ဒီကာလ မှာ ခက်ခဲနေပေမယ့် လည်း တတ်နိုင်သလောက် အိမ် မှာ ချက်ပြုတ်ကာ ကျွေးမွေး လှူဒါန်းခဲ့တဲ့ စူးရှထက်

Posted on

Model တစ်ယောက်ဖြစ်တဲ့ စူးရှထက် ကတော့ အခုလို ပြည်သူ အားလုံး ခက်ခဲနေချိန်မှာ သူမကိုယ်တိုင်ကလည်း ဝင်ငွေမရှိတဲ့ ကာလဖြစ်ပေမယ့်လည်း ရှာဖွေစုဆောင်းထားတဲ့ ချွေးနည်းစာ နဲ့ တတ်နိုင်သလောက် အလှူအတန်းတွေကို ပြုလုပ်ပေးနေသူပဲ ဖြစ်ပါတယ်။ ဘုရားတရားလည်း ကိုင်းရှိုင်းသလို မိဘကိုလည်း ကျွေးမွေး ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။နွေဦးတော်လှန်ရေးမှာလည်း ပြည်သူလူထုနဲ့အတူတစ်သားတည်း အခိုင်အမာ ရပ်တည်ခဲ့သူ ပဲဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိကာလမှာ စားဝတ်နေရေး အဆင်မပြေကြတဲ့ ပြည်သူ တွေ ဆီကို သွား ရောက်ကာ စေတနာ အလှူရှင်များနဲ့ စုပေါင်းပြီးလိုက်လံ လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။သူမရဲ့wallပေါ်တွင်လည်း အလှူခံပို့စ်များကို ရှဲပေးကာ ကူညီကြဖို့ကို တိုက်တွန်းပြော ဆိုထားတာ ပဲဖြစ်ပါတယ်။ တစ်လောတုန်းကတော့ သူမ အစာအိမ် ရောဂါဖြစ်ပြီး နေမကောင်းဖြစ်တာကြောင့် အားလုံးက စိတ်ပူပေးနေကြတာ ပဲဖြစ်ပါတယ်။

မကြာသေးခင်အချိန်ကတော့ သူမ ရဲ့ လူမှုကွန်ယက် စာမျက်နှာ ထက်မှာ “ဒီနေ့အလှူ”ဆိုပြီး အိမ်မှာဟင်းတွေ ချက်ပြုတ်ကာ အားရပါးရ ကျွေးမွေးနေတဲ့ ပုံရိပ်တွေကို ပရိသတ်တွေ အတွက် မျှဝေပေးလာတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူမရဲ့အလှူအတန်း ရက်ရောတဲ့ စိတ်ထားကြောင့် ပိုပို ချစ်လာနေကြတာကိုလည်း တွေ့ရပါတယ်။ အခုလိုအချိန်မှာ ကိုယ်နိုင်သလောက် လှူဒါန်းနေတဲ့ စူးရှထက် တစ်ယောက် အလှူရေစက်လက်နှင့်မကွာ ဒီထက် လှူနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။🙏🙏🙏

crd

Leave a Reply

Your email address will not be published. Required fields are marked *