ထိုင်သပိတ် ပြုလုပ် ခဲ့ကြပေမယ့် ဖြိုခွင်းမှု အခက်ခဲတွေ နဲ့ ကြုံတွေ့ခဲ့ ရတဲ့ မြင့်မြတ် နှင့် ရာဇာနေဝင်း တို့အဖွဲ့

Posted on

ပရိသတ်ကြီးရေ လက်ရှိအခြေအနေတွေအရ ဖြိုခွင်းမှုတွေ ရှိနေပေမယ့် ပြည်သူပရိသတ်တွေအနေနဲ့ လူထု လှုပ်ရှားမှုတွေကို မြို့နယ် အလိုက် အဆက်မပြတ်လုပ်ဆောင်နေကြပြီး အနုပညာရှင်တွေ တော်တော်များများကလည်း အားလုံးနဲ့ အတူ ရပ်တည်နေတာ တွေ့ရပါတယ်။ ယုံကြည်ချက်တွေနဲ့ တော်လှန်ရေးတိုက်ပွဲကြီးကို အင်တိုက်အားတိုက်လုပ်ဆောင် နေကြသလို ထိပ်တန်း အနုပညာရှင် တွေဖြစ်ကြတဲ့ မြင့်မြတ်၊ ရာဇာနေဝင်းအပြင် ထူးခြားနဲ့ကေညီတို့ကလည်း လူထု လှုပ်ရှားမှုတွေမှာ ပါဝင်အားဖြည့်နေပါတယ်..။

တတ်နိုင်တဲ့ဘက်ကနေ နည်းအမျိုးမျိုးနဲ့ကြိုးစား တိုက်ပွဲဝင်နေကြသလို ဒီကနေ့လေး မှာလည်း ရာဇာနေဝင်း၊ မြင့်မြတ်၊ ကေညီနဲ့ထူးခြားတို့ သူငယ်ချင်းတွေကလည်း အရေးတော်ပုံအောင်မြင် ဖို့အတွက် လမ်းပေါ်ထွက် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်..။ သူတို့အဖွဲ့ဟာ ပြည်သူတွေနဲ့အတူ စိတ်တူကိုယ်တူနဲ့ တော်လှန်ရေး တိုက်ပွဲကြီးကိုဆင်နွှဲနေကြကာ ထိုင်သပိတ်တွေမှာလည်းပါဝင်ပြီး ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ကြွေးကြော်လိုက်တဲ့အသံတွေကလည်း တကယ်ကိုခွန်အားအပြည့်ပါပဲ..။

“အရေးတော်ပုံအောင်ရမည်။” ဆိုပြီး ပြည်သူတွေ နဲ့အတူ လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ သူတို့ရဲ့ပုံရိပ်လေးတွေကို ထူးခြားက မျှဝေသလို ရာဇာနေဝင်းကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှထားပါသေးတယ်..။ ပရိသတ်တွေကလည်း ထိပ်တန်းအနုပညာရှင်တွေအနေနဲ့ အခုလို ကိုယ်တိုင် ကိုယ်ကျလမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ပေးကြတာတွေကို သဘောကျအားပေးနေကြတာလည်း တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Htoo Charr’s Fb Acc & Yarzar Naywin’s Fb Acc

zawgyi

ပရိသတ္ႀကီးေရ လက္ရွိအေျခအေနေတြအရ ၿဖိဳခြင္းမႈေတြ ရွိေနေပမယ့္ ျပည္သူပရိသတ္ေတြအေနနဲ႔ လူထု လႈပ္ရွားမႈေတြကို ၿမိဳ႕နယ္ အလိုက္ အဆက္မျပတ္လုပ္ေဆာင္ေနၾကၿပီး အႏုပညာရွင္ေတြ ေတာ္ေတာ္မ်ားမ်ားကလည္း အားလုံးနဲ႔ အတူ ရပ္တည္ေနတာ ေတြ႕ရပါတယ္။ ယုံၾကည္ခ်က္ေတြနဲ႔ ေတာ္လွန္ေရးတိုက္ပြဲႀကီးကို အင္တိုက္အားတိုက္လုပ္ေဆာင္ ေနၾကသလို ထိပ္တန္း အႏုပညာရွင္ ေတြျဖစ္ၾကတဲ့ ျမင့္ျမတ္၊ ရာဇာေနဝင္းအျပင္ ထူးျခားနဲ႔ေကညီတို႔ကလည္း လူထု လႈပ္ရွားမႈေတြမွာ ပါဝင္အားျဖည့္ေနပါတယ္..။

တတ္ႏိုင္တဲ့ဘက္ကေန နည္းအမ်ိဳးမ်ိဳးနဲ႔ႀကိဳးစား တိုက္ပြဲဝင္ေနၾကသလို ဒီကေန႔ေလး မွာလည္း ရာဇာေနဝင္း၊ ျမင့္ျမတ္၊ ေကညီနဲ႔ထူးျခားတို႔ သူငယ္ခ်င္းေတြကလည္း အေရးေတာ္ပုံေအာင္ျမင္ ဖို႔အတြက္ လမ္းေပၚထြက္ လႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္..။ သူတို႔အဖြဲ႕ဟာ ျပည္သူေတြနဲ႔အတူ စိတ္တူကိုယ္တူနဲ႔ ေတာ္လွန္ေရး တိုက္ပြဲႀကီးကိုဆင္ႏႊဲေနၾကကာ ထိုင္သပိတ္ေတြမွာလည္းပါဝင္ၿပီး ယုံၾကည္ခ်က္ခိုင္ခိုင္မာမာနဲ႔ ေႂကြးေၾကာ္လိုက္တဲ့အသံေတြကလည္း တကယ္ကိုခြန္အားအျပည့္ပါပဲ..။

“အေရးေတာ္ပုံေအာင္ရမည္။” ဆိုၿပီး ျပည္သူေတြ နဲ႔အတူ လူထုလႈပ္ရွားမႈေတြျပဳလုပ္ေနတဲ့ သူတို႔ရဲ႕ပုံရိပ္ေလးေတြကို ထူးျခားက မွ်ေဝသလို ရာဇာေနဝင္းကလည္း သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာကေန ေဝမွ်ထားပါေသးတယ္..။ ပရိသတ္ေတြကလည္း ထိပ္တန္းအႏုပညာရွင္ေတြအေနနဲ႔ အခုလို ကိုယ္တိုင္ ကိုယ္က်လမ္းေပၚထြက္လႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူပူးေပါင္းပါဝင္ေပးၾကတာေတြကို သေဘာက်အားေပးေနၾကတာလည္း ေတြ႕ရပါတယ္..။

သတင္းအရင္းျမစ္: Htoo Charr’s Fb Acc & Yarzar Naywin’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *