နယူးယောက်မြို့ TIME SQUARE မှာ ပြုလုပ် သော မြန် မာ့အရေး လှုပ်ရှားမှုမှာ ပြည်သူ တစ်ဦး အနေနဲ့ ပါဝင်ခဲ့တဲ့ ဥက္ကာမင်းမောင်

Posted on

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင် ကျရာနေရာကနေ ပါဝင် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိထား သူကတော့ ဥက္ကာမင်းမောင်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်ပနိုင်ငံတွင် နေထိုင်ပြီး မြန်မာနိုင်ငံသို့ ခေတ္တပြန်လာတိုင်း အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေတာ လည်း ဖြစ်ပါတယ်။ဒါ့အပြင်လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ခွင့်မရတာကြောင့် စိတ်မကောင်းဖြစ်နေတာပါ။

သို့သော်လည်း သူနေထိုင်ရာ နယူးယောက်မြို့တွင် ပြုလုပ်တဲ့ လူထု လှုပ်ရှားမှုများတွင် တစ်တပ်တစ်အား ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥက္ကာမင်းမောင်ရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေများကို Speak Out လုပ်ပေးနေ တာ ဖြစ်ပါတယ်။ ပြည်သူတွဘက်ကနေ ရပ်တည်ပေးနေတဲ့ ဥက္ကာမင်းမောင်ရဲ့ စိတ်ဓာတ် ကတော့ လေးစားစရာ ပါပဲနော်။

မနေ့ကလည်း နယူးယောက်မြို့ကို ရောက်ရှိ နေကြတဲ့ မြန်မာနိုင်ငံမှ ပြည်သူတစ်ချို့ကတော့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ အခမ်းအနား ကို Time Square တွင် ကျင်းပခဲ့ကြတာပါ။ သူတို့အားလုံးကတော့ အဝေး တစ်နေရာသို့ ရောက်နေကြပေမယ့် လည်း မြန်မာ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးလျက် ရှိနေကြောင်း ပြသခဲ့တာပါ။

ဥက္ကာမင်းမောင်ကလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး နိုင်ငံတော်အ တိုင်ပင် ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် နှင့် ဖမ်းဆီး ခံနေရတဲ့သူများအားလုံးအမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ပရိသတ်တွေလည်း သိရှိ နိုင်အောင် ဥက္ကာမင်းမောင်ရဲ့ သတင်းကိုတင်ဆက်ပေး လိုက်ရပါတယ်။

Source and Photo Crd-Okkar Min Maung’s IG Account

Leave a Reply

Your email address will not be published. Required fields are marked *