ဖိလစ်ပိုင် တစ်ယောက်ပြောတဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြားက ကြင်နာမှု၊ ရိုးသားမှုနဲ့ မေတ္တာတရားတွေ နဲ့ မြန်မာ လူမျိုးတွေ အကြောင်း
“နိုင်ငံရေး မတည်ငြိမ်မှုကြားက ကြင်နာမှု၊ ရိုးသားမှုနဲ့ မေတ္တာတရားတွေနဲ့ မြန်မာလူမျိုးတွေဟာ စိန်လို တောက်ပနေတယ်။ အကြမ်းဖက်မှုတွေဖြစ်တုန်းက ဒီလူတွေဟာ လမ်းပေါ်ကျန်နေခဲ့တဲ့ ပစ္စည်းတွေကို သိမ်းဆည် းစုဆောင်းပြီး ပြန်ရောင်းဖို့ ပိုက်ဆံရှာဖို့မဟုတ်ဘဲ ပိုင်ရှင်တွေ ပြန်လာယူဖို့ကို စောင့်နေကြတာပါ။ တကယ်ကို ထူးခြားတဲ့လူတွေပဲ။ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း သူတို့တွေ အများကြီး ကြုံတွေ့ခဲ့ရပြီးပါပြီ။
– အင်တာနက် ဖြတ်ခံရတယ်
– ညမထွက်ရအမိန့်ထုတ်ခံရတယ်
– ATM စက်တွေထဲမှာ ငွေတွေမရှိဘူး
– ဘဏ်တွေ ပိတ်ထားတယ်
– စူပါမားကတ်တွေ ကုန်စုံဆိုင်တွေ ပိတ်တယ်
– ကိုဗစ်ကပ်ရောဂါကြီးကလဲ ရှိနေသေးတယ်
(ကျန်တာတွေတော့ ပြဿနာတက်မှာစိုးလို့ မပြောတော့ဘူး)
မြန်မာလူမျိုးတွေလည်း အများကြီး ကြုံတွေ့ ဖြတ်သန်း ခဲ့ရပါတယ်။ လမ်းပေါ်မှာ အခုလို iPhone12, Samsung Note Ultra ဖုန်းတွေ၊ ဈေးကြီးတဲ့ ဖိနပ်တွေ အစရှိသဖြင့် ကျန်နေခဲ့တာကို ပြန်မရောင်းဘဲ ပိုင်ရှင်တွေကို ပြန်ပေးဖို့ ရွေးချယ်ကြတယ်။
(သူတို့ အများစုက အလုပ်တွေ မရှိကြတော့ဘူး ဝင်ငွေလဲ နည်းနေတယ်) ဒီလိုခက်ခဲနေတာတောင် လမ်းပေါ်မှာ ကျန်နေတဲ့ ပစ္စည်းတွေကို သေချာစုထားပြီး ပိုင်ရှင်တွေ ပြန်လာယူဖို့ကို စောင့်နေကြတာ အံ့မခန်းပဲ။ ပြန်ရောင်းစားမယ့် အစား သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပြီး နေပူပူကြီးအောက်မှာ ပိုင်ရှင်တွေကို စောင့်နေကြတယ်။
မြန်မာတွေရဲ့ ခံနိုင်ရည်စွမ်း၊ ရိုးသားမှု၊ သဒ္ဒါတရား နဲ့ ကြင်နာမှုဟာ တကယ် ကို လေးစားစရာပါ။ ရှားမှရှားတဲ့ လူတွေပါပဲ။
မြန်မာလူမျိုးတွေက ကောက်ရတဲ့ ပစ္စည်းတွေကို သူတို့ပိုင်တယ်လို့ မပြောတတ်ကြတာ သဘာဝပဲ။ ကျွန်တော် အရင်က မြန်မာပလာဇာ Gloria Jeans ရဲ့အပြင်ဘက် စားပွဲခုံမှာ iPad သို့မဟုတ် ရုံးအိတ်ကို ထားခဲ့ပြီး ခုံနေရာ ယူဖူးတယ်။ တစ်ခါမှ ဘာမှ မပျောက်ခဲ့ဘူး။ ကမ္ဘာအေးဘုရားလမ်းက ဒီလောက်လူတွေ အများကြီး သွားနေတာတောင်နော်။
ကျွန်တော်ကတော့ ဒီနိုင်ငံမှာ ရှိနေရတာ ဂုဏ်ယူတယ်။ မြန်မာတွေနဲ့ အလုပ် လုပ်ရတာ ကျေးဇူးတင်တယ်။ ဒီမှာနေရတာ မိသားစုလိုလူတွေနဲ့ အတူရှိနေရတာ ပျော်တယ်။
ဓာတ်ပုံဆရာ ဘယ်သူလဲ မသိပေမယ့် Credit ပေးပါတယ်။ မြန်မာ လူမျိုးတွေ ဘယ်လောက်လှတယ်ဆိုတာ ကမ္ဘာကသိဖို့ လိုအပ်တယ်လို့ တွေးမိလို့ပါ။”
Paolo မြန်မာရောက် ဖိလစ်ပိုင်