သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ နှစ်ပေါင်းများစွာ တိုင်အောင် အနုပညာ လောကမှာ ပရိသတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေသာမကဘဲ ပြည်သူတွေအတွက် လိုအပ်တဲ့အရာများ ဖြည့်ဆည်း ပေးရန် ပရဟိတအသင်းကို တည် ထောင် ထားတာပဲ ဖြစ်ပါတယ်။ ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်သူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ လေးစားအားကျနေကြတာပါ။
ခိုင်နှင်းဝေကတော့ နေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင် အောင်ပင် လိုအပ်တဲ့ နေရာတွေကို လိုက်လံလှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။ ပြည်သူတွေ အဆင်ပြေစေရန်အတွက် စားသောက်ကုန်ပစ္စည်းများကို လုံလောက်စွာလှူဒါန်းနိုင်အောင် အလှူရှင်တွေများ ပိုမိုရရှိအောင် ကြိုးစားနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဒီလိုအခြေအနေမှာ ဆွမ်းအခက်အခဲဖြစ်နေကြတဲ့ သီလရှင်အပါး(၂၀၀)အတွက် ဆန်နဲ့အလှူငွေများအား တတ်အားသရွေ့ လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည် ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။
သူမကလည်း ” ဆွမ်းအခက်အခဲဖြစ်နေတဲ့ သီလရှင် ကျောင်းများမှ သီလရှင် အပါး (၂၀၀) အတွက် (၂)ပြည်ဆန်အိတ် (၁၀၀၀) အလှူထဲမှ ဆန်အိတ် (၂၀၀) နှင့် ဝတ္တုငွေ (၅၀၀၀) ကျပ်ဆီ ကို လှူဒါန်းခဲ့ပါတယ်ရှင်…တတ်နိုင်သလောက် ဝေမျှ လှူရတာရယ် အခက်အခဲ တွေကြားက လှူရတာရယ်မို့ နေရာ မစုံဖြစ်တာ ကို နားလည်ပေးကြပါ…ကျမ လှူပေးလို့ ရသလောက် ဆက်လက် လှူဒါန်းသွားပါမယ်ရှင်..🙏🙏🙏….” ဆိုပြီး ရေးသားထားတာဖြစ်တာကြောင့် ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်စေရန် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Khine Hnin Wai’s Facebook Page
zawgyi
သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ ကေတာ့ ႏွစ္ေပါင္းမ်ားစြာ တိုင္ေအာင္ အႏုပညာ ေလာကမွာ ပရိသတ္ေတြရဲ႕ အထူးအားေပးမႈကို ရရွိခဲ့သူလည္း ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြသာမကဘဲ ျပည္သူေတြအတြက္ လိုအပ္တဲ့အရာမ်ား ျဖည့္ဆည္း ေပးရန္ ပရဟိတအသင္းကို တည္ ေထာင္ ထားတာပဲ ျဖစ္ပါတယ္။ ကိုယ္က်ိဳးမၾကည့္ဘဲ လုပ္ေဆာင္သူ တစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ ေလးစားအားက်ေနၾကတာပါ။
ခိုင္ႏွင္းေဝကေတာ့ ေန႔စဥ္ရက္ဆက္ မေမာႏိုင္ မပန္းႏိုင္ ေအာင္ပင္ လိုအပ္တဲ့ ေနရာေတြကို လိုက္လံလႉဒါန္းေပးေနတာလည္း ျဖစ္ပါတယ္။ ျပည္သူေတြ အဆင္ေျပေစရန္အတြက္ စားေသာက္ကုန္ပစၥည္းမ်ားကို လုံေလာက္စြာလႉဒါန္းႏိုင္ေအာင္ အလႉရွင္ေတြမ်ား ပိုမိုရရွိေအာင္ ႀကိဳးစားေနတာကိုလည္း ၾကည္ႏူးဖြယ္ ျမင္ေတြ႕ၾကရမွာပါ။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ဒီလိုအေျခအေနမွာ ဆြမ္းအခက္အခဲျဖစ္ေနၾကတဲ့ သီလရွင္အပါး(၂၀၀)အတြက္ ဆန္နဲ႔အလႉေငြမ်ားအား တတ္အားသေ႐ြ႕ လႉဒါန္းခဲ့တဲ့ ပုံရိပ္ေတြကို ျပန္လည္ ေဝမွ်ေပးထားတာပဲ ျဖစ္ပါတယ္။
သူမကလည္း ” ဆြမ္းအခက္အခဲျဖစ္ေနတဲ့ သီလရွင္ ေက်ာင္းမ်ားမွ သီလရွင္ အပါး (၂၀၀) အတြက္ (၂)ျပည္ဆန္အိတ္ (၁၀၀၀) အလႉထဲမွ ဆန္အိတ္ (၂၀၀) ႏွင့္ ဝတၱဳေငြ (၅၀၀၀) က်ပ္ဆီ ကို လႉဒါန္းခဲ့ပါတယ္ရွင္…တတ္ႏိုင္သေလာက္ ေဝမွ် လႉရတာရယ္ အခက္အခဲ ေတြၾကားက လႉရတာရယ္မို႔ ေနရာ မစုံျဖစ္တာ ကို နားလည္ေပးၾကပါ…က်မ လႉေပးလို႔ ရသေလာက္ ဆက္လက္ လႉဒါန္းသြားပါမယ္ရွင္..🙏🙏🙏….” ဆိုၿပီး ေရးသားထားတာျဖစ္တာေၾကာင့္ ပရိသတ္ေတြလည္း သာဓုေခၚဆိုႏိုင္ေစရန္ ဒီသတင္းေလးကို တစ္ဆင့္ျပန္လည္ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။
Source and Photo Crd-Khine Hnin Wai’s Facebook Page