ဒုက္ခအခက်အခဲတွေ နဲ့ ရင်ဆိုင် နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေ အတွက် အဝတ်အစား နဲ့ အရုပ်တွေ ကို လှူဒါန်းပေးခဲ့ ကြတဲ့ ပြည်သူတချို့

Posted on

မြန်မာတစ်ပြည်လုံး ကပ်ဘေးတွေစိုက်နေချိန်မှာ ကရင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတချို့လည်း တောထဲပြေးပုန်းပြီး စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။မိမိတို့ရွာကို ဗုံးကြဲခံရလို့ နေအိမ်တွေမီးလောင် ပျက်စီးပြီး တောထဲမှာသာ အဆင်ပြေသလိုနေထိုင် စားသောက်နေရတာ ဖြစ်ပါတယ်။ ပြည်သူလူထူကလည်းဒုက္ခရောက်နေတဲ့သူကိုမြင်ရင် မကြည့်ရက်ဘဲ ကိုယ်ချင်းစာနာစိတ်အပြည့်နဲ့ တစ်တပ်တစ်အား ကူညီဖေးမပေးကြတာ ဖြစ်ပါတယ်။

တချို့ပြည်သူတွေကလည်း စစ်ဘေးရှောင် ပြည်သူတွေအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကူညီပြီး အလှူခံပေးနေကြတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတွေကတော့ အဝတ်အထည်၊အစားအသောက်၊ငွေကြေး စတဲ့တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းနေကြတာ ဖြစ်ပါတယ်။မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ စိတ်ရင်းက ဒုက္ခရောက်နေသူကို ဖေးမကူညီပြီး ကြင်နာမှုအပြည့်နဲ့ စောင့်ရှောက်ပေးတတ်ကြတာ ဖြစ်ပါတယ်။အခုဆိုရင်တော့ စေတနာရှင် ပြည်သူတစ်စုက စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အစားတွေ အလျှံအပယ် လှူဒါန်းပေးတာဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ ကလည်း လှူဒါန်းလာတဲ့ အဝတ်အထည် တွေကို မျှဝေခွဲ ယူနေကြပြီး ကလေးငယ်တွေကတော့ အရုပ်လှလှလေးတွေ ရလို့ ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။လမ်းခရီးအခက်အခဲရှိနေပေမယ့်လည်း တဆင့်တဆင့်နဲ့ ရွာတွေအစေ့ ရောက်အောင်ပို့ပေးခဲ့ ကြတဲ့ Volunteer တွေကိုလည်း အလှူရှင်တွေက ကျေးဇူး တင်နေကြတာ ဖြစ်ပါတယ်။အခုလိုမျိုး လိုအပ်တဲ့ နေရာတွေကို တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးကြတဲ့ စေတနာရှင်တွေ ရဲ့အလှူကို ပီတိဖြစ်စွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *