နိုင်ငံကောင်းစား ဖို့ အသက်ပေးသွားခဲ့ရတဲ့ မြောက်ဒဂုံက သူရဲကောင်း ညီလေး အတွက် စိတ်မကောင်း ဖြစ် ဝမ်းနည်း နေတဲ့ ဟဲလေး နဲ့ ရန်ရန်ချမ်း

Posted on

ပြည်သူတွေကတော့ နွေဦးတော်လှန်ရေး ကို ရဲရင့်ပြတ်သားတဲ့ သူရဲကောင်း စိတ်ဓာတ်တွေနဲ့ ဆက်လက်ဆင်နွှဲလျက်ရှိနေခဲ့တာပဲဖြစ်ပြီး ဖြိုခွင်းခံရမှုတွေ​ကြောင့် ကြွေလွင့်ခဲ့ရတဲ့ သူရဲကောင်းတွေလည်း များစွာရှိနေခဲ့ပါတယ်။ ယနေ့မှာလည်း မြောက်ဒဂုံ၊မြိတ်မြို့နဲ့ မန္တလေးစတဲ့ နေရာမှာ နွေဦးတော်လှန်ရေးပြုလုပ်ကြရင်း ပြည်သူအချို့ အသက်ပေး သွားခဲ့ရပါတယ်။ ပြည်သူတွေကတော့ ယနေ့မှာ ဆုံးပါးသွားကြတဲ့ ရဲရဲတောက်သူရဲကောင်းတွေအတွက် အလွန်စိတ်မကောင်းဖြစ်နေကြပါတယ်။

နိုင်ငံအတွက် အသက်ပေးသွားခဲ့ရတဲ့ မြောက်ဒဂုံက သူရဲကောင်း ညီလေးရဲ့ ဇနီးသည်ဟာ ၂လသားအရွယ် ကိုယ်ဝန်ကို လွယ်ထားရပါတယ်။ ယခုမှာတော့ ဟဲလေးနဲ့ ရန်ရန်ချမ်းတို့၂ယောက်ဟာ ​ နွေဦးတော်လှန်ရေးဆင်နွှဲရင်း မြောက်ဒဂုံမှာကျဆုံးသွားတဲ့ သူရဲကောင်းညီလေးအတွက် စိတ်မကောင်းဖြစ် ဝမ်းနည်းမိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ဟဲလေးကတော့ ” ဒဂုံမြောက်အတွက်နာကျင်ရပြန်ပြီ​ကောင်းရာသုဂတိလားပါ​စေညီ​လေးရယ် “ဆိုပြီး စိတ်မကောင်းဖြစ်မိတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ
ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ရန်ရန်ချမ်းကတော့ “မြောက်ဒဂုံကရော / မြိုင်ကရောညီလေးတွေရေ ကောင်းရာမွန်ရာရောက်ကြပါစေကွာ ဒီမနက်ဘာသံမှမကြားရလို့ စည်းရုံးပေးရာလည်းရောက်ပေါ့ပေါ့ပါးပါးလည်းဖြစ်မယ့် post လေးတွေတင်နေတာ sorry ပါကွာ……. ငါတို့ဘယ်တော့မှပေါ့မသွားဘူး ဂတိပေးတယ် ” ဆိုပြီး မြောက်ဒဂုံမှာ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်း ညီလေးအတွက် စိတ်မကောင်းဖြစ်ဝမ်းနည်းမိကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ နွေဦးတော်လှန်ရေးကို အားမာန်အပြည့်ဆင်နွှဲနေတဲ့ မြန်မာပြည်သူပြည်သားအားလုံး ဘေးရန်ကင်းရှင်းကြပါစေကြောင်း အမြဲ ဆုတောင်းပေး လျက်ရှိနေပါတယ်။

Source: Naing Lin Aung / Yan Yan Chan ‘ s Facebook Acc

zawgyi

ျပည္သူေတြကေတာ့ ေႏြဦးေတာ္လွန္ေရး ကို ရဲရင့္ျပတ္သားတဲ့ သူရဲေကာင္း စိတ္ဓာတ္ေတြနဲ႔ ဆက္လက္ဆင္ႏႊဲလ်က္ရွိေနခဲ့တာပဲျဖစ္ၿပီး ၿဖိဳခြင္းခံရမႈေတြ​ေၾကာင့္ ေႂကြလြင့္ခဲ့ရတဲ့ သူရဲေကာင္းေတြလည္း မ်ားစြာရွိေနခဲ့ပါတယ္။ ယေန႔မွာလည္း ေျမာက္ဒဂုံ၊ၿမိတ္ၿမိဳ႕နဲ႔ မႏၲေလးစတဲ့ ေနရာမွာ ေႏြဦးေတာ္လွန္ေရးျပဳလုပ္ၾကရင္း ျပည္သူအခ်ိဳ႕ အသက္ေပး သြားခဲ့ရပါတယ္။ ျပည္သူေတြကေတာ့ ယေန႔မွာ ဆုံးပါးသြားၾကတဲ့ ရဲရဲေတာက္သူရဲေကာင္းေတြအတြက္ အလြန္စိတ္မေကာင္းျဖစ္ေနၾကပါတယ္။

ႏိုင္ငံအတြက္ အသက္ေပးသြားခဲ့ရတဲ့ ေျမာက္ဒဂုံက သူရဲေကာင္း ညီေလးရဲ႕ ဇနီးသည္ဟာ ၂လသားအ႐ြယ္ ကိုယ္ဝန္ကို လြယ္ထားရပါတယ္။ ယခုမွာေတာ့ ဟဲေလးနဲ႔ ရန္ရန္ခ်မ္းတို႔၂ေယာက္ဟာ ​ ေႏြဦးေတာ္လွန္ေရးဆင္ႏႊဲရင္း ေျမာက္ဒဂုံမွာက်ဆုံးသြားတဲ့ သူရဲေကာင္းညီေလးအတြက္ စိတ္မေကာင္းျဖစ္ ဝမ္းနည္းမိေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။ဟဲေလးကေတာ့ ” ဒဂုံေျမာက္အတြက္နာက်င္ရျပန္ၿပီ​ေကာင္းရာသုဂတိလားပါ​ေစညီ​ေလးရယ္ “ဆိုၿပီး စိတ္မေကာင္းျဖစ္မိတဲ့အေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ
ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။

ရန္ရန္ခ်မ္းကေတာ့ “ေျမာက္ဒဂုံကေရာ / ၿမိဳင္ကေရာညီေလးေတြေရ ေကာင္းရာမြန္ရာေရာက္ၾကပါေစကြာ ဒီမနက္ဘာသံမွမၾကားရလို႔ စည္း႐ုံးေပးရာလည္းေရာက္ေပါ့ေပါ့ပါးပါးလည္းျဖစ္မယ့္ post ေလးေတြတင္ေနတာ sorry ပါကြာ……. ငါတို႔ဘယ္ေတာ့မွေပါ့မသြားဘူး ဂတိေပးတယ္ ” ဆိုၿပီး ေျမာက္ဒဂုံမွာ အသက္ေပးသြားခဲ့ရတဲ့ သူရဲေကာင္း ညီေလးအတြက္ စိတ္မေကာင္းျဖစ္ဝမ္းနည္းမိေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့ပါတယ္။ ေႏြဦးေတာ္လွန္ေရးကို အားမာန္အျပည့္ဆင္ႏႊဲေနတဲ့ ျမန္မာျပည္သူျပည္သားအားလုံး ေဘးရန္ကင္းရွင္းၾကပါေစေၾကာင္း အၿမဲ ဆုေတာင္းေပး လ်က္ရွိေနပါတယ္။

Source: Naing Lin Aung / Yan Yan Chan ‘ s Facebook Acc

Leave a Reply

Your email address will not be published. Required fields are marked *