ထိုင်းနိုင်ငံ က ပရိတ်သတ်အား ကိုပါ ထပ်မံ ရရှိ ခဲ့တဲ့ ပိုင်တံခွန် ရဲ့ တော်လွန်းတဲ့ စည်းရုံးမှု တစ်ခု

Posted on

မင်းသားချော ပိုင်တံခွန် ကတော့ အနေအထိုင် အေးဆေး ပြီး အရွယ် နဲ့ မလိုက်အောင်

တည်ငြိမ်သူ တစ်ယောက် ဖြစ်တာ ကြောင့် ပရိသတ် တွေ ရဲ့

အချစ်ကို ပိုင်ဆိုင် ရရှိထားတာ ဖြစ်ပါတယ်။

ပိုင်တံခွန် ကတော့ သူ့ရဲ့ အမိုက်စား ခန္ဓာကိုယ် နဲ့ အရမ်းလန်း တဲ့ တက်တူး

တွေကြောင့် လည်း နိုင်ငံတကာ က ပရိသတ်တွေရဲ့ အာရုံစိုက် ခံရတယ်ဆိုလည်း မမှားပါဘူး။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ Fan Meeting ပြုလုပ် ရ တဲ့အထိ အောင်မြင် တဲ့ ပိုင်တံခွန် က

ဂျပန် ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ အာရှ နိုင်ငံ များ အပြင် ဘရာဇီး ၊ သြစတေးလျ ၊ ဂျာမနီ စတဲ့

အနောက်တိုင်း နိုင်ငံတွေအထိပါ ပေါက်ရောက် အောင်မြင်နေတာပဲ ဖြစ်ပါတယ်။

လတ်တလော မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး အတွက် တိုက်ပွဲ ဝင် နေတဲ့ ပိုင်တံခွန် က

အိမ်နီးချင်း ထိုင်းနိုင်ငံက ဒီမိုကရေစီ တိုက်ပွဲ အတွက်လည်း သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ

ကနေ အာပေး စကားပြောလာ တာကို တွေ့ရပါတယ်။

ပိုင်တံခွန် က “ထိုင်းနိုင်ငံက ညီအစ်ကို မောင်နှမတွေ အားလုံး ကိုယ့်ကို ကိုယ် ဂရုစိုက်ကြပြီး

ကာကွယ် စောင့်ရှောက်ကြပါ။ ကျွန်တော် ခင်ဗျားတို့ နဲ့ အတူတူ ရပ်တည် ပေးနေပြီး ဆုတောင်း ပေးနေပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲ ဝင်နေပါတယ်။

ကျွန်တော်တို့ အတူတူ အားလုံး ဒါတွေကို ကျော်ဖြတ် ကြမယ်” ဆိုပြီး ပြောလာ တာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန် ကတော့ ကိုယ့်နိုင်ငံ ဒီမိုကရေစီ ရရှိရေး အတွက် တိုက် ပွဲဝင် နေသလို

အိမ်နီးချင်း ထိုင်းနိုင်ငံက ပရိသတ်တွေ အတွက်လည်း ဆုတောင်း မေတ္တာပို့ပေးနေတာပဲ ဖြစ်ပါတယ်။

အားလုံး မျှော်မှန်းထားတဲ့ ပန်းတိုင် ကို အောင်မြင်စွာ ရောက်ရှိနိုင် ကြပါစေနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

celeupdatenews

Leave a Reply

Your email address will not be published. Required fields are marked *