ဓါတ်ပုံတွေ ရဲ့ နောက်ကွယ်က ပေးဆပ်မှုတွေ ကို ရင် ဖွင့် လာ တဲ့ ရွှေစင်

Posted on

ပရိသတ်တွေအကြား ချစ်စရာကောင်းတဲ့ကောင်မလေးအဖြစ် ရေပန်းစား နေပြီး ဖက်ရှင်အလန်းတွေနဲ့ ဓါတ်ပုံတွေရိုက်ကူးလေ့ရှိပါတယ်။ သူမဟာ သီချင်းတွေ ဆိုဖြစ်နေသလို အလှမယ် ပွဲတွေမှာ ဒိုင်အဖြစ်လည်း ပါဝင်ဖြစ်ပြီး ဇာတ်ကားတွေ လည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ပရိသတ်တွေရင်ထဲမှာ နေရာတစ်နေရာ ရရှိထားတဲ့ သူမအနေနဲ့ ပရိသတ်တွေကို ပိုပြီးချစ်တတ် လာသလို အနုပညာကိုလည်း ပိုပြီး ချစ်တတ်လာပါတယ်တဲ့ ။ မကြာသေးမှီကမှလဲ နှလုံးရောဂါကြောင့် သုခကမ္ဘာဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့ရတယ်လို့ သိရပါတယ်။ သူမဟာ အားငယ်စိတ်အမြဲရှိပြီး ယခုအခါမှာလဲ ဓါတ်ပုံရှုတင်အတွက် ငိုပြီးရိုက်ခဲ့ရတဲ့ နေ့လေးအကြောင်းကို ပြောပြခဲ့ပါတယ်။

သူမပြောတာက ” အသည်းတစ်ခြမ်းတို့ အတွက် ကြိုးစားထားပါတယ် ရှင် ပုံလေးတွေကြည့်တော့သာ ဓာတ်ပုံလေးတွေပါ အဲ့နောက်ကွယ် မှာ ပေးဆပ်မှူတွေ အများကြီးရှိတယ် ငိုခဲ့ရတဲ့နေ့လေး က ပုံလေးတွေပါ။ ဒါပေမယ့်လဲ ထားပါတော့လေ ၊ ပုံတွေအတွက် ကြည့်မြင့်တိုင်ဘူတာ လို နေရာမျိုးမှာ ညကြီးမိုးချုပ်ထိ မြွေမကြောက် ကင်းမကြောက် လူမကြောက် ရိုက်ခဲ့ရတဲ့ ပုံလေးတွေ က အသည်းတစ်ခြမ်းတို့အတွက် ကြိုးစားထားတာမို့ အသည်းတစ်ခြမ်းတို့ ကြိုက်တယ်ဆို ကျေနပ်ပါပြီကွာ ” တဲ့လေ။

သူမဟာ နေကောင်းခါစမို့ စိတ်အားငယ်နေတာလဲ ဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် သူမ အလှဆုံးပြုံးထားပါသေးတယ်နော်။သူမရဲ့ ပုံလေးတွေကို အားပေးလိုက်ကြပါဦးနော်။

phtot- Shwe Sin
Dw.shweyoe

Leave a Reply

Your email address will not be published.