ဓမ္မကို လိုလားတယ်ပြောပြီး ရပ်တည်ဖို့ မဝံ့မရဲ ဖြစ်နေတာက အဓမ္မကို အားပေးတာပဲ ဆိုပြီး ပြတ်သားစွာ ပြော လာတဲ့ နွယ်ဒါလီထွန်း

Posted on

ပရိသတ်ကြီးရေ.. သရုပ်ဆောင်တစ်ယောက် အဖြစ် အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ နွယ်ဒါလီထွန်းကလည်း တစ်ယောက်အပါအဝင်ပါပဲ..။ နွယ်ဒါလီထွန်းကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း အားလုံးနဲ့အတူရပ်တည်နေပြီး တော်လှန်ရေး တိုက်ပွဲကြီးမှာလည်း လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာ ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

နွယ်ဒါလီထွန်းကတော့ လူထု လှုပ်ရှားမှုတွေကို အားကြိုးမာန်တက်လုပ်ဆောင်မှုတွေကြောင့် ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခံထားရတဲ့ အနုပညာရှင်တွေထဲမှာလည်း ပါဝင်လာပြီး လတ်တလောမှာတော့ ဂရုစိုက်နေထိုင်နေတာလည်း ဖြစ်ပါတယ်..။ ဓမ္မကိုသာလိုလားတယ်ပြောပြီး ဓမ္မဘက်မှာရပ်တည်ဖို့မဝံ့မရဲဖြစ်နေတာက အဓမ္မကိုအားပေးတာပဲဆိုပြီး သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြတ်သားစွာပြောလာတာ ဖြစ်ပါတယ်..။

“ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ဓမ္မကိုသာ လိုလားတယ်ပြောပြီး ဓမ္မဘက်ကရပ်တည်ဖို့ မဝံ့မရဲဖြစ်နေကြခြင်းဟာလည်း အဓမ္မကို အားပေးနေခြင်းတမျိုးပါပဲနော် 🙂 အရေးတော်ပုံအောင်ရမည်..” ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။ ပြည်သူတွေ နဲ့အတူ ရပ်တည်ပြီး အနာဂတ်တွေအတွက် ကြိုးစားနေကြတဲ့အချိန်မှာ တစ်တပ်တစ်အားအဖြစ် တတ်နိုင်သလောက် ပါဝင်နေတဲ့ နွယ်ဒါလီထွန်းကိုတော့ ပရိသတ်တွေကလည်း အားပေးစကားတွေနဲ့အတူ အစစအရာရာ ဂရုစိုက်ကြဖို့ကိုလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Nwe Darli Tun’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *