တေးရေး၊ တေးဆို ဆောင်းဦးလိ ှုင်ကတော့ မြန်မာ့ နိုင်ငံ ရေး နဲ့ ပက်သတ်ပြီး (၁၉၈၈) ခုနှစ်ကတည်းက တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဆောင်းဦးလှိုင်က အခုဆိုရင် နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်နေပြီဆိုပေမယ့် မြန်မာ့နိုင်ငံရေးနဲ့ ပက်သတ်ပြီး အမြဲတမ်း စောင့်ကြည့်ရင်း ပြည်သူတွေအတွက် သတင်း အချက်အလက်တွေကို မျှဝေပေးနေသူ တစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဆောင်းဦးလှိုင်က မြန်မာ အနုပညာရှင်တွေ ဖြစ်တဲ့ လူမင်း၊ ဝိုင်း၊ ပြေတီဦး၊ ကိုပေါက်၊ ဏကြီး၊ အနဂ္ဂတို့ကို ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လိုက်တဲ့အပေါ် အခု လိုပဲ ပြောလာပါတယ်။
““ ဘယ်လိုမှ လူထုကို ဖိနှိပ်လို့ မနိုင်တဲ့အခါ” နာမည်ကြီး နိုင်ငံရေး ခေါင်းဆောင်တွေသာမက အနုပညာသမားတွေကိုပါ မတရားပုဒ်မတွေတပ်ပြီး ဖမ်းမယ်ဆီးမယ် လုပ်လာမယ်။ ဘယ်သူမှ အဖမ်းမခံပါနဲ့။ ရှောင်ထွက်ပါ။ အိမ်မှ ာမနေပါနဲ့။ ရုပ်ဖျက် ထားပါ။ ပြည်သူတွေက ဝန်းရံကာကွယ်ပေးကြပါ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။
ဆောင်းဦးလှိုင်ကတော့ လူထုကို ဖိနှိပ်လို့မရတဲ့ အခါ နိုင်ငံရေး ခေါင်းဆောင်တွေ နဲ့ အနုပညာသမားတွေ ကို မတရားပုဒ်မတပ်ပြီး ဖမ်းဆီးတာမျိုးဖြစ်လာပြီဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။
Source: Song Oo Hlaing’s fb
Credit – Cele Connections
crd