နိဗ္ဗာန်ယာဥ် မောင်းရင်း ထူးဆန်း စွာ ကြုံတွေ့ခဲ့ ရတဲ့ အဖြစ်အပျက်ကို ပြောပြ လိုက်တဲ့ ပရဟိတ မင်းသားကြီး ဦးကျော်သူ

Posted on

ထူးခြားသည့် တတိယအသုဘရှုခြင်း – ယနေ့ တတိယမြောက်နာရေးကူညီမှု လမ်းကြောင်း သည်ကား ဒဂုံ(မြောက်)ရှိ အဘိုး ဦးမြင့်ဆွေ အသက်(၉၀)နှစ်၏ လမ်းကြောင်းဖြစ် ပါသည်။

အဘိုးသည် ယနေ့ မနက်အစောပိုင်းတွင် တရားရှုမှတ် ရင်းဖြင့် ဘဝကူးသွားသူဖြစ်သည်နှင့် အညီ နေ့လယ် ၂:၃၀ အချိန် အထိ အနံ့မထွက်ခြင်း၊ ကိုယ်လက်ခေါင်းလည်ပင်း စသည်တို့သည် တိုက်ခန်း(၅)ထပ်မှ လှေခါးမှတစ်ဆင့် မြေညီထပ်သို့ သယ်ပိုးချရာတွင် ပျော့ပြောင်းနေခြင်းတို့ကို မြင်တွေ့ကြုံတွေ့ခဲ့ရသည်။

ပရဟိတသမားများ၏ စျာပနကူညီမှု ဗြဟ္မစိုရ်ခြေလှမ်းများ (တတိယ ကူညီမှုလမ်းကြောင်း)

၂၀၂၀ ၊ ဒီဇင်ဘာလ ၊ (၂၀) ယနေ့ နေ့လယ်(၂း၀၀)နာရီ ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၊ ဆောင်းဟေမာန်အိမ်ရာရှိ နေအိမ်တွင် ကွယ်လွန်သွားသော ဦးမြင့်ဆွေအသက်(၉၀)နှစ်၏ ရုပ်ခန္ဓာအား မီးသင်္ဂြိုဟ်ရန် နေအိမ်မှ ရေဝေးသုသာန်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ နိဗ္ဗာန်ယာဥ်မောင်း နှင်၍ စေတနာ့လုပ်အားပေး အသင်းသား ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို နှင့် တနင်္ဂနွေနေ့ လုပ်အားပေး အသင်းသား/အသင်းသူများမှ ဖေးမကူညီပေးခဲ့သည် ။

အဘိုး ဦးမြင့်ဆွေ ကောင်းရာသုဂတိလားမည်မှာ ဧကန်မုချဖြစ်ပေသည်။

Kyaw Thu

zawgyi



ပရဟိတသမားများ၏ ဈာပနကူညီမှု ဗြဟ္မစိုရ်ခြေလှမ်းများ (တတိယ ကူညီမှုလမ်းကြောင်း)



Kyaw Thu

Leave a Reply

Your email address will not be published. Required fields are marked *