ဒီကာလမှာ ခက်ခဲနေ ကြသူ များအား အချင်းချင်း ဖေးမကြရင်း ခရီးဆုံး ကို အမြန်ဆုံး ရောက်ရှိပါစေလို့ ဆုတောင်းပေးနေတဲ့ ယွန်းယွန်း

Posted on

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ များကြောင့် စားဝတ် နေရေး အဆင်မပြေကြတဲ့ ပြည်သူတွေဒုနဲ့ဒေးရှိနေကြတာ ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကို ပြည်သူတွေ အချင်းချင်းကပဲ စည်းလုံးညီညွတ်စွာ ကူညီဖြေရှင်းပေးနေကြတာကို မြင်တွေ့ရသည်မှာ ကြည်နူးစရာ ကောင်းလှပါတယ်။ အနုပညာရှင်များ ကလည်း သူတို့ရှာဖွေထားတဲ့ ချွေးနည်းစာများဖြင့် စားဝတ်နေရေးမပြေလည်ကြသူများကို လိုအပ်တဲ့ စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေကြတာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်းလူတစ်ယောက်ချင်းစီကို အဆင်ပြေသွားအောင် ကူညီပေ းဖို့ ကတော့ အရမ်းကို ခက်ခဲလွန်းလှပါတယ်။ မနေ့ညကလည်း ယွန်းယွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်တစ်ခုကို ပြန်လည်ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ဒါကတော့ ပြည်သူတစ်ဦးမှ အရေးပေါ်ငွေလိုနေတဲ့အတွက် ထမင်းပေါင်းအိုး၊ ဒယ်အိုး၊ မီးပူတွေ အပေါင်ခံတဲ့ နေရာကို မေးထားတာ ဖြစ်ပါတယ်။ ယွန်းယွန်းကလည်း ဒီကာလမှာ အခက်အခဲတွေမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူတွေကိုကြည့် ပြီး စိတ်မကောင်းဖြစ်နေတာပါ။

သူမကလည်း ” အသက်တွေရင်းပြီးတော့

ဘဝတွေပါထပ်ရင်းနေကြရတယ် 😔

အချင်းချင်းဖေးမရင်းခရီးဆုံးကို မြန်မြန်ရောက်ပါစေ 🙏🏻” ဆိုပြီး ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ခက်ခဲနေတဲ့ ပြည်သူတွေကို အချင်းချင်းကူညီပေးကြရင်း စစ်မှန်တဲ့ ဒီမိုကရေစီကို ပြန်လည်ရရှိအောင် ကြိုးစားသွားကြရမှာပါ။ အားလုံးလည်း ဒီကာလမှာ ကြုံတွေ့နေရ တဲ့ အဆင်မပြေ မှုတွေ အမြန်ဆုံး ကင်းဝေးနိုင်ပါစေလို့လည်းဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Orginal Uploader and Yoon Yoon’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *