ဒီနေ့ အထူး သတိ ထားပါ နော်..ဆုတ်သင့် ရင် ဆုတ်..ပါ ဆိုတဲ့ အကြောင်းလေး ကို စိတ်ပူလို့ ပြောပြပေးလာတဲ့ မိစန္ဒီ

Posted on

ပရိသတ်ကြီးရေ……အမိုက်စားသီချင်းကောင်းတွေကို သီဆိုဖျော်ဖြေ တတ်ပြီး အလန်းစား မိမိုက်နေတဲ့ ကိုယ်ပိုင် စတိုင်လ်တွေကြောင့် လူငယ်များကြားတွင် ရေပန်းစားနေတဲ့ သူကတော့ မိစန္ဒီ ပဲဖြစ်ပါတယ်။ဟန်ဆောင်မှုမရှိပဲ ပွင့်လင်းတတ်တဲ့ မိစန္ဒီက ဂီတလောကတွင် အောင်မြင်မှု တွေများစွာကို သိမ်းပိုက် ရရှိထားတဲ့ အပြင် သူမရဲ့ သီချင်းအသစ်တွေကလည်း မကြာသေးခင်ကပဲ ထွက်ရှိထားကာ ပရိသတ်တွေရဲ့ အားပေးနားဆင်ကြည့်ရှုမှုကို ထပ်မံရရှိထားတာ ပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖေဖော်ဝါရီ (၁)ရက်နေ့က စပြီးတော့ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပွား နေတဲ့ အ​ခြေအနေတစ်ရပ်ကြောင့် ပြည်သူပြည်သားများအားလုံးက တရား မျှတတဲ့ အမှန်တရားရရှိရေးအတွက် လူထုလှုပ်ရှားမှုတွေကို ပြုလုပ်လာခဲ့ရာ ယခု မတ်လထဲ ရောက်ရှိလို့ လာတာဖြစ်ပြီး အရှိန်အဟုန် အားကောင်းလာသလို တစ်ဖက်တွင်လည်း မမျှော်လင့်ပဲ ကျဆုံးသွားတဲ့ နိုင်ငံ့သူရဲကောင်းတွေကလည်း ရှိလာတာ ဖြစ်လို့ လူအများ ဝမ်းနည်းကြေကွဲနေကြတာ ပဲဖြစ်ပါတယ်။ဘက်ပေါင်းစုံက ပါဝင်တဲ့ အထဲတွင် မိစန္ဒီကလည်း လူထူလှုပ်ရှားမှုတွင် နေ့စဥ်မပျက် လမ်းမပေါ်ထွက်ကာ ငြိမ်းချမ်းစွာ ရင်ထဲက ဆန္ဒအမှန်ကို ဖော်ထုတ်နေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မိစန္ဒီက “ဒီနေ့ အထူးသတိထားပါ နော်..ဆုတ်သင့် ရင် ဆုတ်..သူတို့ကို တွေ့တာနဲ့ လူစုခွဲ ပြီး ဆုတ်လိုက်တော့နော်..ပြီးမှ ပြန်ပြ..ထိပ်တိုက် မတွေ့နဲ့တော့ နော်.. ဖြေးဖြေးချင်းဆုတ် ပြီး ပြေးသာပြေးနော်..နောက်မှနေမယ့် ဆန္ဒဖော်ထုတ်မယ့်သူများ sign board၊ vinyl လေးတွေ မဖြစ်မနေ ပါအောင် ယူသွားပါနော်.. international media တွေမှာ လူအုပ်ကြီးတွေထက် ပေးချင်တဲ့ message တွေကို ပြဖို့ အရေးကြီးလို့ပါ.. အားလုံး အဆင်ပြေကြပါစေ..🙏🙏🙏🙏🙏🙏🙏🙏”ဆိုပြီး ပြည်သူပရိသတ်တွေကို စိတ်ပူလို့ သူမရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင်ရေးသားဖော်ပြခဲ့တာ ဖြစ်တာကြောင့် ပြန်လည်ကူးယူ မျှဝေပေး လိုက်ပါတယ်။

Mi Sandi FB Page

zawgyi




Mi Sandi FB Page

Leave a Reply

Your email address will not be published. Required fields are marked *