ဓာတ်ပုံ ဆရာကောင်း တစ်ယောက်ဖြစ်လာအောင် နောက်ကွယ် ကနေ ပံ့ပိုးပေးခဲ့ တဲ့ ပိုင်တံခွန် ရဲ့စိတ်ကောင်းရှိပုံကို ပြောပြလာခဲ့တဲ့ ပိုင်တံခွန်ရဲ့ ငယ်သူငယ်ချင်းထက်ပိုင်ရဲ

Posted on

ပရိတ်သတ်ကြီးရေ….နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ချစ်ခင် အားပေးခြင်းကိုခံခဲ့ရတဲ့ မင်းသားချောပိုင်တံခွန်ဟာဆိုရင် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါအောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်..။ပိုင်တံခွန်က လတ်တလော ဖြဟ်ပေါ်နေတဲ့အခြေအနေတွေမှာ ပြည်သူလူထုနဲ့ အတူအမှန်တရားဘက်ကနေတစ်သားတည်းရပ်တည်ခဲ့ပြီး လူထုလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က)နဲ့တရားဆွဲခံခဲ့ရပြီး ဖမ်းဆီးထိမ်းသိမ်းခြင်းခံလို က်ရတာပဲဖြစ်ပါတယ်.။ပိုင်တံခွန် အန္တရယ်ကင်းစွာနဲ့ပြန်လည်လွတ်မြောက်လာဖို့အတွက် ပရိတ်သတ်တွေကဆုတောင်းပေးနေကြတာပဲဖြစ်ပါတယ်။

အခုလည်း ပိုင်တံခွန်နဲ့ငယ်ငယ်လေးကတည်းကကျောင်း အတူတူတတ်လာခဲ့တဲ့အရင်းနှီးဆုံးသူငယ်ချင်း ထက်ပိုင်ရဲကကြင်နာတတ်ပြီးစိတ်ရင်းကောင်းတဲ့အပြင်သူ့ကိုဓာတ်ပုံဆရာကောင်းတစ်ယောက်ဖြဟ်အောင်လက်တွဲခေါ်ခဲ့တဲ့ပိုင်တံခွန်ရဲ့အကောင်းကို အခုလိုပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်။”နယ်မြို့လေးကနေ တယောက်တည်း ရန်ကုန်မြို့ကြီးပေါ်တက်လာတော့ ပိုင် နဲ့ပြန်တွေ့တယ် ခုနစ်နှစ်ကြာပီးမှ ကျောင်းနေဖက်သူငယ်ကြီးနဲ့ ပြန်တွ့ရတာ သူအောင်မြင်နေတဲ့အချိန် ကျွန်တော် သူ့နဲ့စတွေ့တော့ ကျွန်တော့မှာ အိပ်မက်လည်းမရှိဘူး လျောက်ရမယ့်လမ်းလည်းမရှိဘူး သူကစ ပြောလာတယ် မင်း အနုပညာနဲ့ပတ်သက်တာ ဘာစိတ်ဝင်စားလဲဆိုပီးသူအောင်မြင်နေတဲ့အချိန်တတ်နိုင်သလောက် Supportပေးမယ်ပြောတယ် မရေရာမသေချာဘဲ မဖြေမိဘဲ ကျွန်တော် နယ်ကို ပြန်သွားမိတယ် တပတ်လောက်ကြာတော့ ပြန်ပြောဖြစ်တယ်။

ငါ Video ရိုက်ချင်တယ် ကင်မရာကိုင်ပီး Video ရိုက်တဲ့သူဖြစ်ချင်ယ် ဆိုပီးပေါ့ သူကသူ့ဆီလာ သူနဲ့သိတဲ့ဆရာတွေဆီမှာ အပ်ပေးမယ် ပညာသင်ပါ ဘဝကိုလျှောက်လှမ်းပါဆိုပီးတော့တကယ် ကျွန်တော် သူ့ဆီလာဖို့ အမေ့ဆီကငွေတောင်းပီးလက်ထဲ ပိုက်ဆံတသိန်းနဲ့ ရန်ကုန်မြို့ကြီးကို မျှော်လင့်ချက်ကြီးနဲ့ သူ့ဆီ လာခဲ့တယ်တကယ်ရောက် တော့ သူက မင်းသူများဆီနေရင် သူများအလုပ်သမားပဲ ဖြစ်မှာ ငါ့သူငယ်ချင်းကို အလုပ်သမားတော့ မဖြစ်စေချင်ဘူး တကယ်ပညာကိုတတ်ပီး တကယ့် Professional life ကိုသွားစေချင်တယဆိုပီး ကျွန်တော့်ကို သူ့ဆီမှာနေစေဲ့တယ် သူ့က အချိန်တခုပဲစောင့်ပါ သူအဆင်ပြေတာနဲ့ကင်မရာ လေးတလုံးဝယ်ပေးပီး မင်းကိုရသလောက်လေ့လာခိုင်းမယ်ဆိုပီးနေစေခဲ့တယ် စားဖို့မရှိ သောက်ဖို့မရှိ ဆေးလိပ်လေးတလိပ်တောင် ဝယ်ဖို့မရှိတဲ့အခြေနေကပီး သူကျွန်တော့်ကို ကြိုးစားစေခဲ့တယ်။

ပုံတွေမကောင်းရင် ပိုကြိုစားလာအောင် ဆူခဲ့တယ် သူတတ်နိုင်သလောက် Supportပေးခဲ့တယ် မခံချင်စိတ်နဲ့ ကြိုးစားပီးတနှစ်ကျော်အကြာမှာ HPY Photographyဆိုပီးနာမည်လေးတခုဖြစ်လာခဲ့တယ် သူက အပြင်မှာတောင်သိပ်မရိုက်ခိုင်းဘူးသေချာတတ်မှ အပြင်မှာ ရိုက်ပါ ပိုက်ဆံရှာပါဆိုပီး Qualityကောင်းအောင် သေချာလမ်းပြခဲ့တယ် ဘဝမှာ ဘာမှမရှိတဲ့ ဘဝကနေ တဖြည်းဖြည်းချင်း အဆင်ပြေလာတဲ့အထိ သူကျွန်တော့်ကို Supportပေးခဲ့တယ် သုံးစရာမရှိရင် မုန့်ဖိုးတွေပေး ကျွန်တော့်ကို ရှင်သန်စေခဲ့တယ် သူတကယ်ကို ကြင်နာပီး စိတ်ရင်ကောင်းတဲ့ လူတယောက်ပါအခုချိန်မှာ သူ့ကိုမလွမ်းဘူလားလို့ သူအထဲရောက်နေတာတောင်အပြင်မှာ Ro နေတယ် ဘာညာတွေ့တော့ စိတ်မကောင်းဖြစ်မိပါတယ်သူကဒုတိယမိသားစုပါပဲ သူကအရာရာပါပဲ သူငယ်ချင်းကြီးကို အရမ်လွမ်းမိပါတယ် အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေပိုင်တံခွန်ဆိုတာ မရှိခဲ့ရင် ကျွန်တော် ဆိုတာ ဘာမှ မဟုတ်ပါဘူးဘာမှမရှိတဲ့ကောင်ပါ” ဆိုပြီးပိုင်တံခွန်ရဲ့အကြောင်းကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source ; Htet Paing Ye Facebook acc

Leave a Reply

Your email address will not be published. Required fields are marked *