နိုင်ငံရပ်ခြား ကို ရောက်နေ ပေမယ့် CRPH အတွက် အလှူငွေတွေ ထည့်ဝင် လှူဒါန်းပြီး တတ်နိုင် သလောက် ပါဝင်အားဖြည့်နေတဲ့ “ဥက္ကာမင်းမောင်”

Posted on

ပရိသတ်ကြီးရေ.. လက်ရှိ နယူးယောက်မြို့မှာ အခြေချနေ ထိုင်နေတဲ့ မော်လ်ဒယ် သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ မြန်မာနိုင်ငံမှာလတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ပြီး တတ်နိုင်သလောက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။ ဥက္ကာမင်းမောင် ကတော့ မြန်မာ့ အရေး အတွက် နယူးယောက်မြို့မှာ ပြုလုပ်တဲ့ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ဆောင်နေသလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။

နိုင်ငံရပ်ခြားကိုရောက်ရှိနေပေမယ့်လည်း အမိမြေအတွက် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် လုပ်ဆောင်နေတဲ့ ဥက္ကာမင်းမောင်ကတော့ CRPH အတွက်အလှူငွေတွေ ထည့်ဝင်လှူဒါန်းပြီး အားလုံးနဲ့အတူပါဝင်အားဖြည့်ခဲ့ပါသေးတယ်..။ လက်ရှိအချိန်မှာ တတ်နိုင်သလောက်လှူဒါန်းထားသလို သူ့အနေ နဲ့ အသက်ရှင်နေသရွေ့ အလုပ် လုပ်နိုင်နေသရွေ့လည်း ဆက်ပြီးလှူဒါန်းသွားမယ့်အကြောင်းကိုပြောပြရင်း ပရိသတ်တွေကိုလည်း လှူဒါန်းကြဖို့ တိုက်တွန်းထားပါသေးတယ်..။

“တတ်နိုင်သလောက်လှူထားပါတယ်.. အသက်ရှင်နေသရွေ့ အလုပ် လုပ်နိုင်နေသရွေ့ ဆက်ပြီးလဲ လှူသွားပါမယ်.. CRPH အတွက် လှူချင်သူများလဲ ဒီ link ကိုနှိပ်ပြီး လှူဒါန်းနိုင်ပါကြောင်း.. အလှူငွေ ဒေါ်လာ ၆.၈ သန်းကျော်တောင်ရနေပြီ.. အရေးတော်ပုံအောင်ရမည်.. တဖက်တလမ်းက အုတ်တချပ် သဲတပွင့် ဆက်လက်ပါဝင်ပံ့ပိုးသွားပါမယ်..” ဆိုပြီး အလှူမှာပါဝင်ထားတဲ့အကြောင်းကို ဝေမျှထားတာပါ..။ ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်အစွမ်းကုန် ပါဝင်အားဖြည့်နေတဲ့ ဥက္ကာမင်းမောင်ရဲ့ စိတ်ထားနဲ့ ကြိုးစားမှုတွေကိုလည်း အားလုံးက ချီးကျူးနေကြတာ တွေ့ရပါတယ်..။

Photo Credit – Okkar Min Maung’s Fb Acc

zawgyi





Leave a Reply

Your email address will not be published.