လူနာ တစ်ယောက် ရဲ့ အသက်ကို အချိန်မီ ကယ်တင် နိုင် ခဲ့လို့ ပီတိဖြစ်နေတဲ့ မေကဗျာ

Posted on

Covid တတိယလှိုင်းမှာ ပြည်သူတွေရဲ့အသက်တွေ တော်တော်များများ ဆုံးရှုံးခဲ့ ရပါတယ်။ ပြည်သူတွေဟာ ကိုယ်ထူ ကိုယ်ထနည်းနဲ့ မိမိရဲ့အသက် မိသားစုရဲ့အသက်အတွက် ကြိုးစားရုန်းကန်နေကြရတာပါ။ လက်ရှိရောဂါအခြေအနေဟာ အောက်စီဂျင်ကျပြီး အသက်ဆုံးရှုံး ရတာမျိုးဖြစ်တာကြောင့် အောက်စီဂျင်စက်တွေ လှူဒါန်းပေးကြသူတွေလည်း အများအပြား ရှိလာခဲ့ကြပါတယ်။ မေကဗျာ ဟာလည်း သူမကိုချစ်ခင်အားပေးခဲ့တဲ့ ပြည်သူလူထုအတွက် တတ်နိုင်တဲ့ဖက်က အကျိုးဖြစ်စေဖို့ရည်ရွယ်ပြီး Oxygen Concentrator 10 L တစ်လုံးကို ပဲခူးကလူမှုကူညီရေးအသင်းတစ်ခုကို လှူဒါန်းပေးခဲ့ပါတယ်။

လှူဒါန်းခဲ့တဲ့စက်ကလေးဟာ ဒီနေ့မှာတော့လူတစ်ယောက် ရဲ့ အသက်ကို အချိန်မီ ကယ်တင်နိုင်ခဲ့တဲ့ အကြောင်းကို ” နေ့လည် စက်ရောက်ပြီးထဲက အိမ်ထဲမှာ ထည့်ထားတာ လိပ်ပြာမလုံ ဖြစ်ပြီး ဘယ်သူငှားမလဲစောင့်နေတာ ဖုန်းဆက်လာတဲ့သူတွေက စက်မလိုဘူး အရည်ပဲ ထည့်ချင်တာဆိုတော့ ဆက်မပြောတော့ဘူး သူတို့မှာရှုစရာ အိုးရှိသေးတယ်ဆိုပြီး အရည်မရနိုင်ပါဘူး ဆိုပြီး ငြင်းထားတာ ၃ ယောက်မကဘူး ည (၁၀) နာရီ ကျော်မှာ ဖုန်းတစ်လုံးဝင်လာတယ် လူနာက Spo2 55 ပဲ ရှိတော့တယ် ။ အောက်စီဂျင်အိုးလေးကူညီပါတဲ့ ဟိုရောက် တော့ လူနာက ဟောဟဲစိုက် Spo2 တိုင်း ကားထဲရှိတဲ့ Facemask နဲ့ပိုက်ကိုယူ စက်မ ပြီး ဆင်းသွားတာ Facemask ပိုက်ဆိုပြီး ဖွင့်လိုက်တဲ့ အိတ်က RB ဖြစ်တော့ ပိုပြီး ဝမ်းသာသွားတယ် မမေကဗျာ လှူထားတဲ့ စက်က 10 L အပြည့်ပေးပြီး ခဏစောင့် ကြည့်တာ ချက်ချင်း ၈၅ ထိ တက်လာတယ်။ အားပေးစကားပြောပြီး မနက်ဆေးရုံသွားဖို့ သေချာမှာ အိမ်ပြန် အိပ်ယာထဲဝင် ဒီည လိပ်ပြာလုံစွာနဲ့ အိပ်လို့ရပြီပေါ့လေ စက်ကြီး အိမ်ထဲထားပြီး အပြင်မှာ လေ လိုနေသူအများကြီး ရှိနေတာ သိရတော့ လဲ လိပ်ပြာမလုံဘူးလေ။ အခုတော့ အားနာစွာနဲ့ ငြင်းလို့ရသွားပြီ။ ” ဆိုပြီး ပရဟိတအဖွဲ့က အကျိုးဆောင် တစ်ယောက်က ပြောပြလာခဲ့ပါတယ်။

ဒီအကြောင်းလေးကို မေကဗျာက ” ကူညီခွင့်ရလို့အတိုင်းမသိ ကျေးဇူးတင်ပါတယ် သကျနွယ်ပရဟိတပဲခူးမှ တာဝန်ရှိသူများအားလုံး မောင်လေးထွန်းကိုကို ပဲခူးသားလေးကိုလည်း ကျေးဇူးပါ လှူမဲ့ကိစ္စတိုင်အမြဲကူညီပေးလို့ ကဗျာတို့ကစက်ပဲလှူနိုင်တာပါ ခုလိုထိန်းသိမ်းပြီး အိမ်တိုင်ရာရောက် မသွားနိုင်လို့ သကျနွယ်ပရဟိတမှတာဝန်ရှိသူများလည်းအထူးကျေးဇူးပါ အန္တရာယ်ကင်းစွာဖြင့် အသက်တွေအများကြီးကယ်နိုင်ပါစေ🙏🙏🙏 ” ဟုဆိုကာ သူမရဲ့လူမှုကွန်ယက်မှာ ပြန်လည်ဝေမျှခဲ့ပါတယ်။ သာဓုပါကဗျာရေ ဒီထက်မကတဲ့လှူဒါန်းမှုတွေ ဆက်လုပ်နိုင်ပါစေ။

Photo Credit – May Kabyar’s FB Acc

zawgyi

Covid တတိယလႈိင္းမွာ ျပည္သူေတြရဲ႕အသက္ေတြ ေတာ္ေတာ္မ်ားမ်ား ဆုံးရႈံးခဲ့ ရပါတယ္။ ျပည္သူေတြဟာ ကိုယ္ထူ ကိုယ္ထနည္းနဲ႔ မိမိရဲ႕အသက္ မိသားစုရဲ႕အသက္အတြက္ ႀကိဳးစား႐ုန္းကန္ေနၾကရတာပါ။ လက္ရွိေရာဂါအေျခအေနဟာ ေအာက္စီဂ်င္က်ၿပီး အသက္ဆုံးရႈံး ရတာမ်ိဳးျဖစ္တာေၾကာင့္ ေအာက္စီဂ်င္စက္ေတြ လႉဒါန္းေပးၾကသူေတြလည္း အမ်ားအျပား ရွိလာခဲ့ၾကပါတယ္။ ေမကဗ်ာ ဟာလည္း သူမကိုခ်စ္ခင္အားေပးခဲ့တဲ့ ျပည္သူလူထုအတြက္ တတ္ႏိုင္တဲ့ဖက္က အက်ိဳးျဖစ္ေစဖို႔ရည္႐ြယ္ၿပီး Oxygen Concentrator 10 L တစ္လုံးကို ပဲခူးကလူမႈကူညီေရးအသင္းတစ္ခုကို လႉဒါန္းေပးခဲ့ပါတယ္။

လႉဒါန္းခဲ့တဲ့စက္ကေလးဟာ ဒီေန႔မွာေတာ့လူတစ္ေယာက္ ရဲ႕ အသက္ကို အခ်ိန္မီ ကယ္တင္ႏိုင္ခဲ့တဲ့ အေၾကာင္းကို ” ေန႔လည္ စက္ေရာက္ၿပီးထဲက အိမ္ထဲမွာ ထည့္ထားတာ လိပ္ျပာမလုံ ျဖစ္ၿပီး ဘယ္သူငွားမလဲေစာင့္ေနတာ ဖုန္းဆက္လာတဲ့သူေတြက စက္မလိုဘူး အရည္ပဲ ထည့္ခ်င္တာဆိုေတာ့ ဆက္မေျပာေတာ့ဘူး သူတို႔မွာရႈစရာ အိုးရွိေသးတယ္ဆိုၿပီး အရည္မရႏိုင္ပါဘူး ဆိုၿပီး ျငင္းထားတာ ၃ ေယာက္မကဘူး ည (၁၀) နာရီ ေက်ာ္မွာ ဖုန္းတစ္လုံးဝင္လာတယ္ လူနာက Spo2 55 ပဲ ရွိေတာ့တယ္ ။ ေအာက္စီဂ်င္အိုးေလးကူညီပါတဲ့ ဟိုေရာက္ ေတာ့ လူနာက ေဟာဟဲစိုက္ Spo2 တိုင္း ကားထဲရွိတဲ့ Facemask နဲ႔ပိုက္ကိုယူ စက္မ ၿပီး ဆင္းသြားတာ Facemask ပိုက္ဆိုၿပီး ဖြင့္လိုက္တဲ့ အိတ္က RB ျဖစ္ေတာ့ ပိုၿပီး ဝမ္းသာသြားတယ္ မေမကဗ်ာ လႉထားတဲ့ စက္က 10 L အျပည့္ေပးၿပီး ခဏေစာင့္ ၾကည့္တာ ခ်က္ခ်င္း ၈၅ ထိ တက္လာတယ္။ အားေပးစကားေျပာၿပီး မနက္ေဆး႐ုံသြားဖို႔ ေသခ်ာမွာ အိမ္ျပန္ အိပ္ယာထဲဝင္ ဒီည လိပ္ျပာလုံစြာနဲ႔ အိပ္လို႔ရၿပီေပါ့ေလ စက္ႀကီး အိမ္ထဲထားၿပီး အျပင္မွာ ေလ လိုေနသူအမ်ားႀကီး ရွိေနတာ သိရေတာ့ လဲ လိပ္ျပာမလုံဘူးေလ။ အခုေတာ့ အားနာစြာနဲ႔ ျငင္းလို႔ရသြားၿပီ။ ” ဆိုၿပီး ပရဟိတအဖြဲ႕က အက်ိဳးေဆာင္ တစ္ေယာက္က ေျပာျပလာခဲ့ပါတယ္။

ဒီအေၾကာင္းေလးကို ေမကဗ်ာက ” ကူညီခြင့္ရလို႔အတိုင္းမသိ ေက်းဇူးတင္ပါတယ္ သက်ႏြယ္ပရဟိတပဲခူးမွ တာဝန္ရွိသူမ်ားအားလုံး ေမာင္ေလးထြန္းကိုကို ပဲခူးသားေလးကိုလည္း ေက်းဇူးပါ လႉမဲ့ကိစၥတိုင္အၿမဲကူညီေပးလို႔ ကဗ်ာတို႔ကစက္ပဲလႉႏိုင္တာပါ ခုလိုထိန္းသိမ္းၿပီး အိမ္တိုင္ရာေရာက္ မသြားႏိုင္လို႔ သက်ႏြယ္ပရဟိတမွတာဝန္ရွိသူမ်ားလည္းအထူးေက်းဇူးပါ အႏၲရာယ္ကင္းစြာျဖင့္ အသက္ေတြအမ်ားႀကီးကယ္ႏိုင္ပါေစ🙏🙏🙏 ” ဟုဆိုကာ သူမရဲ႕လူမႈကြန္ယက္မွာ ျပန္လည္ေဝမွ်ခဲ့ပါတယ္။ သာဓုပါကဗ်ာေရ ဒီထက္မကတဲ့လႉဒါန္းမႈေတြ ဆက္လုပ္ႏိုင္ပါေစ။

Photo Credit – May Kabyar’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *