ဒီကာလ အတွင်း အခက်အခဲ တွေ များစွာ ရင်ဆိုင် ကြုံရတာတွေ ကို စိတ်မကောင်းစွာဖြင့် ရင်ဖွင့် ရေးသားလာ တဲ့ “ရန်ရန်ချန်း”

Posted on

အဆိုတော် ရန်ရန်ချန်း ကတော့ မြန်မာနိုင်ငံ တွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူတက်ကြွစွာ ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရတာကြောင့် မိသားစုနဲ့ အတူ ဘေးကင်းရာသို့ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်မှ တစ်ဆင့်လတ်တလောဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင် မိနစ်ပိုင်း လောက်ကလည်း ရန်ရန်ချန်းရဲ့ Facebook Page တွင် ဒီကာလအတွင်း အခက်အခဲတွေများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ ရတာ တွေကို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလကစပြီး ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော် ခဲ့ပြီး ပစ်ခတ် နေ တဲ့အချိန်အတွင်းမှာလည်း အပြစ်မဲ့တဲ့ ပြည်သူ တွေ အသ+က်တွေ စတေးလိုက်ရတာကြောင့် လက်နက်ကိုင်တပ်ဖွဲ့ တွေအထိ ဝင်ရောက် ဖို့အ ထိ ဆုံးဖြတ်ခဲ့ကြောင်း ရေးသား ထားတာ ဖြစ်ပါတယ်။

တိမ်းရှောင်နေစဉ် အတွင်းမှာလည်း သက်ကြီး ရွယ်အို ကနေ ကလေးတွေအ ထိ ပစ+်သတ်တာတွေကိုကြားသိရတဲ့အ တွက် အကြိမ်ကြိမ် မျက်ရည်ကျခဲ့ရတာ ဖြစ်ပါတယ်။ တော်လှန်ရေးအတွင် အဘက်ဘက်ကနေဆောင်ရွက်နေကြသူတွေ အချင်းချင်း အပြစ်မမြင်ကြဘဲ ပါဝင်ပေးကြဖို့ကိုလည်း အခုလိုရေးသား တိုက်တွန်းထားတာ ဖြစ်ပါတယ်။

” ဒီအာဏာသိမ်းမှုကြီးဖြစ်တော့ခင်ဗျားတို့အားလုံး အတိုင်းကျွန်တော်လည်းခံပြင်းမှုတွေဒေါသတွေဝမ်းနည်းတာတွေစုံပြီးအိပ်မရခဲ့တဲ့အထဲကတစ်ယောက်အပါအဝင်ဖြစ်ခဲ့တယ်………အားလုံးနဲ့အတူတူလမ်းပေါ်ထွက်ခဲ့တယ်ကိုယ်နိုင်တဲ့အဝန်းအဝိုင်းကလူတွေကို စုစည်းကြပြီးလည်း ဆန္ဒပြခဲ့ကြတယ်။နောက်ပိုင်းရန်ကုန်မှာ စပစ်ခတ်တဲ့အချိန်မှာလူတွေသေကုန်တာတွေမြင်​တော့ ဒေါသငယ်ထိပ်စောင့်တ က်ပြီး မအ လ တွေကိုပြန်ချဖို့လက်နက်ကိုင်မယ် စစ်တပ်ဖွဲ့တာနဲ့စစ်ထဲဝင်မယ်အထိအဆုံးတွေးပစ်လိုက်တာတွေရော……..

နောက်ပိုင်းဘာမပြောညာမပြော၅၀၅က နဲ့ဝရမ်း ထုတ်လိုက်ချိန်မှာ အိမ်ကနေမိသားစုပါခေါ်ပြီးထွက်ချလာခဲ့လိုက်တာဟိုပြောင်းဒီပြောင်းနဲ့ ကြားထဲတစ်တိုင်းပြည်လုံးမှာသက်ကြီးရွယ်အိုကနေကလေးအဆုံးအသိဉာဏ်မဲ့ပ+စ်သ+တ်တာတွေညဖမ်းသွား မနက်အလောင်းလာထုတ်ဆိုတဲ့အဖြစ်တွေ ကြားပြီး ငါဘာမှဝင်မလုပ်ပေးနိုင်ဘူးဆိုပြီးမျက်ရည်ကျရတာအကြိမ်ကြိမ်……..စိတ်အချဉ်ပေါက်ပြီးline ပေါ်ကဆဲချင်ရင်တောင်နေနေရတဲ့နေရာကသူတွေကိုငဲ့ပြီးဘာမှမတင်ခဲ့ရဘူး

ကျွန်တော်သေသေချာချာစဉ်းစားမိတာတစ်ခုက ကျွန်တော် တို့တော်လှန်ရေးကိုဘောလုံးကွင်းထဲက ကလေးတွေဘောလုံးကန်သလို‌ဘောလုံးတစ်လုံး​နောက်ကိုတစ်သင်းလုံးလျှောက် လိုက်နေလို့မရဘူးဆိုတာပဲ ရှေ့တန်း အ လ ယ် တန်း နောက်တန်း ဂိုး အရံကစားသ မား နည်း ပြ နောက်ဆုံးဝင်ငွေရလမ်းအတွက်ရှာပေးမဲ့သူ အကုန်သူ့နေရာနဲ့ သူအချိုးကျပါဝင် နေမှု ဟာ အရေးအကြီးတယ်ဆိုတာမျိုးတွေးပြီး…..

ကိုယ့်ရဲ့လုပ်နိုင်အားကိုပြန်သုံးသပ် ငါတို့လုပ်ရမယ့် အလုပ် သည် ဘယ်နေရာ ကနေမဆို အကူအညီတောင်းခံ လာသည်ဖြစ်စေမတောင်းခံသည်ဖြစ်စေ လိုအပ်တဲ့နေရာဝင်ထမ်းလို့ရ‌တာပဲလို့သိပြီး နိုင်တာတွေဝင်ကူညီပေးလိုက်တော့မှလူကနေသာ ထိုင်သာရှိသွားပြီးခေတ်စကားနဲ့ဆို လိပ်ပြာလုံသွားတယ်ပေါ့နော် အဲ့တော့ညီကိုမောင်နှမတို့ စကားတွေ လျှော့ပြောကြပြီး ကိုယ်နိုင်တဲ့တာဝန်ကိုကမ္ဘာပေါ်ရဲ့ဘယ်နေရာကဖြစ်ဖြစ်ဝင်ထမ်းကြပါတစ်ယောက်နဲ့တစ်ယောက်လည်းအပြစ်တွေလျှော့ပြောကြပါလို့🙏” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတ ယ်။ ဒီကာလ ဟာ ပြ ည်သူတွေအချင်းချင်း သွေးမကွဲကြဘဲ အရေးတော်ပုံအောင်သည် အထိ တော်လှန်ကြရမှာ ဖြစ်ပါတယ်။ တိမ်းရှောင်နေကြရသူများအားလုံးလည်း ဘေးအန္တရာယ်ကင်းစေဖို့ဆုတောင်းရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Yan Yan Chan’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *