ထိုင်းစစ်တပ် က မြန်မာ စစ်တပ် ကို ဆန်တွေ ထောက်ပံ့တယ် ဆို တာ မဟုတ်ဘူးလို့ ငြင်းဆို..

Posted on

ထိုင်းမီဒီယာက ထိုင်းစစ်တပ်ဟာ မြန်မာစစ်တပ် ကို ဆန်အိတ် ပေါင်း ၇၀၀ ပို့ဆောင်ထောက်ပံ့ ခဲ့တယ်လို့ ဖော်ပြ ပါတယ်။

အဲ့လိုထောက်ပံ့ခဲ့တာဟာ ထိုင်းအစိုးရရဲ့ အမိန့်အရလုပ်တာလို့ ဆိုပါတယ်။

ဒါပေမယ့် ထိုင်းစစ်တပ်က ဗိုလ်ချုပ် Amnat Srimak ကပြောကြားရာ မှာ ထိုင်းစစ်တပ်ကမြန်မာစစ်တပ်ကိုထောက်ပံ့တာ မရှိပါဘူးတဲ့။

မြန်မာစစ်တပ်ဘက်ကလည်း ထိုင်းစစ် တပ်ဘက်ကို အကူအညီ တောင်းတာမျိုး မရှိပါဘူးတဲ့။

သူတို့မှာလည်း သူတို့မာနနဲ့ သူတို့နေမှာပါတဲ့။

အကယ်လို့မြန်မာဘက်ကိုဆန်ပို့ခဲ့မယ် ဆိုရင်လည်း ဒါဟာ ပုံမှန်နယ်စပ်ဖြတ်ကုန်သွယ်မှုတစ်ခုပဲနေမှာပါတဲ့။

ထိုင်းမီဒီယာကတော့ မြန်မာဘက်ကို ဆန်ထောက်ပံ့ဖို့ကြိုးပမ်းမှုကို KNU တိုင်းရင်းသားတပ်ဖွဲ့တွေက ကြားကနေဖြတ်တောက်ခဲ့တယ်လို့ဆိုပါတယ်။

ထိုင်းမီဒီယာကပြထားတဲ့ပုံထဲမှာ ဆန်အိတ်တွေ ကို နယ်စပ်မှာ ကားပေါ်တင်နေတာတွေ့ရပါတယ်။

နယ်စပ်ကလူတွေအပြောအရ အခုနယ်စပ်ကို ဖြတ်ဆန်ထောက်ပံ့တဲ့ လမ်းကြောင်း ဟာ ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမဟုတ်ပါဘူးတဲ့။

ထိုင်းအစိုးရကမြန်မာစစ်တပ်ကို ထောက်ပံ့မှုပြုခဲ့တယ် ဆိုရင် လမ်းပေါ်မှာ လူသတ်ချင်တိုင်းသတ်၊

ဆိုင်တွေအိမ်တွေကနေခိုးယူလုယူနေတဲ့ အကျင့်သိက္ခာ မရှိတဲ့စစ်တပ်ကို ထောက်ပံ့တယ် ဆိုပြီး အရှက်ရစရာဖြစ်လာပါလိမ့်မယ်။

မြန်မာစစ်တပ်ဟာ လောဘတကြီးနဲ့ ပြောင်တလင်းခါနေတဲ့ စတိုးဆိုင်ကို လက်နက်အားကိုးပြီး အကြမ်းဖက်ဝင်စီးထားတဲ့ ဓားပြလို ဖြစ်နေပါတယ်။

ဆိုင်ထဲမှာ ငွေကြေးကလည်းမကျန်၊ အကြွေးတွေ ကလည်းရှိ၊

ဂိုထောင်ထဲမှာလည်းပြောင်တလင်းခါ၊

ဆိုင်ကိုမောင်ပိုင်စီးလို့ အမြတ်ထွက်ဖို့နေနေ သာသာ ကိုယ့်တပည့်ကို ကိုယ်ကျွေးစရာမရှိလို့ ပြဿနာမီးအိုးကြီး ပေါ်ထိုင်မိရက်သားအဖြစ်ဖြစ်နေပါပြီ။

အာဆီယံမှာ မြန်မာစစ်တပ် ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေ အပေါ်ဝေဖန်မှုမြင့်တက်လာနေပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်း ထန်ထန်ဝေဖန်ထားသလို၊

မလေးရှားကလည်း ဝေဖန် ထားပါတယ်။

အင်ဒိုနီးရှားသမ္မတကလည်း မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ နောက်ထပ်အကြမ်းဖက်ခံရသူတွေ လုံးဝမရှိစေဖို့ ဝေဖန်ပြောဆိုထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံက တစ်ခုခုလုပ်မှရတော့မယ် လို့ ပြောဆိုထားပါတယ်။

မြန်မာစစ်အုပ်စုဟာ အာဆီယံအတွက် သိုးမည်းတစ်ကောင်ဖြစ်နေပါပြီ။

ရိုက်တာသတင်းကို ပြန်တင်ပြပါတယ်ခင်ဗျား။

တကယ်ပို့မပို့က ထိုင်းဘက်ကရော၊ မြန်မာစစ်တပ် ဘက်ကရော၊

KNU ဘက်ကရော ရိုက်တာသတင်းဌာနကို ပြန်မပြောသေး လို့ အတိအကျ မသိရသေးပါတဲ့။

Crd _ Richard Myo Thant

zawgyi

























Crd _ Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *