ဒီရက်ပိုင်း ခြွေခြံ ချွေတာ စားဖို့ CRPH ခေါင်းဆောင်ပိုင်း တွေ က သတိပေးပြီ

Posted on

ကျွန်တော်တို့ အခုရက်ပိုင်း က ခြိုးခြံ ချွေတာ စားရမယ့် ကာလ ဖြစ်တဲ့ အ တွက် တန်ဖိုး နည်းနည်းနဲ့

အာဟာရပြည့် ဘယ်လို စားရမလဲ အကြံပေး ချင်ပါတယ်

1. ဆန် – အခုချိန် ပေါ် ဆန်းမွှေး ထက်၊ ဧမထ လို နည်းနည်း မာပြီး အဆာခံမယ့် ဆန် ကို ရွေးစေချင်ပါတယ်။

ရေငှဲ့ ချက်တာထက် ရေခမ်းချက်တာ က ထမင်း ကုန် သက်သာစေပါတယ်။

2. ရေငှဲ့ချက်ခဲ့ရင် လဲ ထမင်းရည် ကို မသွန်ပစ်ပါနဲ့၊ ထမင်းရည် ဟာ ကာဗိုဟိုဒရိတ် များတဲ့ အပြင် ဗီတာမင် သတ္တု တချို့လဲပါဝင်ပါတယ်။

ခြုံပြောရရင် အာဟာရ တန်ဖိုး များပါတယ်။ အကျိုး ရှိပါတယ်။

3. ပဲ – အသားဓါတ်အတွက် တန်ဖိုးအသင့်ဆုံး ကတော့ ပဲပါပဲ။

ဗီတာမင်၊ သတ္တု ဓါတ် များစွာပါဝင်ပါတယ်။ အထားခံ တဲ့ အတွက် အခု ချိန်မှာ အသင့်တော်ဆုံးပါ။

4. ကြက်ဥ – ဈေးအတော်အတန် သက်သာ ပါတယ်။ ပဲ လောက်တော့ မသက်ပါ။

ဒါပေမယ့် အသားဓါတ် ကြွယ်ဝပြီး အာဟာရဓါတ်စုံလင်ပါတယ်။ ကြာကြာတော့ အထားမခံပါ။

5. ကန်စွန်းဥ၊ အာလူး – အတော်အတန်တော့ဘအထားခံပါတယ်။

အာလူး က ပို အထားခံပါတယ်။ 6. မြေပဲ – အာဟာရစုံလင်ပြီး၊ ဈေးလဲ အတော်အတန် သင့်ပါတယ်။

7. ဆီ – စားအုံးဆီ က လွဲရင် ကျန် သင့်တဲ့ ဆီ သုံးပါ၊

၅၀ သား တစ်ဘူး ကို ၁၈၀၀-၂၀၀၀ တန်ဆို မဆိုး လောက် ပါဘူး။

8. ငါးခြောက် – စားချင်လို့ ဝယ်ခဲ့ သည် ရှိသော်၊ ဆားပေါ့ တဲ့ ငါးနီတူခြောက် လိုမျိုးသာ ဝယ်ပါ။

အာဟာရမဖြစ်ပေမယ့်၊ ထမင်း နဲ့ စားလို့အဆင်ပြေပြီး၊ အထားလဲ ခံလို့ ပါ။

9. အရွက် ကတော့အခု အခြေအနေ မှာ စားဖြစ်ရင်တော့ အကောင်းဆုံးပေါ့၊

ဒါပေမယ့် ဝယ်ရက်နေတဲ့ အခု လို အခြေ အနေမှာ နေ့တိုင်းစား ဖြစ်ဖို့က ကျွန်တော်ကိုယ်တိုင်လဲ ခက်ခဲနေလို့ပါ

10. ဆီသွပ်ဗူး၊ ခေါက်ဆွဲခြောက် ကတော့ မရှိသုံးစားဖို့အတွက် ဆောင်ချင် ဆောင်ထားပါ။

11. ရေ များများ သောက်ပါ၊ ရာသီဥတု အရမ်းပူလို့ပါအားလုံးပဲ ကျန်းကျန်း မာမာ နဲ့ အရာရာ ကို ကျော်လွှားနိုင်ကြပါစေ

အခုလိုအချိန်ပေးပြီး ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး ဘေးအန္တရာယ် များ ကင်းဝေးကြပြီး မြန်မာပြည်ကြီးလဲ အမြန်ဆုံး ငြိမ်းချမ်းပါစေ လို့ ဆုမွန်ကောင်း တောင်း ပေး လိုက် ရပါတယ်။

Dr Nutrition

Leave a Reply

Your email address will not be published. Required fields are marked *