နိုင်ငံရေး နဲ့ ကင်းရှင်းပြီး ကျွန်တော်တို့က အနုပညာစစ်စစ်ဘဲ ချပြချင်တာ ဆို တဲ့ လူရွှင်တော်တွေ ကို ဒဲ့ပြောလိုက်တဲ့ တိုင်းကျော်

Posted on

ဟား၅ကောင်လူရွှင်တော်အဖွဲ့ ကတော့ အမှန်တရား ဘက်ကနေ ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသားရပ်တည်နေတဲ့ လူရွှင်တော်အဖွဲ့ဖြစ်သလို ယခုမှာလည်း တော်လှန်ရေးနယ်မြေဆီ သွားရောက်ပြီး စစ်သင်တန်းသင်ကြားနေတာဖြစ်ပါတယ်။ ခက်ခဲပင်ပန်းမှုတွေ၊ အစားအသောက်အဆင်မပြေမှုတွေ ရှိပေမယ့်လည်း မငြီးငြူကြဘဲ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ ကြိုးစားနေတဲ့ သူတို့အဖွဲ့ကတော့ အာဏာရှင်ကိုအမြစ်ပြတ်တိုက်ထုတ်ဖို့ စိတ်အားထက်သန်နေကြပါတယ်။

ဟား၅ကောင်လူရွှင်တော်အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ် တဲ့ တိုင်းကျော်ကတော့ တော်လှန်ရေးပြုလုပ်နေတဲ့ကြားက ပြည်သူတွေစိတ်ခွန်အားဖြစ်စေမယ့်စာလေးတွေကို မကြာခဏမျှဝေပေးလေ့ရှိပါတယ် ။ သူကတော့ တော်လှန်ရေးနယ်မြေထဲရောက်ရှိနေတဲ့ ဟား၅ကောင်လူရွှင်တော်အဖွဲ့ရဲ့လှုပ်ရှားမှု ပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိပါတယ်။ ယခုမှာတော့ လူရွှင်တော်တိုင်းကျော်တစ်ယောက်ဟာ နိုင်ငံရေးနဲ့ကင်းရှင်းပြီး အနုပညာစစ်စစ်ဘဲ ချပြချင်တာဆိုတဲ့ လူရွှင်တော်တွေကို ဒဲ့ပြောလိုက်ပါတယ်။

တိုင်းကျော်ကတော့ ” နိုင်ငံရေး နဲ့ ကင်းရှင်း ပါတယ် ဆို တဲ့အနုပညာ သမား တွေ ကျွန်တော် တို့ကအနုပညာ စစ်စစ် ဘဲ ချပြ ချင်တာ ဆိုတဲ့လူရွှင်တော် သူတော်ကောင်း အပေါင်း တို့ခင်ဗျား တို့ ပြက်လုံး ကောင်းတွေ မျှော်နေတာကြာပြီ ရယ်ချင်လို့ မပြက်ကြတော့ ဘူးလား လုပ်ပါ နိုင်ငံရေး မပြက်နဲ့ ရယ်စရာ လေးဘဲပြက်ပါ ( ထွီ ) ပြောခဲတယ် နော် တိုင်းကျော် က “ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ တော်လှန်ရေးနယ်မြေထဲရောက်ရှိနေတဲ့ လူရွှင်တော်တိုင်းကျော်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေး လိုက်ရပါတယ်။

Source: taing kyaw ‘ s facebook acc

Leave a Reply

Your email address will not be published. Required fields are marked *