ဒီကနေ့မှာ ပဲ ကွယ်လွန် သွားပြီ ဖြစ်တဲ့ အကယ်ဒမီ (၇)ဆု ရှင် ရုပ်ရှင် မင်းသားကြီး ဦးညွန့်ဝင်း

Posted on

တစ်ခေတ်တစ်ခါက ပျိုမေ တို့ရဲ့အသဲစွဲ အကယ်ဒမီ(၇) ဆုရှင် ရုပ်ရှင်မင်းသားကြီး ဦးညွန့်ဝင်းဟာ ယနေ့ ဇူလိုင်လ (၁)ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်လို့ သိရပါတယ်..။ ဦးညွှန့်ဝင်းဟာ အလင်္ကာကျော်စွာ ဖိုးဖိုး ရွှေမန်းဦးတင်မောင် ရဲ့ သားကြီး တစ်ယောက် ဖြစ်သလို ရုပ်ရှင်ဇာတ်ကားတော်တော်များများ မှာလည်း သဏ္ဍန်လုပ်သရုပ်တူ သရုပ်ဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်..။

နိုင်ငံကျော်မင်းသားကြီး တစ်လက်ဖြစ်ခဲ့ပြီး မိန်းကလေ းပရိသတ်တွေရဲ့အားပေးမှုအများဆုံးရရှိခဲ့တဲ့ ဦးညွန့်ဝင်းဟာ အသက်အရွယ်အရ အနုပညာအလုပ်တွေ ရပ်နားထားတာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ မင်းသားကြီး ဦးညွှန့်ဝင်း ဆုံးပါးကွယ်လွန်သွားတဲ့အကြောင်းကိုတော့ အနုပညာအသိုင်းအဝိုင်းက သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ဝမ်းနည်းကြောင်း ရေးသားထားကြတာ ဖြစ်ပါတယ်..။

ဒီကနေ့မှာပဲ ဘဝ တစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့တဲ့ အသက် (၈၁)နှစ်အရွယ် ဦးညွှန့်ဝင်းရဲ့ နာရေးသတင်းကြောင့် ပရိသတ်တွေကလည်း နှမျောတသစွာနဲ့ အတော်လေး စိတ်မကောင်းဖြစ်နေကြပါတယ်..။ မြန်မာ့ရုပ်ရှင်လောကရဲ့အစားထိုးမရတဲ့ ဂန္တဝင် အနုပညာ ကြယ်ပွင့်ကြီး ဘဘဦးညွှန့်ဝင်း ကွယ်လွန်အနိစ္စရောက်သွားပါသဖြင့် မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုဂတိလားစေဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်..။

Photo Credit

zawgyi




Photo Credit

Leave a Reply

Your email address will not be published. Required fields are marked *