သီချင်းအေးအေးလေး တွေ နဲ့ ပရိသတ် တွေ ရဲ့ သောတကို ဖမ်းစားထား နိုင်ခဲ့တဲ့ ဝိုင်းစုတစ် ယောက် ဒီတစ်ခေါက်မှာလည်း ” SUNSHINE ” ဆိုတဲ့ သူမရဲ့သီချင်းလေးကို MTV ရိုက် ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကို အရင်ကနဲ့ မတူဘဲ လိင်တူ ချစ်သူပုံစံလေး ပုံ ဖော်ဖန်တီး ထားတာပဲ ဖြစ်ပါတယ်။
အဆိုတော်လိမ္မော်သီး နဲ့ ရိုက်ကူး ထားတဲ့ ဒီ MTV လေးဟာ အမျိုးသမီးအချင်းချင်း ချစ်ကြတဲ့ Lesbian စုံတွဲပုံစံသရုပ်ဖော်ထားတာဖြစ်ပြီး အေးအေးလေး နဲ့ ဆွေးရတဲ့ သီချင်းမျိုးဆိုတော့ မိုးရာသီနဲ့အကိုက်ပဲနော်။ ဒီထဲမှာလည်း နှစ်ယောက် သားက တကယ့်ချစ်သူတွေလို ရိုဆန် ဆန်လေးရိုက်ကူး ထားတာမို့ ကြည့်ရင်းနဲ့ကိုကြည်နူးစရာပါ။
ချစ်သူကိုလွမ်းရတဲ့အကြောင်းလေး နဲ့ သူအဆင် မှ ပြေရဲ့လားလို့ တွေးမိတဲ့အကြောင်းတွေကို သီချင်းပုံဖော်ပြီးရေးထားတာမို့ ဝေးနေရတဲ့ချစ်သူတွေအတွက်တော့ တကယ့်ကို ဆွေးလို့ ကောင်းမယ့် သီချင်းလေးတစ်ပုဒ်ပါပဲ။ သရုပ်ဆောင်ချက်တွေကလည်း ထိမိလွန်းတာမို့ ပရိသတ်တွေလည်း အရမ်းကို သဘော ကျနေကြပါတယ်။
Happy – Cele Zone
Photo – Wine Su Khine Thein
zawgyi
သီခ်င္းေအးေအးေလး ေတြ နဲ႔ ပရိသတ္ ေတြ ရဲ႕ ေသာတကို ဖမ္းစားထား ႏိုင္ခဲ့တဲ့ ဝိုင္းစုတစ္ ေယာက္ ဒီတစ္ေခါက္မွာလည္း ” SUNSHINE ” ဆိုတဲ့ သူမရဲ႕သီခ်င္းေလးကို MTV ႐ိုက္ ကူးထားတာပဲ ျဖစ္ပါတယ္။ ဒီသီခ်င္းေလးကို အရင္ကနဲ႔ မတူဘဲ လိင္တူ ခ်စ္သူပုံစံေလး ပုံ ေဖာ္ဖန္တီး ထားတာပဲ ျဖစ္ပါတယ္။
အဆိုေတာ္လိေမၼာ္သီး နဲ႔ ႐ိုက္ကူး ထားတဲ့ ဒီ MTV ေလးဟာ အမ်ိဳးသမီးအခ်င္းခ်င္း ခ်စ္ၾကတဲ့ Lesbian စုံတြဲပုံစံသ႐ုပ္ေဖာ္ထားတာျဖစ္ၿပီး ေအးေအးေလး နဲ႔ ေဆြးရတဲ့ သီခ်င္းမ်ိဳးဆိုေတာ့ မိုးရာသီနဲ႔အကိုက္ပဲေနာ္။ ဒီထဲမွာလည္း ႏွစ္ေယာက္ သားက တကယ့္ခ်စ္သူေတြလို ႐ိုဆန္ ဆန္ေလး႐ိုက္ကူး ထားတာမို႔ ၾကည့္ရင္းနဲ႔ကိုၾကည္ႏူးစရာပါ။
ခ်စ္သူကိုလြမ္းရတဲ့အေၾကာင္းေလး နဲ႔ သူအဆင္ မွ ေျပရဲ႕လားလို႔ ေတြးမိတဲ့အေၾကာင္းေတြကို သီခ်င္းပုံေဖာ္ၿပီးေရးထားတာမို႔ ေဝးေနရတဲ့ခ်စ္သူေတြအတြက္ေတာ့ တကယ့္ကို ေဆြးလို႔ ေကာင္းမယ့္ သီခ်င္းေလးတစ္ပုဒ္ပါပဲ။ သ႐ုပ္ေဆာင္ခ်က္ေတြကလည္း ထိမိလြန္းတာမို႔ ပရိသတ္ေတြလည္း အရမ္းကို သေဘာ က်ေနၾကပါတယ္။
Happy – Cele Zone
Photo – Wine Su Khine Thein