တော်လှန် ရေး ထဲ ပါဝင်လာ သူတွေကို လေးစား ကြိုဆို လိုက်တဲ့ ထားထက်ထက်

Posted on

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တော်လှန်ရေး နယ်မြေ ကို ရောက်ရှိနေတဲ့

အလှမယ် ထားထက်ထက်က သူရောက်ရှိနေတဲ့ စခန်းသို့ တော်လှန် ရေး အတွက်

ပါဝင်ဖို့ လာကြသူတွေနဲ့ စခန်းသို့ လိုအပ်တာများ လှူဒါန်းပေး ကြသူတွေ ကို လေးစား ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“ဒီစခန်းမှာ ကျမ ရှိတယ်ဆိုပြီး ပြောလို့ တော်လှန်ရေးထဲ ပါဝင်ဖို့ လာတဲ့သူတွေ ကို လေးစားကြိုဆိုပါတယ်။

နောက်ပြီး ဒီစခန်းမှာ ကျမ ရှိနေတယ် ဆိုလို့ လှူဒါန်းပေးကြတဲ့

အလှူရှင်များ အားလုံးကိုလည်း တကယ်လေးစား ကျေးဇူး တင်ပါတယ်”

“အဆုံးသတ် တိုက်ပွဲအတွက် ပြင်ဆင် လေ့ကျင့်နေကြသူတွေ ကို ကျမ အလွန်လေးစား ကျေးဇူးတင်သလို

အောင်ပွဲရတဲ့အထိ တော်လှန်ရေးထဲ ပါဝင်ပေးကြပါလို့ တိုက်တွန်း ချင်ပါတယ်။

စေတနာနဲ့ ပေးလှူတဲ့ အလှူရှင်တွေကိုလည်း အရင်အတိုင်း

ဆက်လက် ထောက်ပံ့ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”လို့

အလှမယ် ထားထက်ထက်က ပြောပါတယ်။

စခန်းတိုင်းက အရာရာ လိုအပ်နေတဲ့ အတွက် အလှူရှင်၊

စေတနာရှင်တို့ရဲ့ အလှူက လေ့ကျင်နေသူတွေ အတွက်

များစွာ စိတ်ခွန်အား ရရှိစေတယ်လို့ ဆိုပါတယ်။

“ဘာလို့လဲဆိုတော့ စစ်သင်ခန်းစာ လေ့ကျင့်နေတဲ့ စခန်းတိုင်းက အရာရာ လိုအပ်နေကြလို့ပဲ ဖြစ်ပါတယ်။

အလှူရှင်၊ စေတနာရှင်တို့ရဲ့ အလှူတွေက လေ့ကျင့် ကြိုးစားနေသူတွေ အတွက် တကယ် လိုအပ်တဲ့

အာဟာရနဲ့ စိတ်ခွန်အားကို ရရှိစေတဲ့အတွက် အကျိုးရှိစေလို့ပဲ ဖြစ်ပါတယ်။

ထားထက်ကို စခန်းတိုင်းမှာ ရှိနေတယ်လို့ သဘောထားစေချင်ပါတယ်”လို့ ထားထက်ထက်က ပြောပါတယ်။

ဆက်လက်ပြီး ထားထက်ထက်က တော်လှန်ရေးကို အကြောင်းပြကာ လူသစ် စုဆောင်းခြင်း၊

အမြတ်ထုတ်မှုနဲ့ အလှူငွေတို့အပေါ် အသုံးချခြင်းတို့ သေချာ စိစစ်ပြီးမှ တော်လှန်ကြပါလို့ ဆိုပါတယ်။

“တော်လှန်ရေးကို အကြောင်းပြပြီး လူသစ် စုဆောင်းခြင်းမှ အမြတ်ထုတ်မှုနဲ့ အလှူငွေ၊

အလှူပစ္စည်းအပေါ် အခြားသော ပုဂ္ဂိုလ်ရေး အသုံးချ မှုများ ရှိခဲ့လျှင်တော့

သေချာ စိစစ်ပြီး တော်လှန်ရေး သန့်စင်မှု လုပ်ဖို့ အကြံပြုပါရစေ”လို့ ထားထက်ထက်က ပြောထားပါတယ်။

အလှမယ် ထားထက်ထက်ကတော့ ဒီအကြောင်း အရာတွေကို သူ့ ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပြောပြထားတာဖြစ်ပြီး၊

ထားထက်ထက်ဟာ စစ်ကောင်စီရဲ့ ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့်

အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။

celethatin

Leave a Reply

Your email address will not be published. Required fields are marked *