ဒလံတွေ ကြောင့် လူမင်း အဖမ်းခံရတာပါ ဆိုတဲ့ အကြောင်း ပြောပြ လာတဲ့ ပိုင်ဖြိုးသု

Posted on

အခုလက်ရှိမှာ ညီမတို့လည်း ထွက်ပြေး တိန်းရှောင်နေရတဲ့ ဆန္ဒပြတဲ့ အနုပညာရှင် အများစုကို ပုဒ်မ ၅၀၅ နဲ့ မတရားဖမ်းဆီးမှု့တွေ လုပ်လာတယ် အန်ကယ်လေး အဖမ်းမခံရခင် မှာ ပိုင်ဖြိုးသုတို့နဲ့ အတူရှိနေသေးတယ် ညီမတို့ မနက်ပိုင်းမှာ ဆန္ဒပြတယ် လမ်းခွဲကာနီးမှာ ညီမရယ် ကိုဏကြီးရယ် ခါရာ နဲ့ အန်ကယ်လေးပါတယ် စုပီးတိုင်ပင်ကြတယ်

ပြည်သူတွေ အတွက် အနုပညာရှင်တွေကshort vidoe လေးရိုက်ပီး အားပေး စကားလေးတွေ အရေးတော်ပုံအောင်ဖို့စိတ်ဓာတ်မကြဖို့ပြောကြရင်ကောင်းမယ်ဆိုပီး တိုင်ပင်ဖြစ်ကြသေးသည်။ ပိုင်ဖြိုးသု အနေနဲ့ ဆက်လက်ပြောပြခဲ့တာတော့ အဒီညက ညီမတို့ တိုင်ပင် ထားတဲ့အတိုင်းပဲ အန်ကယ်လေးနဲ့ ညီမ ကvidoe တင်တယ်.. ချစ်တဲ့ပရိသတ်တွေ ပြည်သူတွေ အတွက်စကားပြောပေးတယ် အန်ကယ်လေးက သူ့အိမ်မှာ မလုံခြုံတော့တာ သိတဲ့အတွက် နေရာရွေ့တယ် ညီမတို့ လည်းလုံခြုံမှူ့မရှိတော့ဘူးလေ။

အဲဒီတော့ ညီမတို့လည်းနေရာရွေ့ကြတယ် နောက်မှ ပြန်သိရတာက အန်ကယ်လေးက သူနဲ့သိ တဲ့ လူရှိတဲ့ ရပ်ကွက်က အိမ်တစ်အိမ်မှာ သွားပုန်းနေတာ အတိအကျကိုသတင်းပေးခံရတာ အစ်မ ခင်စံပယ်ဦး ငိုပီး live လွှင့်တော့မှ ညီမတို့သိတာဆိုတဲ့အကြောင်း ပြောပြလာခဲ့သည်။ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုသတိထားကြပါ လူတိုင်းကို သံသယဝင်ခိုင်းတာ မဟုတ်ပေမဲ့ ဒလံတွေဟာ အရမ်းဒုက္ခ ပေးနေကြောင်း ပြောပြချက်များအရ သိရှိရပါသည်။ အားမလျော့ပါနဲ့ အရေးတော်ပုံအောင်ရမည်။

crd

zawgyi




crd

Leave a Reply

Your email address will not be published. Required fields are marked *