ဒီမိုကရေစီ နှင့် တရား ဥပဒေစိုးမိုးရေး အတွက် အမေရိကန် နှင့် မဟာမိတ်များ ပူးပေါင်း ဆောင်ရွက်မည်

Posted on

(၁၆-၃-၂၀၂၁) မြန်မာနိုင်ငံ အပါဝင် ဒေသတွင်း ရှိ နိုင်ငံတွေမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အမေရိကန်က မဟာမိတ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ် တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့အတူ ဂျပန်ကို ရောက်နေတာဖြစ်ပြီး ဒီနေ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ တိုကျိုမှာ ဆွေးနွေးပြီးတဲ့နောက် သတင်းစာရှင်းပွဲအတွင်း အဲဒီလိုပြောသွားတာဖြစ်ပါတယ်။

အမေရိကန်ဝန်ကြီး ၂ ဦး ခရီးစဉ် ရဲ့ အဓိက ဦးတည်ချက်ဟာ အင်ဒို-ပစဖိတ်ဒေသအတွင်း တရုတ်ရဲ့ လွှမ်းမိုးမှုတိုးလာနေတာကို ထိမ်းချုပ်ရေးဖြစ်ပါတယ်။ အဲဒီလို လွှမ်းမိုးမှုထဲမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီအရေး၊ တရား ဥပဒေစိုးမိုးရေး အခြေအနေကို အမေရိကန်ဝန်ကြီးက ထည့်ပြောသွားတာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေး ဝန်ကြီး Lloyd Austin တို့ဟာ ဂျပန်ခရီးစဉ်ပြီးရင် တောင်ကိုရီးယားကို ဆက်လက်ထွက်ခွာပြီး ကိုရီးယားအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ဖို့ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ သမ္မတ ဘိုင်ဒန် အစိုးရက ချမှတ်ထားတဲ့ ဒေသတွင်းရှိ အဓိက မဟာမိတ်တွေနဲ့ ထိတွေ့ ဆက်ဆံရေး ပြန်လည်ခိုင်မာအောင် ဆောင်ရွက်ရေး မူဝါဒကို စတင် အကောင်ထည် ဖေါ်ဆောင်ခြင်းဖြစ်ပါတယ်။

Source: AP #MTKChannel #မိုးသောက်ကြယ်

zawgyi

(၁၆-၃-၂၀၂၁) ျမန္မာႏိုင္ငံ အပါဝင္ ေဒသတြင္း ရွိ ႏိုင္ငံေတြမွာ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒစိုးမိုးေရးအတြက္ အေမရိကန္က မဟာမိတ္ေတြနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကေျပာပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဟာ ကာကြယ္ေရးဝန္ႀကီး Lloyd Austin နဲ႔အတူ ဂ်ပန္ကို ေရာက္ေနတာျဖစ္ၿပီး ဒီေန႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi နဲ႔ တိုက်ိဳမွာ ေဆြးေႏြးၿပီးတဲ့ေနာက္ သတင္းစာရွင္းပြဲအတြင္း အဲဒီလိုေျပာသြားတာျဖစ္ပါတယ္။

အေမရိကန္ဝန္ႀကီး ၂ ဦး ခရီးစဥ္ ရဲ႕ အဓိက ဦးတည္ခ်က္ဟာ အင္ဒို-ပစဖိတ္ေဒသအတြင္း တ႐ုတ္ရဲ႕ လႊမ္းမိုးမႈတိုးလာေနတာကို ထိမ္းခ်ဳပ္ေရးျဖစ္ပါတယ္။ အဲဒီလို လႊမ္းမိုးမႈထဲမွာ ျမန္မာႏိုင္ငံက စစ္အာဏာသိမ္းမႈနဲ႔ ဒီမိုကေရစီအေရး၊ တရား ဥပေဒစိုးမိုးေရး အေျခအေနကို အေမရိကန္ဝန္ႀကီးက ထည့္ေျပာသြားတာျဖစ္ပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ကာကြယ္ေရး ဝန္ႀကီး Lloyd Austin တို႔ဟာ ဂ်ပန္ခရီးစဥ္ၿပီးရင္ ေတာင္ကိုရီးယားကို ဆက္လက္ထြက္ခြာၿပီး ကိုရီးယားအစိုးရ တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြး ဖို႔ရွိေနပါတယ္။ ဒီခရီးစဥ္ဟာ သမၼတ ဘိုင္ဒန္ အစိုးရက ခ်မွတ္ထားတဲ့ ေဒသတြင္းရွိ အဓိက မဟာမိတ္ေတြနဲ႔ ထိေတြ႕ ဆက္ဆံေရး ျပန္လည္ခိုင္မာေအာင္ ေဆာင္႐ြက္ေရး မူဝါဒကို စတင္ အေကာင္ထည္ ေဖၚေဆာင္ျခင္းျဖစ္ပါတယ္။

Source: AP #MTKChannel #မိုးေသာက္ၾကယ္

Leave a Reply

Your email address will not be published. Required fields are marked *