မင်္ဂလာပါ ပရိသတ်ကြီးရေ မသမာ သူတွေဟာ အပြင်လောက မှာရော
အွန်လိုင်းပေါ်မှာရော အများအပြား ရှိနေ ခဲ့ပါတယ်။
လူကြီးတွေရဲ့ ဖေ့ဘွတ် အကောင့်ကို ခိုးယူပြီး အသိမိတ်ဆွေတွေ ဆီက
ငွေတွေလိမ်တောင်းတဲ့ ဖြစ်ရပ်တွေလည်း အများအပြား ရှိခဲ့ပါတယ်။
ဒီတစ်ခေါက်မှာတော့ စိုးပြည့်ဖခင်ရဲ့ ဖေ့ဘွတ် အကောင့် ကို ခိုးယူပြီး
စိုးပြည့်ဆီကငွေတွေလာ လိမ်တောင်းခဲ့ပါတယ်။
ဖခင်ရဲ့အကောင့်ကိုဟက်ကာ စိုးပြည့်စီ စာပို့ပြီး အပြင်ရောက်နေလို့ သူ့ရဲ့
ဝေ့မန်းနီးအကောင့် ထဲကို ငွေ (၇) သိန်းလွှဲခိုင်း ခဲ့ပါသေး တယ်။
စိုးပြည့်ကတော့ ပါးနပ်စွာနဲ့ပဲ လူလိမ်ကို လျစ်လျူရှု ခဲ့ပါတယ်။
တစ်အိမ်ထဲနေတဲ့ သားအဖချင်းကို အကောင့် ဟက်ပြီး ငွေလိမ်တောင်း ရဲတဲ့
မသမာသူရဲ့ အတွေးကေ တာ့ အံ့မခန်းပါပဲ။
စိုးပြည့်ကလည်း ဖခင်အကောင့်အဟက်ခံရတဲ့ အကြောင်းကို ”
စိုးပြည့်အဖေအကောင့် ဟက်ခံရလို့ပါ ငွေလည်း လိမ်ပြီးတောင်းနေပါ တယ်
ဖေဖေရဲ့ရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေများ အားလုံး မယုံကြပါနဲ့နော်
ဒီအကောင့်ကဖေဖေမဟုတ်တော့ပါ ဒီအကောင့်က တင်တဲ့အရာ မှန်သမျှ
ဖေဖေ မဟုတ်တော့ပါနော် ငွေတွေလွှဲခိုင်းတာမလွှဲကြပါနဲ့
စိုးပြည့်ကိုတောင် ပိုက်ဆံလွှဲခိုင်းနေလို့ပါ rp ထုပေး ကြပါနော် ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။
ZawGyi