ဆက်စီ Model တစ်ယောက်အဖြစ် မော်ဒယ်လောကမှာ ရပ်တည်နေသူလေး ကတော့ နန်းမွေစံပဲ ဖြစ် ပါတယ်။ သူမရဲ့ လုံးကြီးပေါက်လှ ကောက်ကြောင်းလေးဟာလည်း မြင်ရသူတိုင်းကို ဟင်ကနဲ ဟာကနဲ ဖြစ်သွားအောင်ကို ဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။ နန်းမွေစံ ဟာ အကြမ်းစား ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာတွင် တင်ရာမှတစ်ဆင့် ပရိသတ်တွေ ကြားမှာ ရေပန်းစား နာမည်ကြီးလာသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
သူမဟာ ဆရာဝန်အလုပ်ကိုတောင် စွန့်လွှတ်ပြီး မော်ဒယ်အလုပ်ကို Professional ဆန်စွာ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း နန်းမွေစံတစ်ယောက် ကြော်ငြာလေးတွေ တောက်လျှောက် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှတင်ဆက် ပေးနေကျဖြစ်ပြီး မကြာသေးခင် နာရီပိုင်းလောက် ကလည်း နန်းမွေစံရဲ့ Instagram Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ နေချင်စရာကောင်းလွန်းလှတဲ့သူမရဲ့နှစ်ထပ်တိုက်အိမ်သစ်လေးကိုပြသ လိုက်တဲ့ နန်းမွေစံ ရဲ့ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ နန်းမွေစံဟာ အိမ်ရဲ့အပြင်ဘက်ကို အဖြူရောင်ဆေးလေးတွေ သုတ်ထားပြီး မြင်ရသူတိုင်း တမူထူးခြားဆန်းသစ်သွားစေမှာ အသေချာပါပဲနော်။ ပရိသတ်တွေ လည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Nang Mwe SAN’s IG Account
zawgyi