နာရေး ကူညီမှု အသင်း ဦးကျော်သူ နှင့်ဇနီး တို့ကို စစ် ကောင်စီ က ဖမ်း၀ရမ်း ထုတ်

Posted on

နာကူ ဦးကျော်သူနှင့်ဇနီးတို့ကို စစ်ကောင်စီ တရားစွဲထား

နာရေးကူညီမှုအသင်း (ရန်ကုန်) ဦးစီး တည်ထောင်သူ ဦးကျော်သူ နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင် ဖေ (ခ ဒေါ်ရွှေဇီးကွက်တို့ကို စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန် ထမ်း များကိုကူညီ၍ စစ်ကောင်စီ က ပုဒ်မ ၅၀၅ (က) ဖြင့် မရမ်းကုန်းမြို့မစခန်းတွင် အမှုဖွင့်ထား ကြောင်း စစ်ကောင်စီက မတ် ၇ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်

နာကူရုံးကို မတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီက ဝင်ရောက် စီးနင်းပြီးရှာဖွေခဲ့ရာ ရုံးတွင်းပစ္စည်း နှင့် ဝန်ထမ်းတချို့ကို ရိုက်နှက်ခဲ့သေးသည်။ ယင်းနေ့တွင် ဦးကျော်သူတို့ ဇနီးမောင်နှံကိုမတွေ့ရှိ သဖြင့် စစ်ဆေးစရာ စာရွက်များ ရရှိခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

CDM ဝန်ထမ်းများကို ထောက်ပံ့ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် စုစု ပေါ င်း ၄၉၈ ဦး တို့ထံမှ ဖေဖော်ဝါရီ ပထမ အပတ်မှ မတ်လ ၃ ရက်အထိ ငွေသိန်းခြောက် ထောင့် ရာကျော် (US 20670) လက်ခံခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲသည်။

သိန်း နှစ်သောင်း ကျော်ထည့်ဝင်ထားသော Fix Deposit ဘဏ် အကောင့် ၆ ခုကိုလည်းတွေ့ရှိ ခဲ့ သ ည်ဟုဆိုသည်။ စစ်ကောင်စီစွပ်စွဲထားသည့် ဘဏ်သတင်းအချက်အလက်ကို မဇ္ဈိမအနေဖြင့် သီး ခြားအတည်ပြနိုင်ခြင်းမရှိပါ။

လက်ခံရရှိငွေများကို ဝန်ထမ်းပေါင်း ၂၀၀၈ ဦးအထိ (ကျပ် ၁ သိန်းမှ ၂သိန်းအထိ) သိန်း ၂၈၀၀ ကျော် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကွန်တိန်နာယာဉ်မောင်းများ၊ မီးရထားဝန်ထမ်းများကိုပါ CDM လုပ်ဆောင်ရန် တိုက်တွန်းချက်များရှိသည်ကို တွေ့ရှိကြောင်းဖော်ပြထားသည်။

နာကူဦးကျော်သူသည် အမြတ်အစွန်းမပါသောလူမှုကူညီရေးလုပ်ငန်းများဆောင်ရွက်ချ က် ကြောင့် ၂၀၁၅ ခုနှစ်တွင် အာရှတိုက် ၏ နိုဘယ်ဆုဟု တင်စားခံရသော ရာမွန်မက်ဆေးဆေး (Ramon Magsaysay) ဆုရရှိထားသူလည်းဖြစ်သည်။

Photo: 1 August 2015. Photo: Mark R. Cristino/EPA
Mizzima

Leave a Reply

Your email address will not be published. Required fields are marked *