နားမကြားတဲ့ အဖွား နဲ့ လေဖြန်းနေတဲ့ အဖိုး အတွက် လိုအပ်တာတွေ သွားရောက် လှူဒါန်းရင်း မျက်ရည်တွေ ကူသုပ်ပေးခဲ့တဲ့ ဘေဘီမောင် ရဲ့ ဗီဒီယို

Posted on

သရုပ်ဆောင် မင်းသမီးချောဘေဘီမောင်ကတော့ အောင်မြင်ကျော်ကြား တဲ့ အနုပညာရှင် တစ်ယောက်အဖြစ် ရပ်တည်နေသလို စကားပြောပွင့်လင်းပြီး အလှူအတန်း ရက်ရောတတ်တဲ့ စိတ်ထားလေးတွေကြောင့် ပရိသတ်အများက အားပေးချစ်ခင်နေကြတာပါ..။ လိုအပ်နေတဲ့ပြည်သူတွေ အတွက် မကြာခဏဆိုသလို တတ်နိုင်တဲ့အင်အားလေးနဲ့ ဖေးမကူညီတတ်တဲ့ဘေဘီမောင်ကတော့ အခုလိုစီးပွားရေးတွေအစစအရာရာ ခက်ခဲနေကြတဲ့ အချိန်မှာလည်း တတ်နိုင်သလောက် လှူဒါန်းမှု တွေပြုလုပ်နေတာ တွေ့ရပါတယ်..။

ဒီကနေ့မှာလည်း ဘေဘီမောင်နဲ့ သားဂန်းတို့ချစ်သူနှစ်ယောက်ကတော့ ရွှေပေါက်ကံ မှာနေထိုင်ကြတဲ့ ချို့တဲ့ပြီးအခက်အခဲတွေနဲ့ရင်ဆိုက်နေကြရတဲ့ နားမကြားတဲ့အဖွားနဲ့ လေဖြန်းနေတဲ့အဖိုးတို့ဇနီးမောင်နှံအတွက် လိုအပ်တာတွေကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပြီး ကုသိုလ် ယူခဲ့ကြပြန်ပါတယ်..။ အဖိုးနဲ့အဖွားအတွက် ဆန်၊ဆီ အစားအသောက်၊ ဆေးဝါး နဲ့ အခြားလိုအပ်တာတွေအပြင် အလှူငွေတွေကိုလည်း ပေးအပ် လှူဒါန်းခဲ့ပြီး ဝမ်းသာမျက်ရည်ကျနေတဲ့အဖိုးကိုလည်း ကရုဏာသက်စွာနဲ့ အားပေးစကားလေးတွေ ပြောကာဖေးမခဲ့တာလည်း တွေ့ရပါတယ်..။

“စားဝတ်နေရေးအတွက် ဒုက္ခရောက် နေရှာတဲ့ သက်ကြီးရွယ်အိုအဖိုးအဖွားကို ဆန်ဆီ လိုအပ်တဲ့ စားဖွယ်ရာများ ဆေးဝါးများနဲ့အလှူငွေ ၂ သိန်း ကိုယ်တိုင် ကိုယ်ကျသွားရောက်လှူူဒါန်းခဲ့ပါတယ်ရှင့် ဖွားဖွားကလေအရမ်းဝမ်းသာနေရှာတယ် ဖိုးဖိုးကတော့ဝမ်းသာမျက်ရည်လေးပါ ကျနေတာပေါ့ရှင် ခြေထောက်က လေဖျန်းထားတော့ အားငယ်နေရှာတယ် အိမ်ဌါးပြီးနေရရှာတာ လောလောဆယ် လစာမယူသေးထားပေးထားတဲ့အမရယ် ကျေးဇူးတင်ပါတယ်ရှင် ဘေဘီနဲ့တူတူ ပါဝင်လှူဒါန်း ကုသိုလ်ပြုခဲ့တဲ့စေတနာရှင်များလည်း သာဓုခေါ်ပေးပါနော်..” ဆိုပြီး သူမရဲ့အလှူလေးကို ဝေမျှထားတာပါ..။

Photo Credit – Baby Maung’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *