ဒီမိုကရေစီ သူရဲကောင်း တစ်ဦးချင်း စီ အတွက် အမေ့ ရဲ့ အားပေးစကား သံတွေ ရှိစေချင်ပြီ ဆိုတဲ့ ခံစားချက်တွေ ရေးဖွဲ့ထားတဲ့ ဒေါင်း ရဲ့ ရင်တွင်း စကားသံ

Posted on

တရားမျှတတဲ့ ဒီမီုကရေစီကိုပြန်လည်ရရှိအောင် နည်းလမ်းအမျိုးမျိုး နဲ့ ပါဝင် ဆောင်ရွက်နေကြတဲ့ ပြည်သူတွေထဲမှာ သရုပ်ဆောင်ဒေါင်းတစ်ယောက်လည်း အပါအဝင်ပဲဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်အိမ်မက်တွေ မပျောက်အောင် တစ်ထောင့်တစ်နေရာကနေ တာဝန်သိပြည်သူ တစ်ယောက်အနေနဲ့ ပူပေါင်းပါဝင်ပေးတဲ့ ဒေါင်းကိုတော့ ပြည်သူ့ ပရိသတ်တွေက လေးစားဂုဏ်ပြုပေးခဲ့ကြပါတယ်။ အနုပညာရှင်ဆိုပေမဲ့ လတ်တလော လူထုလှုပ်ရှားမှုတွေမှာ နေ့စဥ်ဆိုသလို အားကြိုးမာန်တက်ဖြင့် ပါဝင်ခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်များနဲ့ တရားမျှတတဲ့ဒီမီုကရေစီကို အမြန်ဆုံး ပြန်လည်ရရှိအောင် ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများကို လူထုလှုပ်ရှားမှုတွေမှာ ပိုမိုပါဝင်ပေးကြဖို့ တောင်းဆိုထားခဲ့ပါတယ်။ ယခုမှာလည်း ဒေါင်းက ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို လူမှုကွန်ယက် မှာ ဖော်ပြလာခဲ့ပါတယ်။ ” အာဏာရူးများရဲ့မတရားဖမ်းဆီးခြင်းကိုခံထားရတာ(၃၄)ရက်မြောက်နေ့……

“အမေ ကျွန်တော်တို့ပြည်သူတွေ အာဏာရူးတွေကို တော်လှန်နေ ခဲ့တာ တစ်လကျော်ခဲ့ပြီ အမှန်တရားကို ပြန်ယူဖို့အသက်သွေးတွေနဲ့ ရင်းခဲ့ကြတဲ့ ဒီမိုကရေစီသူရဲကောင်းတွေအတွက် ကျွန်တော်တို့ပြည်သူတွေနှလုံးသားဟာထပ်တူညီခဲ့ကြပါတယ်။ကျွန်တော်တို့တိုင်းရင်းသားပြည်သူအားလုံး ဘယ်တော့မှသွေးမကွဲတော့ဘူး အမေ။အမေ့နှလုံးသားဟာလဲ ကျွန်တော်တို့နဲ့ထပ်တူပဲရှိနေမှာပါ။ဒီမိုကရေစီ သူရဲကောင်းတစ်ဦးချင်းစီအတွက် အမေ့ရဲ့အားပေးစကားသံတွေ ရှိစေချင်ပြီအမေ။အမြန်ဆုံးပြန်လွတ်မြောက်ပါစေ ကျန်းမာပါစေအမေ.. …” ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ ဒေါင်းရဲ့ ရေးသားထားတာနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ရင်တွင်းခံစားချက်တွေကိုလည်း ပြောပြပေးခဲ့ပါဦး။

Photo Credit – Daung ဒေါင်း fb page

zawgyi

တရားမွ်တတဲ့ ဒီမီုကေရစီကိုျပန္လည္ရရွိေအာင္ နည္းလမ္းအမ်ိဳးမ်ိဳး နဲ႔ ပါဝင္ ေဆာင္႐ြက္ေနၾကတဲ့ ျပည္သူေတြထဲမွာ သ႐ုပ္ေဆာင္ေဒါင္းတစ္ေယာက္လည္း အပါအဝင္ပဲျဖစ္ပါတယ္။ လူငယ္ေတြရဲ႕ အနာဂတ္အိမ္မက္ေတြ မေပ်ာက္ေအာင္ တစ္ေထာင့္တစ္ေနရာကေန တာဝန္သိျပည္သူ တစ္ေယာက္အေနနဲ႔ ပူေပါင္းပါဝင္ေပးတဲ့ ေဒါင္းကိုေတာ့ ျပည္သူ႔ ပရိသတ္ေတြက ေလးစားဂုဏ္ျပဳေပးခဲ့ၾကပါတယ္။ အႏုပညာရွင္ဆိုေပမဲ့ လတ္တေလာ လူထုလႈပ္ရွားမႈေတြမွာ ေန႔စဥ္ဆိုသလို အားႀကိဳးမာန္တက္ျဖင့္ ပါဝင္ခဲ့တာ ေတြ႕ရပါတယ္။

ဒါ့အျပင္ ထိန္းသိမ္းခံထားရတဲ့ ေခါင္းေဆာင္မ်ားနဲ႔ တရားမွ်တတဲ့ဒီမီုကေရစီကို အျမန္ဆုံး ျပန္လည္ရရွိေအာင္ ဘက္ေပါင္းစုံက ႏိုင္ငံ့ဝန္ထမ္းမ်ားကို လူထုလႈပ္ရွားမႈေတြမွာ ပိုမိုပါဝင္ေပးၾကဖို႔ ေတာင္းဆိုထားခဲ့ပါတယ္။ ယခုမွာလည္း ေဒါင္းက ျပည္သူေတြ ေ႐ြးေကာက္တင္ေျမာက္ထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ ခံစားခ်က္ေတြကို လူမႈကြန္ယက္ မွာ ေဖာ္ျပလာခဲ့ပါတယ္။ ” အာဏာ႐ူးမ်ားရဲ႕မတရားဖမ္းဆီးျခင္းကိုခံထားရတာ(၃၄)ရက္ေျမာက္ေန႔……

“အေမ ကြၽန္ေတာ္တို႔ျပည္သူေတြ အာဏာ႐ူးေတြကို ေတာ္လွန္ေန ခဲ့တာ တစ္လေက်ာ္ခဲ့ၿပီ အမွန္တရားကို ျပန္ယူဖို႔အသက္ေသြးေတြနဲ႔ ရင္းခဲ့ၾကတဲ့ ဒီမိုကေရစီသူရဲေကာင္းေတြအတြက္ ကြၽန္ေတာ္တို႔ျပည္သူေတြႏွလုံးသားဟာထပ္တူညီခဲ့ၾကပါတယ္။ကြၽန္ေတာ္တို႔တိုင္းရင္းသားျပည္သူအားလုံး ဘယ္ေတာ့မွေသြးမကြဲေတာ့ဘူး အေမ။အေမ့ႏွလုံးသားဟာလဲ ကြၽန္ေတာ္တို႔နဲ႔ထပ္တူပဲရွိေနမွာပါ။ဒီမိုကေရစီ သူရဲေကာင္းတစ္ဦးခ်င္းစီအတြက္ အေမ့ရဲ႕အားေပးစကားသံေတြ ရွိေစခ်င္ၿပီအေမ။အျမန္ဆုံးျပန္လြတ္ေျမာက္ပါေစ က်န္းမာပါေစအေမ.. …” ဆိုၿပီး ေရးသားထားတာေတြ႕ရပါတယ္။ ေဒါင္းရဲ႕ ေရးသားထားတာနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြရဲ႕ ရင္တြင္းခံစားခ်က္ေတြကိုလည္း ေျပာျပေပးခဲ့ပါဦး။

Photo Credit – Daung ေဒါင္း fb page

Leave a Reply

Your email address will not be published. Required fields are marked *