ဒဏ်ရာ ရနေတဲ့ ပြည်သူတွေကို ကယ်တင်ဖို့ ညဘက် ကြီး လာခေါ်တဲ့သူတွေ နောက် လိုက်ရင်း ကြုံတွေ့ခဲ့ရတာတွေကို ပြောပြလာတဲ့ ဆရာဝန်တစ်ဦး

Posted on

ပြည်သူတွေကတော့ အန္တရာယ်တွေရှိနေတဲ့ကြားကနေ လူထု လှုပ်ရှားမှုပွဲတွေ ကို အရှိန် အဟုန်မပျက်ဘဲ ဆက်လက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ် ။ ဒီကာလအတွင်းမှာ ကျဆုံးသွားတဲ့ ပြည်သူတွေ အများအပြားရှိနေပြီဖြစ်သလို ဒဏ်ရာ ရရှိခဲ့တဲ့သူတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ် ။ ကျန်းမာရေးဝန်ထမ်းတွေကလည်း ပြည်သူတွေ ရဲ့အသက်ကို အချိန်မရွေး၊ နေရာမရွေး သွားရောက် ကယ်တင်ပြီး အတတ်နိုင်ဆုံး ကြိုးစား ကုသပေးနေကြတာ ဖြစ်ပါတယ် ။

အခုလည်း ဆရာဝန်တစ်ဦးက ပြည်သူတွေရဲ့အသက်ကိုကယ်ပေးဖို့ လာခေါ်တဲ့ သူတွေရဲ့နောက်ကို လိုက်ခဲ့ရာကနေ သူမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ် ။ ဆရာဝန်က ညဘက်အချိန်ကြီး ဆေးကုသပေးဖို့ ထွက်လာခဲ့ရာကနေ သည်းထိတ်ရင်ဖိုဆိုတာထက်ပိုတဲ့ အဖြစ်တွေကို ကြုံခဲ့ရကြောင်း ရေးသား ထားတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ပြည်သူတွေက လမ်းမှာသူတို့ကိုလက်ခုပ်တီးကာ အားပေး ကြတဲ့အပြင် ဘုန်းကြီးတစ်ပါးကပါ ဂရုစိုက်ပြီးသွားကြဖို့ အပြေးလာမိန့်ခဲ့ကြောင်းစသည်ဖြင့် မေတ္တာတရားတွေဖလှယ်ခဲ့ကြပုံကိုပါ မျှဝေထားတာ ဖြစ်ပါတယ် ။

ဆေးကုသမယ့်နေရာကို ရောက်တဲ့အခါမှာလည်း သေဆုံး သွားတဲ့ သူတွေ၊ ဒဏ်ရာ ကြီးကြီးမားမားရတဲ့သူတွေ၊ နာကျင်လွန်းလို့ ညည်းတဲ့အသံတွေ၊ သေဆုံးသူမိသားစုတွေရဲ့ငိုသံတွေ၊ ဘယ်သူမှန်းမသိဘဲ Unknown body အဖြစ်သယ်သွားခံရတာတွေကိုမြင်ပြီး ရင်ပွင့်မတတ် အံကြိတ်တင်းခံရင်း ကုသခဲ့ရပုံတွေကိုလည်း ဆရာဝန်က ပြောပြခဲ့ ပါသေးတယ်။ သူ့ရဲ့ အတွေ့အကြုံတွေကို ရေးသားမျှဝေခဲ့တဲ့ ဆရာဝန်ရဲ့စာက အခုဆိုရင် လူမှုကွန်ယက်စာမျက်နှာထက်မှာ စိတ်ဝင်တစားနဲ့ ဖတ်ရှုသူတွေ များပြားနေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဒဏ်ရာရရှိသူတွေကို သွားရောက်ကယ်တင်ပေးခဲ့တဲ့ ဆရာဝန်တစ်ဦး ပြောပြထားတဲ့ ကိုယ့်တွေ့အဖြစ်အပျက်အကြောင်းကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

zawgyi

ျပည္သူေတြကေတာ့ အႏၲရာယ္ေတြရွိေနတဲ့ၾကားကေန လူထု လႈပ္ရွားမႈပြဲေတြ ကို အရွိန္ အဟုန္မပ်က္ဘဲ ဆက္လက္လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္ ။ ဒီကာလအတြင္းမွာ က်ဆုံးသြားတဲ့ ျပည္သူေတြ အမ်ားအျပားရွိေနၿပီျဖစ္သလို ဒဏ္ရာ ရရွိခဲ့တဲ့သူေတြလည္း ရွိေနခဲ့တာ ျဖစ္ပါတယ္ ။ က်န္းမာေရးဝန္ထမ္းေတြကလည္း ျပည္သူေတြ ရဲ႕အသက္ကို အခ်ိန္မေ႐ြး၊ ေနရာမေ႐ြး သြားေရာက္ ကယ္တင္ၿပီး အတတ္ႏိုင္ဆုံး ႀကိဳးစား ကုသေပးေနၾကတာ ျဖစ္ပါတယ္ ။

အခုလည္း ဆရာဝန္တစ္ဦးက ျပည္သူေတြရဲ႕အသက္ကိုကယ္ေပးဖို႔ လာေခၚတဲ့ သူေတြရဲ႕ေနာက္ကို လိုက္ခဲ့ရာကေန သူျမင္ေတြ႕ခဲ့ရတဲ့ ျမင္ကြင္းေတြကို ျပန္လည္ေျပာျပထားတာ ျဖစ္ပါတယ္ ။ ဆရာဝန္က ညဘက္အခ်ိန္ႀကီး ေဆးကုသေပးဖို႔ ထြက္လာခဲ့ရာကေန သည္းထိတ္ရင္ဖိုဆိုတာထက္ပိုတဲ့ အျဖစ္ေတြကို ႀကဳံခဲ့ရေၾကာင္း ေရးသား ထားတာ ျဖစ္ပါတယ္ ။ ဒါေပမဲ့လည္း ျပည္သူေတြက လမ္းမွာသူတို႔ကိုလက္ခုပ္တီးကာ အားေပး ၾကတဲ့အျပင္ ဘုန္းႀကီးတစ္ပါးကပါ ဂ႐ုစိုက္ၿပီးသြားၾကဖို႔ အေျပးလာမိန္႔ခဲ့ေၾကာင္းစသည္ျဖင့္ ေမတၱာတရားေတြဖလွယ္ခဲ့ၾကပုံကိုပါ မွ်ေဝထားတာ ျဖစ္ပါတယ္ ။

ေဆးကုသမယ့္ေနရာကို ေရာက္တဲ့အခါမွာလည္း ေသဆုံး သြားတဲ့ သူေတြ၊ ဒဏ္ရာ ႀကီးႀကီးမားမားရတဲ့သူေတြ၊ နာက်င္လြန္းလို႔ ညည္းတဲ့အသံေတြ၊ ေသဆုံးသူမိသားစုေတြရဲ႕ငိုသံေတြ၊ ဘယ္သူမွန္းမသိဘဲ Unknown body အျဖစ္သယ္သြားခံရတာေတြကိုျမင္ၿပီး ရင္ပြင့္မတတ္ အံႀကိတ္တင္းခံရင္း ကုသခဲ့ရပုံေတြကိုလည္း ဆရာဝန္က ေျပာျပခဲ့ ပါေသးတယ္။ သူ႔ရဲ႕ အေတြ႕အႀကဳံေတြကို ေရးသားမွ်ေဝခဲ့တဲ့ ဆရာဝန္ရဲ႕စာက အခုဆိုရင္ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ စိတ္ဝင္တစားနဲ႔ ဖတ္ရႈသူေတြ မ်ားျပားေနတာပဲ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ဒဏ္ရာရရွိသူေတြကို သြားေရာက္ကယ္တင္ေပးခဲ့တဲ့ ဆရာဝန္တစ္ဦး ေျပာျပထားတဲ့ ကိုယ့္ေတြ႕အျဖစ္အပ်က္အေၾကာင္းကို ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source & Photo Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *