဲ့အတွက်လည်း အားလုံးရဲ့ ချီးကျုး မှုတွေကို ရရှိထားနေတာလည်း ဖြစ်ပါတယ်။

ချစ်သုဝေဟာ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တော့လည်း ပြောမပြတတ်အောင်ကို ဝမ်းနည်းနေတာလည်း ဖြစ်ပါတယ်။ ပြည်သူတွေ အတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီလုပ်ကိုင် ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင် းလောက်ကလည်း ချစ်သုဝေရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဓာတ်ပုံတစ်ချို့ တင်ပေးထားတာလည်း ဖြစ်ပါတယ်။ ဒါကတော့ နေပူထဲမှာပင်ပန်းနေကြတဲ့ပြည်သူတွေအတွက်တတ်နိုင်တဲ့ဘက်ကနေ ဓာတ်ဆားထုတ်တွေလှူဒါန်းကာ ပါဝင်အားဖြည့်ကူညီပေးခဲ့တဲ့ ချစ်သုဝေရဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။

သူမကလည်း ” ရင်ထဲကိုစို့နေတာပဲ..

ကျွန်မတို့ အားကိုးရမယ့် မောင်ငယ် ညီမငယ်လေးတွေ…

စည်းကမ်းလည်းရှိ စည်းလည်း စည်းလုံးကြတယ်

အားလုံးကို လုံခြုံနေစေချင်မိတာ တော့အမှန်ပဲ..

ရင်ထဲစို့လွန်းပြီး မျက်ရည်တောင် မကျနိုင်တာကြီးကွာ…

လုပ်ရက်လိုက်ကြတာ..” ဆိုပြီး ရေးသား ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေး ကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Chit Thu Wai’s Facebook Page

zawgyi










Leave a Reply

Your email address will not be published. Required fields are marked *