ဓမ္မဘက် က ရပ်တည် ဖို့ ဆုံးဖြတ်ချက်ချ တဲ့ အခါ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ တွေ ကို ရေးသား ပြောပြလာတဲ့ မေဦး

Posted on

Makeup Artist မေဦးကတော့ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ် နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ သူ့ရဲ့ သတ္တိရှိမှုတွေကိုလည်း ပရိသတ်တွေက အရမ်းကို လေးစား အားကျနေကြရတာပါ။ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင် နေရပေမယ့်လည်း လက်ရှိဖြစ်နေတဲ့ သတင်းအချက် အလက်တွေကိုတော့ မေဦးရဲ့ လူမှုကွန်ယက်များတွင် ဝေမျှပေး နေတာပါ။

သူ့ရဲ့ လုံခြုံမှုအတွက် စိတ်ပူနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်နော်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မေဦးရဲ့ Facebook အကောင့်တွင် ဓမ္မဘက်ကရပ်တည်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ တွေကို ရေးသားပြောပြလာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးတော် ပုံအောင်မြင်ဖို့ စိတ်ဝမ်းမကွဲဘဲ အားတင်းရှေ့ဆက်ဖို့ လိုကြောင်းကိုလည်း..

” အစကမပြောတော့ဘူးလို့နေပေမယ့် အခုချိန်မှာ လူစုခွဲရုံ မဟုတ်ဘူး စိတ် ဝမ်းကွဲစေမယ့် အကြောင်းအရာတွေကိုပါ ရည်ရွယ်ချက်ရှိရှိနဲ့ဖန်တီးလုပ်ဆောင်လာကြလို့ မေဦးတစ်ခုပြောပြပါရစေ

အခုချိန်မှာ အမှန်တရားဘက်ကရပ်တည်ရတာဟာ အမှန်တရားကို သိရုံ ၊ သတ္တိရှိရုံနဲ့ မရပါဘူး

မေဦး ဓမ္မဘက်ကရပ်တည်ဖို့ဆုံးဖြတ်တဲ့အခါ အိမ်အထိ ဝင်ရောက်ဖျက်ဆီးသွားခဲ့တာ၊ အထုပ်ကြီးငယ်နဲ့ မေဦးပိုင်ပစ္စည်းတွေကို သယ်ဆောင်သွားခဲ့တာ၊ TV မှာတော့မေဦးအိမ်မှာ ဖျက်စီးရေးပစ္စည်းတွေတွေ့ပါတယ် ဆိုပြီးလုပ်ကြံစွပ်စွဲ ကြေညာတဲ့အထိ သူတို့ဘက်ကလုပ်ဆောင်လာခဲ့ပါတယ်

ဒီလို လူတိုင်းမမြင်နိုင် မသိနိုင်တဲ့ ဖိအားအမျိုးမျိုးအပြင် နှောင်ကြိုးတွေနဲ့ ခြိမ်းခြောက် တစ်ဖက်သတ် ထွက်ဆိုခိုင်းတာတွေကိုလည်း အားလုံးသိရှိပြီးသားပါ

ဒါကြောင့် အခုချိန်မှာ ရွေးချယ်ခွင့်အရ မဟုတ်ဘဲ မလွှဲမရှောင်သာလို့ ရင်ဆိုင်လိုက်ရတဲ့ သူတွေကို မေဦးတို့ အပြစ်တင်ရှုံ့ချနေခြင်းထက် အားလုံးရဲ့ ဘုံရန်သူနဲ့ အဓိကအကြောင်းအရင်းကို မေ့မပစ်ဘဲ ရောက်ရှိနေတဲ့နေရာကနေ ရနိုင်သမျှ ဆက်လက်တိုက်ပွဲဝင်ကြဖို့ မေတ္တာရပ်ခံပါရစေ

မတူတာတွေဘေးဖယ်ပြီး တူညီတဲ့ရပ်တည်ချက်အတွက် စိတ်ဝမ်း မကွဲဘဲ အားတင်း ရှေ့ဆက်ကြမယ်နော်

အရေးတော်ပုံအောင်ရမည်💪🏻” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိ နိုင်စေရန် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-May Oo’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *