ဒီစာဟာ ကိုယ့်အတွက်ပဲ ကြည့်တက်သော တဘို့ တည်းသမား များဖြစ် ကြတဲ့ ဒလံ တွေ အတွက် အိတ်ဖွင့် ပေးစာလေး ပါ ဗျာ

Posted on

အခုစာကိုဖတ်နေတဲ့ထဲမှာ ဒလံပါကောင်းပါနိုင်ပါတယ်။ ပါရင် ဒီစာဟာ ဒလံများ အတွက် ပေးစာပါ။ ခင်ဗျား တို့မျက်နှာလုပ်ပြီးသူပုန်တွေကိုဖုန်းလေးဆက်တဲ့အခါအဖ မ်းခံရမယ့်သူတွေဟာအရို က်ခံရနိုင်တယ်အသ က်ခံနိုင်ရတယ် ဆိုတာသိသိကြီးကြီးနဲ့ဘယ်လိုစိတ်နဲ့များပျော်ပျော်ကြီး ဖုန်းဆက်နိုင်တာလဲခင်ဗျာ။ ခင်ဗျားတို့ရဲ့အသ က်တစ်ချောင်း တန်ဖိုးထားတယ်မလား။ အဖ မ်းခံရမယ့်သူမှာလည်းအသ က်ပိုမပါပါဘူး။ ခင်ဗျားမှာလည်း

မိသားစုရှိတယ်မလား။ အဖ မ်းခံရမယ့်သူမှာလည်း အိမ်အပြန်စောင့်မျှော်နေတဲ့ ကလေးလေးတွေ မိဘတွေရှိပါတယ်။အားလုံးကဒီအချိန်မှာလူတွေကိုရ က်ရ က်စ က်စ က်သ က်နေတဲ့အာဏာရှင်ကို တိုက်ထုတ်နေကြတာပါဗျာ။ ဒီတိုက်ပွဲပြီးလို့အသ က်ရှင်ကျန်ရစ်တဲ့အခါခင်ဗျားသားသမီးတွေ သမိုင်းပြန်မေးတဲ့ အခါခင်ဗျားတို့အာဏာရှင်ကိုဂုဏ်ယူစွာနဲ့ထောက်ပံ့ခဲ့တယ်လို့ဂုဏ်ယူပြီးဖြေဖို့လိပ်ပြာလုံနိုင်လားခင်ဗျာ။

ခင်ဗျားဘဝကောင်းစားဖို့ခင်ဗျားနဲ့ရွယ်တူ ခင်ဗျားထက်အသက်ကြီးတဲ့သူ ခင်ဗျား သားသမီးနဲ့ရွယ်တူတွေရဲ့ေ သွးတွေမျက်ရည်တွေနဲ့သူတို့ ဘဝကိုချနင်းသွားတာခင်ဗျားလိပ်ပြာသန့်သန့် ဆက်လက်‌‌ပျော်ရွှင်စွာနေနိုင်မယ်ထင်ပါသလား။ ခင်ဗျားရဲ့မျိုးဆက်ဟာအာဏာရှင်စနစ်အောက်မှာ အသိဉာဏ်တွေ ပိတ်အတွေး အခေါ်တွေပိတ် ညံ့ဖျင်းလှတဲ့ပညာရေးစနစ်နိမ့်ကျတဲ့လူနေမှုဘဝနဲ့ကြီးပြင်းရမှာနော်။ ဒါကြောင့်ခင်ဗျား

သတင်းမပေးခင်သေချာလေးပြန်စဉ်းစားပေးပါဦး။ ခင်ဗျားကိုယ်တိုင်ခင်ဗျား ပြောင်းလဲနိုင်ပါတယ်။ ကျနော်တို့ အားလုံးရှိသင့်တဲ့မာနလေးကလေဗျာ။ဩဇာရှိတဲ့သူ အာဏာရှိတဲ့သူကိုမျက်နှာလုပ်ရတာဟာ ရှက်စရာကောင်းတယ်ဆိုတဲ့မာနလေးထားကြရအောင်ဗျာ။ အမှန်တရားဘက်အားနည်းတဲ့ ဘက်မှာရပ်တည်ပေးနိုင်တဲ့လူသားဆန်တဲ့ စိတ်ဓာတ်တွေမွေးမြူကြရအောင်ပါလားခင်ဗျာ။

ပြောင်းလဲဖို့အချိန်မှီပါသေးတယ်ခင်ဗျာ။ အသ က်ပေါင်းများစွာကယ်တင်နိုင်မယ့် လူသားတစ်ယောက်ဖြစ်ဖို့အခွင့်အရေးခင်ဗျားမှာပိုင်ဆိုင်ထားပါတယ်ခင်ဗျာ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်း အထူးတင်ရှိပါတယ်နော်။

ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *