ဒီပွဲ မှာ ပြည်သူ တွေ နိုင်ခဲ့ရင် ဘာတွေ ဖြစ် လာမလဲ?

Posted on

အားတက်အောင် ပြောတာ မဟုတ်ဘူး … ဒီပွဲ ပြည်သူ နိုင်ရင်

၁။ အခြေခံ ဥပဒေ အသစ် ဖြစ်မယ်

၂။ သမ္မတသည် စစ်ဦးစီးချုပ်ဖြစ်မယ်

၃။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် အဆင်ပြေမယ်

၄။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တည်ထောင်နိုင်မယ်

၅။ တိုင်းရင်းသားတွေအားလုံးလိုချင်တဲ့ တန်း တူညီမျှမှုကို အပြည့်အဝရမယ်

၆။ နိုင်ငံ့ဝန်ထမ်းတိုင်း Professional လစာ နဲ့ Professional စစ်စစ်တွေ ဖြစ်လာ လိမ့်မယ်

၇။ အဂတိလိုက်စားမှုကို အမြစ် ဖြတ်လို့ရပြီ

၈။ တရားဥပဒေစိုးမိုးရေး အပြည့်အဝ အားကောင်း လာမယ်

၉။ ဥပဒေရဲ့အထက် သမ္မတတောင် ရှိ မှာ မဟုတ်ဘူး

၁၀။ စစ်အာဏာသိမ်း ခြင်းထပ်ကို ဖြစ်လာမှာ မဟုတ်တော့ဘူး

၁၁။ ပညာရေး ကျန်းမာရေး စီးပွားရေး အင်အားဟာ မျိုးဆက်တဆက် အတွင်းမှာကို သိသိသာသာ ထောင်တက်လာမယ်

၁၂။ မြန်မာနိုင်ငံရဲ့ Political Image ဟာ World Class တန်းတခုကို ရောက်ရှိသွား လိမ့်မယ် …

၁၃။ ပညာနဲ့ အသက်မွေးတဲ့ ခေတ်ကို အမြန်ဆုံးရောက်လိမ့်မယ်

၁၄။ အာစီယံကို Lead လုပ်နိုင်တဲ့ အဆင့် ၁၅ နှစ်အတွင်း ရောက်ကို ရောက်လိမ့်မယ်

အဓိက ဖြစ်လာနိုင်ခြေတွေပဲ ရေးထား တယ် …ကောင်းသော Minor ပြောင်းလဲနိုင်ခြင်းတွေ ထည့်မရေးထားသေးဘူးဒါကြောင့် CDM နဲ့ တောင့်ထားပါ … လူထုဆန္ဒဖော်ထုတ်ခြင်းတွေကို အဆက်မပြတ် အင်အားတောင့်နေပါစေ …ဒီပွဲ ပြည်သူနိုင်ရမယ် …မြန်မာ ပြည်သူလူထုဟာ ဒီမိုကရေစီနဲ့ ထိုက်တန်ကြောင်း သက်သေပြကြမယ် …

crd

Leave a Reply

Your email address will not be published. Required fields are marked *