ဒီကာလမှာ အားလုံး ခက်ခဲနေ ကြတာကြောင့် ကိုယ့်မှာရှိတဲ့ ငွေလေး နဲ့ ကိုယ်ပိုင်အလုပ် စလုပ်သင့်ကြောင်း ပြောပြ လာတဲ့ နွေးနွေးချစ်ဖွယ်

Posted on

ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေအားပေးမှုဖြင့် ဂီတလောကမှာ နေရာတစ်နေရာ ရပ်တည်နေသူကတော့ အဆိုတော် နွေးနွေးချစ်ဖွယ်ပဲ ဖြစ်ပါတယ်။ သူမကတော့ သရုပ်ဆောင် မြို့တော်ချစ်ဖွယ်ရဲ့ တစ်ဦးတည်းသောသမီးဖြစ်ပြီး မိဘနှစ်ပါးလုံးကို ယနေ့ချိန်ထိ ကျွေးမွေးပြုစု စောင့်ရှောက်နေသူ ဖြစ်ပါတယ်။ ဘာသာရေးလည်း ကိုင်းရှိုင်းလွန်းသူဖြစ်ပြီး မကြာခဏဆိုသလို တရားစခန်းများ ဝင်ရောက်လေ့ရှိသူ ဖြစ်ပါတယ်။

လတ်တလောမှာလည်း အွန်လိုင်းမှာ ဈေးရောင်းနေကြတဲ့ မိတ်ဆွေတွေရဲ့ အခက်အခဲတွေ ကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးတဲ့အနေနဲ့ သူမရဲFacebook အကောင့်မှတစ်ဆင့် ကုန်ပစ္စည်းတွေကို အခမဲ့ကြော်ငြာပေးနေတာဖြစ်ပါတယ်။ ဒီကာလမှာ အဆင်မပြေကြတဲ့သူများကိုလည်း စိတ်ဓာတ် မကျဖို့ အားပေးစကားတွေ ပြောပေးနေသူဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း နွေးနွေးချစ်ဖွယ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်ဈေးရောင်းတဲ့အလုပ်ဟာ ရှက်စရာမဟုတ်ဘဲ သမာအာဇီဝဖြင့်လုပ်ကိုင်ခြင်းဖြစ်တာကြောင့် မွန်မြတ်ကြောင်းနဲ့လတ်တလော အခြေအနေများကြောင့် အားလုံးခက်ခဲနေကြတာ ဖြစ်တဲ့အတွက် ကိုယ့်မှာရှိတဲ့ငွေလေးနဲ့အလုပ်တစ်ခုစ လုပ်သင့်ကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။

သူမကလည်း ” ရှိတဲ့ ငွေ အရင်းအနှီးနဲနဲလေးနဲ့ ရတဲ့အလုပ် ကို ကိုယ်ပိုင် တပိုင်တနိုင်စလုပ်ကြည့်ပါ လက်ရှိအောင်မြင်နေသောလုပ်ငန်းတွေအားလုံးက သေးသေးလေးက စခဲ့ကြတာပါ။

ထိုင်းနိုင်ငံမှာလူတိုင်းနီးပါ စျေးရောင်းကြတယ် အားလုံးသိပြီးသားပါ

စျေးရောင်းတာရှက်စရာမဟုတ်ပါ။😵

မလှူတတ်ရင် စျေးရောင်းဆိုတဲ့စကား အလကားထားတာမဟုတ်ဘူး သမာအာဇီဝ အလုပ်ပါ မွန်မြတ်ပါတယ်။👍

ဒီကာလ လူတိုင်းအဆင်မပြေကြတော့ ငွေကြေးအကူအညီလိုက်တောင်းလည်း စကားပဲ အဖတ်တင်မှာပါ

ကူညီချင်စိတ်ကမြန်မာလူမျိုးတိုင်း

ရှိကြပေမယ့် ရှေ့ဆက်ဘာဖြစ်မလဲ အတွေး နဲ့ မပေးရဲကြတာ များပါတယ် 😞

ကိုယ့်မှာရှိတာငွေလေးနဲ့💵💵လောက်ငှအောင် ဘာ အလုပ်လုပ် ရမလဲ ကြိုးစားပြီးသေးသေးလေးကစလို့ နည်းလမ်းရှာပါ 😇

လမ်းပျောက်မနေပါနဲ့ လမ်းစရှာပါ

စိတ်ဓါတ်မကျနဲ့ မာန်တင်းထားပါ

ငါလုပ်နိုင်တယ် ခြေလက်တွေအကောင်းတိုင်းရှိတယ် 🦶🏻✋🏻 စိတ်စွမ်းအားမြှင့်တင်ထားပါ

ငါ့မိသားစု 👨‍👩‍👦👨‍👩‍👦‍👦ငါ့ဘဝရပ်တည်ဖို့ 🧍ငါ့အတွက် ငါ့မှာ ငါရှိတယ် ဆိုတဲ့ စိတ်ခွန်အားမွေးပါ 💪

ဘုရားဟောပြီးသား

မိမိကို သာ အားကိုးရာပါ 🙏

အောက်ပါပုံအတိုင်း တစ်နေ့ ၃ ကြိမ်လောက်အနည်းဆုံးအားရပါးရသွားပေါ်အောင်ရယ်ပါ မရယ်ချင်လည်း ရှာကြံရယ်ပါ

စိတ်ဖိစီးမှုလျော့ကျစေရန်” ဆိုပြီး ရေးသားထားတာပါ။ အခုလိုဈေးရောင်း ပို့စ်တွေ တင်နေတာကြောင့် အထင်လွဲနေတဲ့ လူတစ်ချို့ကိုလည်း ” မေ ၁ နတ်ချစ်လဏ်ဖြစ်

မေ ၂ ရန်ဖြစ်

မေ ၃ မည်သူတစ်ဦးတစ်ယောက်ကိုမှမမုန်း

လာဆဲလည်း ပြန်မဆဲတော့ပါ သည်းခံ စိတ်လျော့ပြီးခွင့်လွှတ် လိုက်ပါတော့မည်

လူတိုင်းအကြိုက်တော့ ဘယ်လိုက်နိုင်မလည်းလေ ကိုယ်လည်း ဒီကာလက စိတ်အခြေအနေအဆင်မပြေဘူးလေကိုယ်ချင်းစာပါတယ်

ကိုယ့်ရဲ့ လုပ်ဆောင်ချက်မှန် ကန်ဖို့သာလိုပါသည် အမှန်တရားက နဲနဲတော့ ခါးတယ်

တစ်နေ့တော့ ကိုယ့်စေတနာ ကိုယ့်မေတ္တာ ရောင်ပြန်ဟပ်နိုင်ပါစေ

မင်္ဂလာနံနက်ခင်းလေးဖြစ်ပါစေ🙏” ဆိုပြီး သူမရဲ့ ရင်ထဲက ခံစားချက်တွေ ကို ရေးသားထားတာ ဖြစ်ပါတယ်။အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေကို အနုပညာရှင်များက တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေကြတာ ဝမ်းသာစရာပါပဲနော်။ နွေးနွေးချစ်ဖွယ်တစ်ယောက်လည်း အလုပ်အကိုင်တွေ အခုထက်ပိုပြီး အဆင်ပြေပြီးကံကောင်းမှုတွေရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ရပါတယ်။

Source and Photo Crd-Nway Nway Chit Phwel’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *