နန်ယန် ကျောင်းသား ကျောင်းသူ များ နဲ့ အတူ ငြိမ်းချမ်းမှု ရ ရှိအောင် အားမာန် အပြည့် နဲ့ ဟစ်ကြွေး နေတဲ့ ခင်ဝင့်ဝါ

Posted on

ချစ်ပရိသတ်ကြီးရေ……ဒီတစ်ခါမှာတော့ သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါဟာ ချစ်စရာ ကောင်းတဲ့ ကြွေရုပ်လေး တစ်ရုပ်လို လှပတဲ့ သူလေးဖြစ်ပြီး အနုပညာလောက တွင် အောင်မြင်ကျော်ကြားမှုတွေကို ရရှိ ပိုင်ဆိုင်ထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ဗီဒီယိုဇာတ်ကားတွေ အများအပြားကို ပါဝင်သရုပ်ဆောင်ထားကာ ဇာတ်ကောင်တိုင်းတွင် သဘာဝကျကျ ပီပြင်ပိုင်နိုင်စွာ လုပ်ဆောင် နိုင်တာကြောင့် ပရိသတ်တွေ ရဲ့ ရင်ထဲမှာ နေရာတစ်နေရာ ကို အခိုင်အမာ ရယူထားနိုင်တဲ့ မင်းသမီး တစ်လက် ဆိုလည်း မမှားပါဘူးနော်…..။

ခင်ဝင့်ဝါဟာ ပြည်သူထဲက ပြည်သူတစ်ယောက် ဖြစ်တာကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေတာ ပဲဖြစ်ပါတယ်။သူမဟာ နေ့စဥ် ရက်တိုင်း ပြည်သူတွေနဲ့ အတူ လမ်းမထက်တွင် မမောမပန်း ရှေ့ကနေ ဦးဆောင်ပါဝင်နေတာကြောင့် ပရိသတ်တွေ ကလည်း ပိုပြီး ချစ်ခင်အားပေးမှုတွေကို ရရှိထားတာ လည်းဖြစ်ပါတယ်။ နေပူကြီးထဲမှာ ပါဝင်နေရုံတင်မကပဲ လူမူကွန်ယက် စာမျက်နှာထက်တွင်လည်း သတင်းအချက် အလက်တွေကို မျှဝေပေးနေတာ ပဲဖြစ်ပါတယ်နော်….။

ဒီနေ့မှာဆိုရင်လည်း နန်ယန်ကျောင်းသူ ကျောင်းသားများ နဲ့အတူ ပါဝင်နေကြောင်းကို သူမရဲ့ Social Networt ပေါ်တွင် “ဘယ်တော့မှ သမိုင်းမရိုင်းတဲ့ နန်ယန်ကျောင်းသား ကျောင်းသူများ”ဆိုပြီး ရေးသားဖော်ပြကာ ရဲဝင့်စွာ ပါဝင်လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို မျှဝေပေးလာတာ ဖြစ်ပါတယ်။ကဲ…..ချစ်ပရိသတ် တွေ အတွက် ငြိမ်းချမ်းမှု ရရှိအောင် ဖော်ထုတ်နေတဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်တွေကို ပြန်လည် ဖော်ပြပေး လိုက်ပါတယ်နော်….။

Khin Wint Wah FB Account

Leave a Reply

Your email address will not be published.