နိုင်ငံခြား ရေး ဝန်ကြီးဌာန မှ ဝန်ထမ်း အများအပြား CDM မှာ မပါ ဝင် ရတဲ့ အဓိက အကြောင်း အရင်း

Posted on

စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဝန်ကြီးဌာနတိုင်းမှာ ဝန်ထမ်းတွေ ပူးပေါင်း ပါဝင်လာတာတွေ့ရပေမဲ့ အမေစုရဲ့ နိုင်ငံခြားရေးဌာနကတော့ အသံမထွက်ပါဘူး၊ ၎င်းဌာနရှိ ဝန်ထမ်းအများစုသည် ခေတ်အဆက်ဆက် တပ်ပိုင်းမိသားစုမှ နေရာယူထားတာများပါတယ်၊ သာမန်ပြည်သူများ အနေနဲ့ဝင်ရောက်ရတာခက်ပေမဲ့ VIP သားသမီးတွေ အတွက် နေရာရရန်မခက်ပါဘူး၊ သူတို့ဟာ သာမန်ပြည်သူထက်တော်လို့ မဟုတ်ပါဘူး၊ မိုးကျရွှေကိုယ်မို့လို့ပါ၊ သံတမန်ဌာနဆိုရင် သူတို့ လူများပါတယ်၊ ဘတ်ဂျက်အနေနဲ့လည်း ယခင် ၂၀၁၀-၂၀၁၅ ခုနှစ်အထိကြည့်ရင် ဖြတ်တောက် စီစစ်ထားတာ မတွေ့ရပါဘူး၊ တောင်းသလောက်ခွင့်ပြု ထားတာတွေ့ရပါတယ်၊ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး မြေပြင်မှာစီစစ်လို့မရတာက နိုင်ငံခြားရောက်သံရုံးတွေဖြစ်ပါတယ်။

၂၀၁၅-၂၀၂၀ ခုနှစ်ဘတ်ဂျက်စီစစ်ရေးမှာ ကျွန်မတို့ အန်နယ်ဒီ အစိုးရ လက်ထက်မှာ တင်းတင်းကျပ်ကျပ် စီစစ်ဖြတ်တောက်တဲ့အတွက် အလွဲသုံးစားတာမရတော့ပါဘူး၊ ဒါကြောင့် အန်နယ်ဒီ အစိုးရကို မလိုလားကြပါဘူး။ ဒါပေမဲ့ အမေစုကတော့ နိုင်ငံခြားရေး ဌာနကို နိုင်ငံအတွက်အရေးကြီးတဲ့ဌာန ဖြစ်သည့်အတွက် သံရုံးမိသားစုဝင်တွေအတွက် အထောက်အပံ့တွေ၊ နိုင်ငံခြားကျောင်းတက်နေတဲ့ သူတို့သားသမီးတွေအတွက် ကျောင်းလခတွေ၊ အာမခံကြေးတွေ၊ ခရီးစရိတ်တွေ၊ သံအမတ်တွေအတွက် ကားအသစ်တွေ၊ သံရုံးမိသားစုအတွက် အဆောက်အအုံအသစ်တွေ စသည့် နေထိုင်မှုစနစ် မြှင့်တင်ပေးခဲ့ပါတယ်။

အမျိူးသမီးသံအမတ်တွေခန့်အပ်နေရာပေးခဲ့ပါတယ်၊ ကျေးဇူး မသိတတ်တာကတော့ သူ့ထိုက်သူ့ကံပါပဲ၊ အရင်က အကျင့်ဟောင်းကိုသာ မက်မောနေကျတဲ့ နိုင်ငံတော်ပစ္စည်း ပြည်သူ့ငွေတွေက်ု အလွဲသုံးစားလုပ်ရမှ အိပ်ပျော်စားဝင်နေတဲ့ လူတွေအတွက်တော့ စစ်အာဏာရှင်ကိုသာ မျှော်နေမှာအမှန်ပါ။ ဒါကြောင့် CDM လှုပ်ရှားမှုမှာ မပါတာမဆန်းပါဘူး၊ ပါလာတဲ့သူကိုတောင် တရားစွဲ အရေးယူတယ်ဆိုတော့ အင်းမတန်ခံပြင်းပါတယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ကို စီစစ်ခဲ့တဲ့ IR ကော်မတီအဖွဲ့ရဲ့ တွေ့ရှိချက်ကို အပိုင်းလိုက်ဖော်ပြပေးပါဦးမည်။

မိကွန်ချမ်း (ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

zawgyi

စစ္အာဏာရွင္ဆန႔္က်င္ေရးမွာ ဝန္ႀကီးဌာနတိုင္းမွာ ဝန္ထမ္းေတြ ပူးေပါင္း ပါဝင္လာတာေတြ႕ရေပမဲ့ အေမစုရဲ႕ ႏိုင္ငံျခားေရးဌာနကေတာ့ အသံမထြက္ပါဘူး၊ ၎ဌာနရွိ ဝန္ထမ္းအမ်ားစုသည္ ေခတ္အဆက္ဆက္ တပ္ပိုင္းမိသားစုမွ ေနရာယူထားတာမ်ားပါတယ္၊ သာမန္ျပည္သူမ်ား အေနနဲ႔ဝင္ေရာက္ရတာခက္ေပမဲ့ VIP သားသမီးေတြ အတြက္ ေနရာရရန္မခက္ပါဘူး၊ သူတို႔ဟာ သာမန္ျပည္သူထက္ေတာ္လို႔ မဟုတ္ပါဘူး၊ မိုးက်ေ႐ႊကိုယ္မို႔လို႔ပါ၊ သံတမန္ဌာနဆိုရင္ သူတို႔ လူမ်ားပါတယ္၊ ဘတ္ဂ်က္အေနနဲ႔လည္း ယခင္ ၂၀၁၀-၂၀၁၅ ခုႏွစ္အထိၾကည့္ရင္ ျဖတ္ေတာက္ စီစစ္ထားတာ မေတြ႕ရပါဘူး၊ ေတာင္းသေလာက္ခြင့္ျပဳ ထားတာေတြ႕ရပါတယ္၊ ႏိုင္ငံေတာ္ရဲ႕ ဘတ္ဂ်က္ကို ေခါင္းစဥ္ အမ်ိဳးမ်ိဳးတပ္ၿပီး ေျမျပင္မွာစီစစ္လို႔မရတာက ႏိုင္ငံျခားေရာက္သံ႐ုံးေတြျဖစ္ပါတယ္။

၂၀၁၅-၂၀၂၀ ခုႏွစ္ဘတ္ဂ်က္စီစစ္ေရးမွာ ကြၽန္မတို႔ အန္နယ္ဒီ အစိုးရ လက္ထက္မွာ တင္းတင္းက်ပ္က်ပ္ စီစစ္ျဖတ္ေတာက္တဲ့အတြက္ အလြဲသုံးစားတာမရေတာ့ပါဘူး၊ ဒါေၾကာင့္ အန္နယ္ဒီ အစိုးရကို မလိုလားၾကပါဘူး။ ဒါေပမဲ့ အေမစုကေတာ့ ႏိုင္ငံျခားေရး ဌာနကို ႏိုင္ငံအတြက္အေရးႀကီးတဲ့ဌာန ျဖစ္သည့္အတြက္ သံ႐ုံးမိသားစုဝင္ေတြအတြက္ အေထာက္အပံ့ေတြ၊ ႏိုင္ငံျခားေက်ာင္းတက္ေနတဲ့ သူတို႔သားသမီးေတြအတြက္ ေက်ာင္းလခေတြ၊ အာမခံေၾကးေတြ၊ ခရီးစရိတ္ေတြ၊ သံအမတ္ေတြအတြက္ ကားအသစ္ေတြ၊ သံ႐ုံးမိသားစုအတြက္ အေဆာက္အအုံအသစ္ေတြ စသည့္ ေနထိုင္မႈစနစ္ ျမႇင့္တင္ေပးခဲ့ပါတယ္။

အမ်ိဴးသမီးသံအမတ္ေတြခန႔္အပ္ေနရာေပးခဲ့ပါတယ္၊ ေက်းဇူး မသိတတ္တာကေတာ့ သူ႔ထိုက္သူ႔ကံပါပဲ၊ အရင္က အက်င့္ေဟာင္းကိုသာ မက္ေမာေနက်တဲ့ ႏိုင္ငံေတာ္ပစၥည္း ျပည္သူ႔ေငြေတြက္ု အလြဲသုံးစားလုပ္ရမွ အိပ္ေပ်ာ္စားဝင္ေနတဲ့ လူေတြအတြက္ေတာ့ စစ္အာဏာရွင္ကိုသာ ေမွ်ာ္ေနမွာအမွန္ပါ။ ဒါေၾကာင့္ CDM လႈပ္ရွားမႈမွာ မပါတာမဆန္းပါဘူး၊ ပါလာတဲ့သူကိုေတာင္ တရားစြဲ အေရးယူတယ္ဆိုေတာ့ အင္းမတန္ခံျပင္းပါတယ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ဘတ္ဂ်က္ကို စီစစ္ခဲ့တဲ့ IR ေကာ္မတီအဖြဲ႕ရဲ႕ ေတြ႕ရွိခ်က္ကို အပိုင္းလိုက္ေဖာ္ျပေပးပါဦးမည္။

မိကြန္ခ်မ္း (ေပါင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)

Leave a Reply

Your email address will not be published. Required fields are marked *