စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေ တနေ့တခြား တိုးလာနေ ပေမယ့် နိုင်ငံတဝန်းက ပြည်သူတွေ ကလည်း အလျှော့မပေးဘဲ ဆက်လက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေကြတာပါ။
ရန်ကုန်မြို့တနေရာက ဆန္ဒပြပွဲမှာတော့ လေးနှစ်အရွယ် ကလေးငယ်တစ်ယောက် ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကြွေးကြော်သံတွေ ကို ဦးဆောင်တိုင်ပေးနေတာ ဗီဒီယိုမှာတွေ့ရပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းလိုက်ချိန်ကစပြီး နိုင်ငံ တဝန်း အလွှာစုံက ပြည်သူတွေ ဆန္ဒပြနေကြတာ အခုဆိုရင် ၄၈ ရက်ရှိလာပြီဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်နောက်ပိုင်းမှာ မွေးဖွားတဲ့ ဂျန်နရေးရှင်းဇီ လို့ခေါ်တဲ့ မျိုးဆက်သစ် လူငယ်အများစုက စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပိုတက်တက်ကြွကြွ ပါဝင်နေကြသလို ဂျန်နရေးရှင်းအယ်လ်ဖာလို့ခေါ်တဲ့ ၂၀၁၀ နောက်ပိုင်းမွေးဖွားတဲ့ ကလေးငယ်တွေလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်နေတာတွေ့ရပါတယ်။
crd
zawgyi
စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ရဲ႕ အၾကမ္းဖက္ ပစ္ခတ္မႈေတြ တေန႔တျခား တိုးလာေန ေပမယ့္ ႏိုင္ငံတဝန္းက ျပည္သူေတြ ကလည္း အေလွ်ာ့မေပးဘဲ ဆက္လက္ၿပီး စစ္အာဏာရွင္ကို ဆန႔္က်င္ဆႏၵျပေနၾကတာပါ။
ရန္ကုန္ၿမိဳ႕တေနရာက ဆႏၵျပပြဲမွာေတာ့ ေလးႏွစ္အ႐ြယ္ ကေလးငယ္တစ္ေယာက္ ဟာ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲ ေႂကြးေၾကာ္သံေတြ ကို ဦးေဆာင္တိုင္ေပးေနတာ ဗီဒီယိုမွာေတြ႕ရပါတယ္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာ သိမ္းလိုက္ခ်ိန္ကစၿပီး ႏိုင္ငံ တဝန္း အလႊာစုံက ျပည္သူေတြ ဆႏၵျပေနၾကတာ အခုဆိုရင္ ၄၈ ရက္ရွိလာၿပီျဖစ္ပါတယ္။
၁၉၉၆ ခုႏွစ္ေနာက္ပိုင္းမွာ ေမြးဖြားတဲ့ ဂ်န္နေရးရွင္းဇီ လို႔ေခၚတဲ့ မ်ိဳးဆက္သစ္ လူငယ္အမ်ားစုက စစ္အာဏာရွင္ဆန႔္က်င္ေရးမွာ ပိုတက္တက္ႂကြႂကြ ပါဝင္ေနၾကသလို ဂ်န္နေရးရွင္းအယ္လ္ဖာလို႔ေခၚတဲ့ ၂၀၁၀ ေနာက္ပိုင္းေမြးဖြားတဲ့ ကေလးငယ္ေတြလည္း ဆႏၵျပပြဲေတြမွာ ပါဝင္ေနတာေတြ႕ရပါတယ္။
crd