Stars and Models အေဂျင်စီ ရဲ့ ပဲ့ကိုင်သူဖြစ်တဲ့ ဂျွန်လွင်ကတော့
မြန်မာနိုင်ငံရဲ့ ထိပ်တန်း အနုပညာရှင် များစွာကို စဉ်ဆက်မပြတ်
မွေးထုတ်ပေးလာတဲ့ ခေါင်းကိုင် ဖခင်ကြီးလို့ဆိုရမှာပါ။
Channel K ရုပ်သံလိုင်းက ထုတ်လွှင့်ပြီး သရုပ်ဆောင် ခင်လှိုင်၊ ကေညီ၊ သိန်းလင်းစိုးတို့
အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်နေတဲ့ “ရှုပ်မယ် ရှင်းမယ် ဗြောင်းငြင်းမယ်”
အစီအစဉ်မှာ ဂျွန်လွင် ဧည့်သည်ပါဝင်ခဲ့တုန်းက ပြောဆိုခဲ့တဲ့
အကြောင်းအရာတစ်ခုဟာ ပရိတ်သတ်တွေကြား မှာ အတော်လေးရေပန်းစား ခဲ့ပါတယ်။
အဲ့ဒါကတော့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ
သရုပ်ဆောင် ဝတ်မှုန်ရွှေရည် နဲ့ အပြိုင် ပါဝင် သရုပ်ဆော င်ခဲ့တဲ့ သရုပ်ဆောင် နေခြည်ဦး နဲ့
ပတ်သက်ပြီးပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နေခြည်ဦးကတော့ beauty blogger တစ်ယောက်အဖြစ်
ဆိုရှယ်မီဒီယာပေါ်မှာကျော်ကြားလာရာကနေတဆင့် သရုပ်ဆောင်လိုင်း ကို ကူးပြောင်း
လာခဲ့သူဖြစ်ပါတယ်။
“အလှကုန်ပစ္စည်းကြော်ငြာတဲ့ မင်းသမီး တစ်လက် ပေါ့နော်။ အလှကုန် ဘလော့ဂါပေါ့။
သူဆိူရင် ရိုက်ကွင်းပေါ်တက်လာတာ စီနီယာတွေ ကိုတောင် အဖက်မလုပ်တော့ဘူး။
branded တွေနဲ့ ချေမိုးပြီး ရောက်ချလာတာ။ စီနီယာတွေကို လေးစားရကောင်းမှန်း၊
နှုတ်ဆက် ရကောင်းမှန်း မသိဘူး။
တကယ်တမ်းကျတော့ စီနီယာ ဆိုတာကလေ နင်လား ငါလားယှဉ်လိုက်တဲ့အချိန်မှာ
နှစ်ယောက် အပြိုင်ဆုံလိုက်တဲ့ ရုပ်ရှင် တစ်ကားကို ကျွန်တော်ကြည့်ဖူးတာကတော့
ဟိုဘက်က ဝတ်မှုန်ရွှေရည်က လုပ်ပြ လိုက်တဲ့ မျက်နှာ နဲ့ မျက်လုံးကို ဒီဘက်
မလိုက်နိုင်ဘူး။ အဲ့ဒါလေးတွေ ပေါ့လေ။ စီနီယာ ဆိုတာကတော့လေ respect ရှိဖို့လိုတယ်ပေါ့။
ကျွန်တောဆိုရင်လည်း ကျွန်တော် တပည့်တွေကို အမြဲပြောတယ်။
နင်တို့ လူတွေကို ပိုက်ဆံ နဲ့ မပြိုင်နဲ့ ပညာနဲ့ပြိုင်။ ပညာသည်ဆိုတာက ကိုယ်က ဒီပညာကို ပြရမှာလေ။ ပညာတစ်ခုကို
လိုချင်ရင် အောက်ကျို့ပြီး ဝင်ရမှာလေ၊ အထက်စီးက နေလို့မရဘူး။
တချို့ကကျတော့ ငါအွန်လိုင်းပေါ်မှာ နာမည်ကြီးတယ်။ ငါလုပ်ချင်တာလုပ်မယ်။
ငါလာပြီ။ အဲ့လိုလုပ်လို့မရဘူးလေ သိတယ်မလား။
ခုနပြောသလို နှစ်ယောက် တကယ်တမ်း ယှဉ်လာတဲ့အခါကျတော့ ဒီဘက်က
ဟာက lucky draw မဲလိပ်တွေထည့်တဲ့ ဖန်အိုး ကြီးဖြစ်ပြီး
ဟိုဘက်ဟာက ရွှေအိုးကြီးဖြစ်သွားတယ်” လို့ ဂျွန်လွင်က သရုပ်ဆောင် နေခြည်ဦးကို
ဝတ်မှုန်ရွှေရည်နဲ့ ခိုင်းနှိုင်းပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။
hannyeinnews