ဒေါက်တာ ဆာဆာ မှ ယ နေ့ UN ကို တရား ဝင် တောင်း ဆို လိုက် တဲ့ အချက် (၄) ချက်

Posted on

“သို့

အထွေထွေအတွင်း ရေးမှူးချုပ်,

မြန်မာနိုင်ငံရှိ အခြေအနေ နှင့် စက်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူရန် ဗြိတိန်၏ တောင်းဆိုမှုအရ အရေးတကြီး စာရေးလိုက်ခြင်း ဖြစ်ပါသည်။

စစ်တပ်သည် စစ်အာဏာ တည်မြဲစေရန် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အား သတ်ဖြတ်ခြင်း အပါအဝင် အကြမ်းဖက်မှုတွေကို ဆက်လက်ပြီး ကျူးလွန်နေပါသည်။

စစ်တပ်သည် အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာ စုရုံး ပိုင်ခွင့်၊ မတရား ဖမ်းဆီးခြင်း သို့မဟုတ် ချုပ်နှောင်ခြင်းကို ခုခံပိုင်ခွင့် နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် အပါအဝင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်နေပါသည်။

ဤကဲ့သို့ ရက်စက် ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မြန်မာ လူမျိုးများသည် ကြီးမားသော ရဲစွမ်းသတ္တိကို ပြသခဲ့ပါသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနှင့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ မတရား ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် ရွေးကောက်တင်မြှောက်ထားသော အစိုးရအား ပြန်လည်ထူထောင်ရန် အတတ်နိုင်ဆုံး ဖိအားကို တိုးမြှင့်လုပ်ဆောင်ပေးဖို့ ကျွန်ုပ်တို့ အတူတကွ တောင်းဆို လိုက်ပါသည်။

UNSC ကို ကျွန်ုပ်တို့ တိုက်တွန်းလိုသည်မှာ –

– မြန်မာပြည်သူလူထုအား နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှုများမှ ကာကွယ်ရန် ကုလသမဂ္ဂ ပဠိညာဉ်စာတမ်းနှင့် အညီ ဒေသန္တရအဖွဲ့အစည်းနှင့် ပူးပေါင်း၍ Responsibility to Protect (R2P) ကို ကျင့်သုံးပေးရန်

– စစ်တပ်ခေါင်းဆောင်များသာမက စစ်တပ်စီးပွားရေး လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကိုပါ ပစ်မှတ်ထားပြီ ပိတ်ဆို့မှု ကို အခိုင်အမာ ချမှတ်ရန်

– စစ်တပ်၏ ထိုးစစ်များ ခံစားနေရသော ဒေသများသို့ စစ်လက်နက်များ ပိုမိုရောက်ရှိမလာစေရေးအတွက် စစ်တပ်ထံ လက်နက်ရောင်းချမှုအား ပိတ်ပင်မှုကို ချမှတ်ရန်

– စစ်အစိုးရမှ အင်အားအသုံးပြုမှုကို စွန့်လွှတ်စေပြီး ရက်စက်စွာ ကျူးလွန် သူများကို တရားစီရင်ရေးသို့ ရောက်စေရန် တို့ဖြစ်သည်။ အပြင်းထန်ဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူခြင်းကို မျက်နှာလွဲလို့မရပါ။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တရား မျှတမှုနှင့် တရားဥပဒေ စိုးမိုးမှုအား လေးစားလိုက်နာခြင်းအားဖြင့် မြှင့်တင်ရမည်မှာ ကျွန်ုပ်တို့အားလုံး၏ အကျိုးစီးပွားဖြစ်သည်။” –

Dr. SaSa

crd

WE Media

Leave a Reply

Your email address will not be published. Required fields are marked *