အနေအစား ဆင်းရဲပြီး ကြမ်းတမ်း လွန်း တဲ့ PDF တွေ ရဲ့ လက်ရှိ ဘဝ ဖြတ်သန်းမှုကို အသေးစိတ် ပြောပြလာတဲ့ PDF အဖွဲ့ဝင်တစ်ဦး

Posted on

ဖေဖော်ဝါရီလထဲက စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးကြီး ကို အရာရာဦးဆောင်ခဲ့သူတွေကတော့ မျိူးဆက်သစ် လူငယ်လေးတွေ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုတွေမှာလည်း ရှေ့ကနေ ဦးဆောင်ရင်း ခုခံ ကာကွယ်ပေးခဲ့ကြပါတယ် ။ တိုင်းပြည်နဲ့ လူမျိူးအတွက် သူတို့ရဲ့ ကြီးမားတဲ့ အိမ်မက်တွေ ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး အရာရာပေးဆပ်ခဲ့ကြသူတွေပါ ။ ဒီလိုတော် လှန် ရေး ကာလတွေမှာလည်း ကြွေလွင့်သွားရတဲ့ ပြည်သူ့ သူရဲကောင်းတွေ များစွာ ရှိခဲ့ပါတယ်။

အခုဆိုရင်လည်း ပိုမိုဆိုးဝါး လာတဲ့ အခြေအနေ အရပ်ရပ်ကြောင့် လူငယ် တော်တော်များများက သူတို့ရဲ့ အောင်မြင်မှုတွေ ၊ ဝါသနာတွေ ၊ သံ ယောဇဉ်တွေကို စွန့်လွှတ်ကာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ အပြည့်နဲ့ တိုင်းရင်းသား အဖွဲ့တွေထဲဝင်ရောက်ကာ စစ်သင်တန်းတက်ရောက် လျက်ရှိပါတယ် ။

တစ်ချို့ဆို အောင်မြင်ကျော်ကြားနေတဲ့ အနုပညာလောကသားထဲက လူငယ်တွေတောင် ပါဝင်နေတာပါ ။ အမှန်တရားဘက်က ရဲရဲဝင့်ဝင့် ရပ်တည်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထဲဝင်ခဲ့ကြပေမယ့် သူတို့အတွက်လည်း အဆင်မပြေမှုတွေ များ စွာကို ရင်ဆိုင်ရင်း အကောင်းဆုံး အားတင်းကျော်ဖြတ်နေရတာပါ ။

ဒီလို တောထဲမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အကြောင်းကို အရင်က အလှဆုံးတွေကို ဖန်တီးကာ ကင်မရာကိုင်ခဲ့တဲ့ လက်ကနေ သေနတ်ပြောင်းကိုင်ခဲ့တဲ့ PDF လူငယ်လေးတစ်ယောက်ကလည်း ” တောထဲက ပုံတွေတင်နေလို့ ပျော်နေတယ်လို့ ထင်နေတဲ့သူတွေကို ပြောချင်တယ် ။

ငါတို့မှာ ပျော်စရာဆိုတာ ဘာမှမရှိဘူး အိမ်သာလောက်ရှိတဲ့ တဲလေးထဲ ၃ယောက်လောက်ထိုးပြီး အိပ်ရတယ် ၃ရက်လာက်နေမှရေချိုးရတဲ့ အခါတွေရှိတယ် သောက်ရေသန့်ကုန်နေလို့ ထုံးကျောက်တွေပါတဲ့ရေကို ဆီးကျောက်တည်မှာ သိသိနဲ့ရေဆာလို့သောက်ခဲ့ရတာလဲ အခါ ပေါင်း မနည်းတော့ဘူး ။

ညဘက် ခြင်တွေ တစ်ညောင်ညောင်နဲ့ မိုးရွာထဲမှာ ကင်းစောင့်ရတာလဲ မင်းတို့မသိဘူး မိုးရွာလို့ ဆောင်တွေ အဝတ်တွေရေစိုပြီး ခြုံစရာ ဝတ် စ ရာမရှိလို့ ဒီတိုင်းအိပ်ခဲ့တာတွေလဲများနေပြီ အစာအိမ်ရှိတဲ့သူတွေတောင် ညဘက်ဗိုက်ဆာတဲ့ အခါထမင်းချက်ဖို့ မီးဖိုကမီးကို ရန်သူမြင်မှာဆိုးလို့ အသားတုကိုရေနဲ့လောင်းပြီးစားခဲ့တာ တွေလဲ ကိုယ်ချင်းစာခံစားကြည့်ပေါ့။

ငှက်ဖျားမိနေတဲ့ရဲဘော်တွေ ဝမ်းသွားနေတဲ့ရဲဘော်တွေလဲမနည်းဘူး ဒီကြားထဲ ထိတွေ့မှုဖြစ်ရင် အချိန်မရွေးသေနိင်တယ်ဆိုတာလဲ ထည့် တွေး ပုံတင်တဲ့ရဲဘော်တွေမြင်တိုင်းပျော်နေလို့ထင်မနေနဲ့ ။ သူတို့ရဲ့စိတ်ထွက်ပေါက်ဆိုတာ အဲ့တာပဲရှိတယ် ကိုယ်တင်လိုက်တဲ့ postsတစ်ခုကြောင့် မြို့ပေါ်က လူတွေ အားရှိပါစေဆိုတဲ့ အတွေးနဲ့ တင်နေတဲ့postsတွေလဲရှိတယ် ။

ငါ့ကို ပုံတင်တိုင်းသာယာနေတယ် မထင်နဲ့ အဆင်ပြေလားလာလာမမေးနဲ့ သုံးစရာပိုက်ဆံမရှိလို့ Camera Flash တွေ Lensတွေ ရောင်းထားလို့ အရေးတော်ပုံပြီးလို့ ကင်မရာရိုက်ရမယ်ဆိုရင်တောင် ငါ့မှာ ရောင်းရ လွန်းလို့ ကင်မရာကိုင်စရာတောင်ရှိတော့မယ်မထင်ဘူး” ခုလို သူရဲ့ ခံစားချက်လေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း ဖတ်ရှုနိုင် စေရန် ဝေမျှပေးလိုက်ပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *