ဒုတိယမြောက် ရင်သွေးလေး ကို နိုင်ငံရပ်ခြား မှာ သွားရောက် မွေးဖွားမယ့်အကြောင်း ပြောပြလာတဲ့ ချမ်းချမ်း

Posted on

အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် ချမ်းချမ်း ကတော့ တစ်ကိုယ်တော်အခွေ အယ်လ်ဘမ်များထွက်ရှိထားပြီး ပရိသတ်ရဲ့ အားပေးမှုကိုရရှိနေတာပါယခုရက်ပိုင်းမှာတော့ ချမ်းချမ်းက သူမရဲ့ အတူနေနိုင်ငံခြားသားချစ်သူနဲ့ သူမအတွက် ဒုတိယမြောက် ရင်သွေးလေးကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးထားခဲ့တာဖြစ်ပါတယ် မီဒီယာ တွေ့ဆုံမှုတစ်ခုမှာတော့ ချမ်းချမ်းက သူမရဲ့ ဒုတိယမြောက်ရင်သွေးလေးကို နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုမှာ မွေးဖွားသွားမယ့်အကြောင်း အသိပေးလာခဲ့တာပါ

“အစ်မကတော့ ကလေးကို ကိုယ့်မြန်မာနိုင်ငံမှာပဲ ကိုယ်မွေးချင်တာပါ။ ဒါပေမယ့် ဘာအခက်အခဲရှိသလဲ ဆိုတော့ ပထမကလေးတုန်းက အစ်မက ခွဲမွေးထားတာ ဒီ့အတွက် ဒုတိယအကြိမ်လည်း ခွဲမွေးရမှာပဲ။ ဒါပေမယ့် အစ်မ ခင်ပွန်းက ကျန်းမာရေးအရကြည့်ရင် ခွဲစိတ်တာတွေ မဖြစ်စေ ချင်တော့ဘူး။ ရိုးရိုး မွေးမယ်ဆိုရင် တစ်ပတ်၊ ၁၀ ရက်လောက်ဆို အနာကျက်ပြီ၊ တစ်လလောက်ဆို လမ်းလျှောက်နိုင်ပြီ။ ဒါကို သူ ကြိုးစားကြည့်မယ် အီတလီနိုင်ငံကလည်း ကမ္ဘာမှာ ကျန်းမာရေးနဲ့ ပတ်သက် လာရင် နံပတ်(၁)၊ System တွေ အရမ်းကောင်းတယ်၊ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ကုသပေးတယ်၊ လူတွေ လက်လျှော့လိုက်တဲ့ အရာတွေ ကို သူတို့က တာဝန်ယူပြီး ဖြေရှင်းပေးနိုင်တဲ့အတွက် စိတ်ချရတယ်။ ဒါကြောင့် ရိုးရိုး မွေးဖို့ ဆုံးဖြတ်လိုက်တယ်” လို့ သူက ဆိုပါတယ်။

“အစ်မရဲ့ ယောက္ခမတွေက အသက်လည်း ကြီးပြီ၊ မြန်မာနိုင်ငံကို မလာနိုင်တဲ့ အတွက်ကြောင့် သူတို့ရဲ့ မြေးကို မြင်ချင်ကြတယ်၊ ဒီ့အတွက် အစ်မ ဟိုနိုင်ငံကို သွားပြီး မွေးတော့မှ သူတို့က အစ်မကို စောင့်ရှောက်ပေးလို့ရမယ်၊ သူတို့လည်း ကလေးကို မြင်ရမယ်။ အစ်မက ကလေး မွေးပြီးရင် ပြန်လာလို့ရတာပဲလေ ဆိုပြီးတော့ အမျိုးသားနဲ့ တိုင်ပင်ပြီးတော့ အီတလီနိုင်ငံမှာ မွေးဖို့ ဆုံးဖြတ်လိုက်တာပါ။ အစ်မ အမျိုးသားက ပါတိုဘာပနူးမီးယားက ဆိုတော့ အဲဒီမြို့မှာရှိတဲ့ ဆေးရုံမှာပဲ မွေးမှာပါ။ ကိုယ်ဝန်က (၅) လရှိပြီ။ ဧပြီလ(၁၅) ရက်နေ့မှာ မွေးမှာပါ။ ပထမပတ်နဲ့ ဒုတိယပတ်လောက်တော့ ဖြစ်နိုင်တယ်။ ရက်ကတော့ အန်ထရာ ဆောင်း ရိုက်ပြီးမှ ပြန်ကြည့်ရမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်ချမ်းချမ်းကတော့ သူ့ရဲ့ ဒုတိယမြောက်ရင်သွေးလေးကို အီတလီမှာမွေးဖွားမယ့်အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

crd

zawgyi

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို ရရွိပိုင္ဆိုင္ထားတဲ့ အဆိုေတာ္ ခ်မ္းခ်မ္း ကေတာ့ တစ္ကိုယ္ေတာ္အေခြ အယ္လ္ဘမ္မ်ားထြက္ရွိထားၿပီး ပရိသတ္ရဲ႕ အားေပးမႈကိုရရွိေနတာပါယခုရက္ပိုင္းမွာေတာ့ ခ်မ္းခ်မ္းက သူမရဲ႕ အတူေနႏိုင္ငံျခားသားခ်စ္သူနဲ႔ သူမအတြက္ ဒုတိယေျမာက္ ရင္ေသြးေလးကို ပိုင္ဆိုင္ထားၿပီျဖစ္ေၾကာင္း ပရိသတ္ကို အသိေပးထားခဲ့တာျဖစ္ပါတယ္ မီဒီယာ ေတြ႕ဆုံမႈတစ္ခုမွာေတာ့ ခ်မ္းခ်မ္းက သူမရဲ႕ ဒုတိယေျမာက္ရင္ေသြးေလးကို ႏိုင္ငံရပ္ျခားတိုင္းျပည္တစ္ခုမွာ ေမြးဖြားသြားမယ့္အေၾကာင္း အသိေပးလာခဲ့တာပါ

“အစ္မကေတာ့ ကေလးကို ကိုယ့္ျမန္မာႏိုင္ငံမွာပဲ ကိုယ္ေမြးခ်င္တာပါ။ ဒါေပမယ့္ ဘာအခက္အခဲရွိသလဲ ဆိုေတာ့ ပထမကေလးတုန္းက အစ္မက ခြဲေမြးထားတာ ဒီ့အတြက္ ဒုတိယအႀကိမ္လည္း ခြဲေမြးရမွာပဲ။ ဒါေပမယ့္ အစ္မ ခင္ပြန္းက က်န္းမာေရးအရၾကည့္ရင္ ခြဲစိတ္တာေတြ မျဖစ္ေစ ခ်င္ေတာ့ဘူး။ ႐ိုး႐ိုး ေမြးမယ္ဆိုရင္ တစ္ပတ္၊ ၁၀ ရက္ေလာက္ဆို အနာက်က္ၿပီ၊ တစ္လေလာက္ဆို လမ္းေလွ်ာက္ႏိုင္ၿပီ။ ဒါကို သူ ႀကိဳးစားၾကည့္မယ္ အီတလီႏိုင္ငံကလည္း ကမာၻမွာ က်န္းမာေရးနဲ႔ ပတ္သက္ လာရင္ နံပတ္(၁)၊ System ေတြ အရမ္းေကာင္းတယ္၊ ေနာက္ဆုံးေပၚ နည္းပညာေတြနဲ႔ ကုသေပးတယ္၊ လူေတြ လက္ေလွ်ာ့လိုက္တဲ့ အရာေတြ ကို သူတို႔က တာဝန္ယူၿပီး ေျဖရွင္းေပးႏိုင္တဲ့အတြက္ စိတ္ခ်ရတယ္။ ဒါေၾကာင့္ ႐ိုး႐ိုး ေမြးဖို႔ ဆုံးျဖတ္လိုက္တယ္” လို႔ သူက ဆိုပါတယ္။

“အစ္မရဲ႕ ေယာကၡမေတြက အသက္လည္း ႀကီးၿပီ၊ ျမန္မာႏိုင္ငံကို မလာႏိုင္တဲ့ အတြက္ေၾကာင့္ သူတို႔ရဲ႕ ေျမးကို ျမင္ခ်င္ၾကတယ္၊ ဒီ့အတြက္ အစ္မ ဟိုႏိုင္ငံကို သြားၿပီး ေမြးေတာ့မွ သူတို႔က အစ္မကို ေစာင့္ေရွာက္ေပးလို႔ရမယ္၊ သူတို႔လည္း ကေလးကို ျမင္ရမယ္။ အစ္မက ကေလး ေမြးၿပီးရင္ ျပန္လာလို႔ရတာပဲေလ ဆိုၿပီးေတာ့ အမ်ိဳးသားနဲ႔ တိုင္ပင္ၿပီးေတာ့ အီတလီႏိုင္ငံမွာ ေမြးဖို႔ ဆုံးျဖတ္လိုက္တာပါ။ အစ္မ အမ်ိဳးသားက ပါတိုဘာပႏူးမီးယားက ဆိုေတာ့ အဲဒီၿမိဳ႕မွာရွိတဲ့ ေဆး႐ုံမွာပဲ ေမြးမွာပါ။ ကိုယ္ဝန္က (၅) လရွိၿပီ။ ဧၿပီလ(၁၅) ရက္ေန႔မွာ ေမြးမွာပါ။ ပထမပတ္နဲ႔ ဒုတိယပတ္ေလာက္ေတာ့ ျဖစ္ႏိုင္တယ္။ ရက္ကေတာ့ အန္ထရာ ေဆာင္း ႐ိုက္ၿပီးမွ ျပန္ၾကည့္ရမွာပါ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္ခ်မ္းခ်မ္းကေတာ့ သူ႔ရဲ႕ ဒုတိယေျမာက္ရင္ေသြးေလးကို အီတလီမွာေမြးဖြားမယ့္အေၾကာင္း ေျပာျပလာခဲ့တာပဲျဖစ္ပါတယ္ေနာ္ အဆုံးထိဖတ္ရႈေပးၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္ေနာ္

crd

Leave a Reply

Your email address will not be published. Required fields are marked *