ပရိသတ်တွေ ငယ်စဉ် ကတည်းက အားပေး ချစ်ခင် ကြရတဲ့ ယွန်းယွန်းက အသက် (၂၁) ကျော် အပျိုဖြန်းလေး တစ်ယောက် ဖြစ်လို့နေပြီ ဖြစ်ပါတယ်။။ အသက်အရွယ် တစ်ခုကို ရရှိလာပြီဖြစ်တဲ့ ယွန်းယွန်းက အခုဆိုရင် ရန်ကုန် တက္ကသိုလ်မှာ ပညာ သင်ကြားနေရင်း တစ်ဖက်မှာလည်း အနုပညာ လုပ်ငန်းတွေ ကို လက်လှမ်းမှီသလောက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ယွန်းယွန်းက ကျောင်းတွေ ပိတ်ထားချိန်မှာ အနုပညာအလုပ်တွေရော ပညာရေ းကိုပါ ရပ်နား ထားပြီး ဒီမိုကရေစီ စနစ်ရရှိရေး အတွက် ပြည်သူတစ်ယောက်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ်ပါတယ်။
မျိုးဆက်သစ်လူငယ် တစ်ယောက် ပီပီ အနာဂတ် အတွက် အညွှန့်တလူလူတက် နေချိန်မှာ အမှောင်ဖုံးစနစ်ကြီးထဲ မရောက်စေဖို့ ယွန်းယွန်းက ဆန္ဒပြနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ယွန်းယွန်းက သူမရဲ့ တက္ကသိုလ်ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ဆန္ဒပြဖြစ်ခဲ့ကြောင်းကို “စာမေးပွဲနီးရင် စာတွေကျက်ခဲ့ ကြတော့လဲတူတူပဲ။ အတန်းတွေလစ်ပြီး canteenထိုင်ခဲ့ကြတော့လဲတူတူပဲ။ အနာဂတ်အတွက် တိုက်ပွဲဝင်တော့လဲ တူတူပဲ ✊🏻🤍🕊 Proud of you our YUers, Psychology 4th batch 💯” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေပြောလာပါတယ်။
ယွန်းယွန်း ကတော့ မျိုးဆက်သစ် လူငယ် တစ်ယောက်ပီပီ အနာဂတ်မှာ အမှောင်မကျစေဖို့ တောင်းဆိုဆန္ဒပြနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။
Source: Yoon Yoon ‘s fb
Credit:Cele Connections
zawgyi
Source: Yoon Yoon ‘s fb