နေပူကြီး ထဲမှာ မမောနိုင် မပန်းနိုင် နေ့စဉ် ရက်ဆက် ပြည်သူတွေ နဲ့အတူ အားကြိုး မာန်တက် ပါဝင်လှုပ်ရှားနေတဲ့ ဖွေးဖွေး ရဲ့ ဗီဒီယိုလေး
Posted on
ပြည်သူချစ်အနုပညာရှင် မင်းသမီးချောလေး အကယ်ဒမီဖွေးဖွေးဟာ ဆိုရင် ပရိတ်သတ်အများအပြားရဲ့ အားပေးချစ်ခင်မငကို အပြည့်အဝ ရရှိထားတဲ့ ထိပ်တန်းမင်းသမီး တစ်လက်ပဲဖြစ်ပါတယ်နော်.။မင်းသမီးချောလေးဖွေးဖွေးဟာ ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တာကြောင့် အခုလတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ဆိုရင်လည်း တက်တက်ကြွကြွပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်နော်…။သူမဟာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အကုန်ထုတ်သုံးကာ ဒီလှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်နေတာကြောင့် လည်း ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ရရှိနေတာလည်း ဖြစ်ပါတယ်။
ဖွေးဖွေးက အခုလှုပ်ရှားမှု မှာ မပါဝင်သေးတဲံ ပြည်သူ့ဝန်ထမ်းတွေကိုလည်း ပါဝင်လာနိုင်အောင် တိုက်တွန်းနှိုးဆော်ပေးနေတာပဲဖြစ်ပါတယ်။ သူမဟာ နေပူကြီးထဲမှာမမောနိူင် မပန်းနိုင်နဲ့ ပါဝင်နေရုံသားမက သတင်းအချက်အလက်တွေ ကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းပေါ်ထွက်ပြီးသူတို့ရဲ့ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်နေတဲ့ ပြည်သူတွေအတွက် သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး အလှူလေးတွေလည်း လုပ်ကာကုသိုလ်ယူနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဖွေးစိန်လေးရဲ့Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာလည်း ဖြစ်ပါတယ်။
ဒါကတော့ တစ်နေ့ပြီးတစ်နေ့ မမောနိုင်မပန်းနိုင်အောင် လမ်းပေါ်ထွက်ကာပြည်သူတွေနဲ့ အတူအားကြိုးမာန်တက်သံပြိုင်ဟစ်ကြွေးနေတဲ့ ဖွေးဖွေးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ မနေ့ကတော့ ဖွေးစိန်လေးတစ်ယောက် သူမရဲ့သူငယ်ချင်းတွေနဲ့ဆေးကျောင်းက ကျောင်းသား၊ကျောင်းသူတွေနှင့်အတူ ပူးပေါင်းပါဝင် လှုပ်ရှားခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာပြည်ကြီး ငြိမ်းချမ်းမှုရရှိအောင် ဒီလူထုလှုပ်ရှားမှုတွင် မပါဝင်သေးရတဲ့သူများလည်း အမြန်ဆုံးပါဝင်ကြပါဦးလို့ တိုက်တွန်းရင်း ဖွေးဖွေးရဲ့ ဗီဒီယိုဖိုင်လေးကိုပါ တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။
Source and Photo Crd-Phway Phway’s Facebook Page
Credit ; MMLoad
zawgyi
Credit ; MMLoad
Leave a Reply
Your email address will not be published. Required fields are marked *