တစ်ရက်ထက်တစ်ရက်တိုးလာတဲ့ သေဆုံး သူတွေ ဒဏ်ရာရရှိသူတွေကို ကြည့်ပြီး ပြည်သူတွေဟာနေ့စဉ်တိုင်း စိတ်မကောင်း ဖြစ်ကာ ကြေကွဲဝမ်းနည်းရင်း သူတို့ကိုယ်တိုင်လည်း စိုးရိမ်ပူပန်မှုတွေကြားမှာနေထိုင်နေရပါတယ်။ မြန်မာနိုင်ငံရဲ့နေရာအနှံအပြားမှာ နေ့ရောညပါ ပစ်ခတ်မှုတွေကိုရင်ဆိုင်နေရပေမယ့်လည်း အားလုံးကတော့လက်မလျော့ဘဲ ရရင်ရသလို လှုပ်ရှားမှုတွေကိုပြုလုပ်နေဆဲပါ။
ခုဆိုရင် ညဘက်တွေပါ တစ်ချို့မြို့နယ်တွေမှာ ပြည်သူတွေ စုပေါင်းပြီ ညသပိတ်တွေကို ဖန်တီးလာကြတာတွေ့ရပါတယ်။ပြည်သူတွေအားလုံးက အသက်ဆုံးရှုံးမှာကိုမမူဘဲ ဆက်လက်လှုပ်ရှားနေကြတာလည်းဖြစ်သလိုအားလုံးကလည်း အချင်းချင်းသွေမကွဲဘဲ တစ်ယောက်ကိုတစ်ယောက်ကူညီစောင့်ရှောက်ရင်း ရရာနေရာကနေအားဖြည့်ပါဝင်နေကြတာပါ။ ဒါ့အပြင်လိုက်နာရမယ့် အချက်တွေကိုလည်း အချင်းချင်းဝေမျှကြသလို မလုပ်သင့်တဲ့ အချက်တွေကိုလည်း ဝေဖန်ထောက်ပြပေးတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။အခုဆိုလည်း အိချောပိုက အရေးကြီးဆုံးအချက်ဖြစ်တဲ့ သတိထားရမယ့်အရာလေးကို Follower တွေများစွာပိုင်ဆိုင်ထားတဲ့ သူရဲ့အကောင့်လေးမှာ လူအများသိရှိနိုင်စေရန် ဝေမျှ
လာတာတွေ့ရပါတယ်။
ဒဏ်ရာ ရရှိသူတွေကို ကုသပေးနေတဲ့ ဆေးရုံ ဆေးခန်းတွေရဲ့နာမည်တွေကိုမဖော်ပြသင့်ကြောင်းနောင်အခါမှာ ဆက်လက်ကုသပေးလို့မရနိုင်တော့မှာ စိုးရိမ်မိကြောင်းခုလိုပုံလေးနဲ့တကွဖော်ပြလာပါတယ်။” ကျေးဇူးပြုပြီး လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံနာမည်တွေနဲ့ ဆေးရုံပုံတွေကိုမတင်ကြ မ share ကြပါနဲ့နော်နောက်ဆိုကုသပေးဖို့အခက်ခဲဖြစ်သွားမှာစိုးလို့ပါရှင်”ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်တွေ လည်းသိရှိထားသင့်လို့ မျှဝေပေးလိုက်ပါတယ်။
Source & Photo Credit : Ei Chaw Po Facebook Account
zawgyi
တစ္ရက္ထက္တစ္ရက္တိုးလာတဲ့ ေသဆုံး သူေတြ ဒဏ္ရာရရွိသူေတြကို ၾကည့္ၿပီး ျပည္သူေတြဟာေန႔စဥ္တိုင္း စိတ္မေကာင္း ျဖစ္ကာ ေၾကကြဲဝမ္းနည္းရင္း သူတို႔ကိုယ္တိုင္လည္း စိုးရိမ္ပူပန္မႈေတြၾကားမွာေနထိုင္ေနရပါတယ္။ ျမန္မာႏိုင္ငံရဲ႕ေနရာအႏွံအျပားမွာ ေန႔ေရာညပါ ပစ္ခတ္မႈေတြကိုရင္ဆိုင္ေနရေပမယ့္လည္း အားလုံးကေတာ့လက္မေလ်ာ့ဘဲ ရရင္ရသလို လႈပ္ရွားမႈေတြကိုျပဳလုပ္ေနဆဲပါ။
ခုဆိုရင္ ညဘက္ေတြပါ တစ္ခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ျပည္သူေတြ စုေပါင္းၿပီ ညသပိတ္ေတြကို ဖန္တီးလာၾကတာေတြ႕ရပါတယ္။ျပည္သူေတြအားလုံးက အသက္ဆုံးရႈံးမွာကိုမမူဘဲ ဆက္လက္လႈပ္ရွားေနၾကတာလည္းျဖစ္သလိုအားလုံးကလည္း အခ်င္းခ်င္းေသြမကြဲဘဲ တစ္ေယာက္ကိုတစ္ေယာက္ကူညီေစာင့္ေရွာက္ရင္း ရရာေနရာကေနအားျဖည့္ပါဝင္ေနၾကတာပါ။ ဒါ့အျပင္လိုက္နာရမယ့္ အခ်က္ေတြကိုလည္း အခ်င္းခ်င္းေဝမွ်ၾကသလို မလုပ္သင့္တဲ့ အခ်က္ေတြကိုလည္း ေဝဖန္ေထာက္ျပေပးတာကိုလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။အခုဆိုလည္း အိေခ်ာပိုက အေရးႀကီးဆုံးအခ်က္ျဖစ္တဲ့ သတိထားရမယ့္အရာေလးကို Follower ေတြမ်ားစြာပိုင္ဆိုင္ထားတဲ့ သူရဲ႕အေကာင့္ေလးမွာ လူအမ်ားသိရွိႏိုင္ေစရန္ ေဝမွ်
လာတာေတြ႕ရပါတယ္။
ဒဏ္ရာ ရရွိသူေတြကို ကုသေပးေနတဲ့ ေဆး႐ုံ ေဆးခန္းေတြရဲ႕နာမည္ေတြကိုမေဖာ္ျပသင့္ေၾကာင္းေနာင္အခါမွာ ဆက္လက္ကုသေပးလို႔မရႏိုင္ေတာ့မွာ စိုးရိမ္မိေၾကာင္းခုလိုပုံေလးနဲ႔တကြေဖာ္ျပလာပါတယ္။” ေက်းဇူးျပဳၿပီး လူနာေတြကို ကုသေပးေနတဲ့ ေဆး႐ုံနာမည္ေတြနဲ႔ ေဆး႐ုံပုံေတြကိုမတင္ၾက မ share ၾကပါနဲ႔ေနာ္ေနာက္ဆိုကုသေပးဖို႔အခက္ခဲျဖစ္သြားမွာစိုးလို႔ပါရွင္”ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ေတြ လည္းသိရွိထားသင့္လို႔ မွ်ေဝေပးလိုက္ပါတယ္။
Source & Photo Credit : Ei Chaw Po Facebook Account