တော်လှန်ရေး သမားတိုင်း အတွက် ကြက်သီးထစရာ ကောင်းလောက်အောင် ခွန်အားဖြစ်စေ တဲ့ မင်းမော်ကွန်းရဲ့ ပြတ်သားတဲ့ ခံယူချက်

Posted on

ဘေးလွတ်ရာကိုတိမ်းရှောင်ရင်း ရောက်တဲ့နေရာ ကနေ အာဏာရှင်ကို တော်လှန်နေတဲ့ သရုပ်ဆောင်မင်းမော်ကွန်းဟာ သူ့ရဲ့ပြတ်သားတဲ့ခံယူချက်ကို ” တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ ခက်ခဲပင်ပန်းလာတာတွေ အားငယ်စိတ်ဓါတ်ကျတာတွေ အားလျော့ချင် စိတ်တွေကအနည်းနဲ့အများဖြစ်လာကြမှာပါ ကျွန်တော် ကိုယ်တိုင်လည်း အကြိမ်ကြိမ်အားငယ်ဝမ်းနည်းတာတွေ လူရောစိတ်ရောပင်ပန်းနာကျင်ရတာတွေ ခဏခဏလဲကျပြီးပြန်မထချင်လောက်အောင် စိတ်ဓါတ်တွေ ပြိုကျခဲ့ရတာတွေ အမှန်တကယ်ရှိခဲ့ကြောင်းကိုဝန်ခံပါတယ် ဒါပေမယ့်ကျွန်တော်တို့ အရှုံးပေးလို့မရပါဘူး ကျွန်တော်တို့သည် ဒီတော်လှန်ရေးကို ခဏတာခံစားချက်နဲ့လုပ်ခဲ့မိကြတာမဟုတ်ပါ မတရားဖိနှိပ်တာ အနိုင် ကျင့်တာ မကြိုက်လို့ လွပ်လပ်ခြင်း တရားမျှတခြင်းနဲ့ လူ့အခွင့်အရေးတန်းတူညီမျှခြင်းကို အမှန်တကယ် ချစ်မြတ်နိုးလို့ တော်လှန်ခဲ့ကြခြင်းပါ ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

အာဏာရှင်လူတစ်စုရဲ့စိတ်ကြိုက်ခြယ်လှယ်သမျှကို ခံနေရတဲ့ ပြည်သူလူထု အတွက် မခံချင်စိတ်နဲ့ အခုလိုတွန်းလှန်ကြောင်းကိုလည်း ” လွပ်လပ်ခွင့်တွေဆုံးရှုံးရလို့ တရားမျှတခြင်းမရှိဘူးလို့ခံယူထားလို့ အမှန်တရားနဲ့လွဲချော်နေမှန်းသိလို့ လက်နက်ကိုင်ထားတိုင်း ကြောက်မနေချင်လို့ လူပေါ်မူတည်ပြီး ခွဲခြားအုပ်ချုပ်တာ မခံချင်လို့ အသိတရားနဲ့ ခံယူချက်ကြောင့်သာ တော်လှန်ဆန့်ကျင်ခဲ့ကြခြင်းဖြစ်ပါတယ် ခံစားချက်ပေါ်မူတည်ပြီးဖြစ်လာရတဲ့တော်လှန်လိုစိတ်ဟာ ခံစားချက်အပြောင်းအလဲအလိုက် မှေးမှိန်လာတတ်ပေမယ့် ခံယူချက်ကြောင့်တော်လှန်ခြင်းကတော့ ဘယ်အခြေ အနေရောက်ရောက် မပြောင်းလဲမယိမ်းယိုင်နိုင်ပါဘူး ဒီအတွက် ဘာတွေကြုံလာကြုံလာ နောက်ဆုတ်ဖို့မရှိပါဘူး နောင်တမရပါဘူးအရှုံးမပေးပါဘူး ကမ္ဘာမကျေပါဘူး ကိုယ်ယုံကြည်ရာအမှန်တရားကို ရအောင်ယူဖို့ ဖြစ်အောင်လုပ်ဖို့က အားလုံး ရဲ့တာဝန်ဖြစ်ပြီး ဒီတာဝန်အတွက်လူသားတိုင်းမှာ မွေးရာပါခွန်အားတွေ ရှိကြပါတယ် ” ဆိုပြီး ထပ်မံပြောပြခဲ့ပါသေးတယ်။

အာဏာရှင်ကိုတော်လှန်နေချိန်မှာ အားလုံးစည်းစည်းလုံးလုံးနဲ့ သွေးမကွဲကြစေဖို့ကို ” ဒီထက်အရေးကြီးတာက ကျွန်တော်တို့မျိုးဆက်သစ်တွေကို အာဏာတစ်ခုကြောင့်သာ မတရားသဖြင့်ချမ်းသာကြပြီး ဘာအရည်အချင်း အဆင့်အတန်းမှမရှိ လူမဆန်တဲ့သူတွေရဲ့ မတရားအနိုင်ကျင့်ခြင်းတွေ လူပါးဝ စော်ကားခြင်းတွေကိုခွင့်ပြုဖို့ နောက်ထပ်ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး ဒါကြောင့် အားတင်းပါ အားမွေးထားကြပါ အရာရာအတွက် ကြိုတင်ပြင်ဆင်အသင့်ဖြစ်ပါစေ ကျန်းမာရေးကောင်းပါစေ သွေးမကွဲပါစေနဲ့ ကျွန်တော်တို့ပြည်သူအားလုံး တိုင်းရင်းသားအားလုံးက တညီတညွတ်ထဲတော်လှန်ရင် ဘယ်အာဏာရှင်မှ ကြာရှည်မခံနိုင်ပါဘူး အဆုံးသတ်တိုက်ပွဲအတွက် အဆင်သင့်ရှိကြပါစေ အရေးတော်ပုံ အောင်ရမည် ” ဟုဆိုတာ တိုက်တွန်းခဲ့ပါတယ်။ ရောက်တဲ့နေရာတိုင်းမှာ ဘေးကင်းလုံခြုံပါစေ ကိုကျော်ရေ။

Photo Credit – Kyaw Kyaw Htay Lwin’s FB Acc

zawgyi

ေဘးလြတ္ရာကိုတိမ္းေရွာင္ရင္း ေရာက္တဲ့ေနရာ ကေန အာဏာရွင္ကို ေတာ္လွန္ေနတဲ့ သ႐ုပ္ေဆာင္မင္းေမာ္ကြန္းဟာ သူ႔ရဲ႕ျပတ္သားတဲ့ခံယူခ်က္ကို ” ေတာ္လွန္ေရးကာလ အခ်ိန္ၾကာလာတာနဲ႔အမွ် ခက္ခဲပင္ပန္းလာတာေတြ အားငယ္စိတ္ဓါတ္က်တာေတြ အားေလ်ာ့ခ်င္ စိတ္ေတြကအနည္းနဲ႔အမ်ားျဖစ္လာၾကမွာပါ ကြၽန္ေတာ္ ကိုယ္တိုင္လည္း အႀကိမ္ႀကိမ္အားငယ္ဝမ္းနည္းတာေတြ လူေရာစိတ္ေရာပင္ပန္းနာက်င္ရတာေတြ ခဏခဏလဲက်ၿပီးျပန္မထခ်င္ေလာက္ေအာင္ စိတ္ဓါတ္ေတြ ၿပိဳက်ခဲ့ရတာေတြ အမွန္တကယ္ရွိခဲ့ေၾကာင္းကိုဝန္ခံပါတယ္ ဒါေပမယ့္ကြၽန္ေတာ္တို႔ အရႈံးေပးလို႔မရပါဘူး ကြၽန္ေတာ္တို႔သည္ ဒီေတာ္လွန္ေရးကို ခဏတာခံစားခ်က္နဲ႔လုပ္ခဲ့မိၾကတာမဟုတ္ပါ မတရားဖိႏွိပ္တာ အႏိုင္ က်င့္တာ မႀကိဳက္လို႔ လြပ္လပ္ျခင္း တရားမွ်တျခင္းနဲ႔ လူ႔အခြင့္အေရးတန္းတူညီမွ်ျခင္းကို အမွန္တကယ္ ခ်စ္ျမတ္ႏိုးလို႔ ေတာ္လွန္ခဲ့ၾကျခင္းပါ ” ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။

အာဏာရွင္လူတစ္စုရဲ႕စိတ္ႀကိဳက္ျခယ္လွယ္သမွ်ကို ခံေနရတဲ့ ျပည္သူလူထု အတြက္ မခံခ်င္စိတ္နဲ႔ အခုလိုတြန္းလွန္ေၾကာင္းကိုလည္း ” လြပ္လပ္ခြင့္ေတြဆုံးရႈံးရလို႔ တရားမွ်တျခင္းမရွိဘူးလို႔ခံယူထားလို႔ အမွန္တရားနဲ႔လြဲေခ်ာ္ေနမွန္းသိလို႔ လက္နက္ကိုင္ထားတိုင္း ေၾကာက္မေနခ်င္လို႔ လူေပၚမူတည္ၿပီး ခြဲျခားအုပ္ခ်ဳပ္တာ မခံခ်င္လို႔ အသိတရားနဲ႔ ခံယူခ်က္ေၾကာင့္သာ ေတာ္လွန္ဆန႔္က်င္ခဲ့ၾကျခင္းျဖစ္ပါတယ္ ခံစားခ်က္ေပၚမူတည္ၿပီးျဖစ္လာရတဲ့ေတာ္လွန္လိုစိတ္ဟာ ခံစားခ်က္အေျပာင္းအလဲအလိုက္ ေမွးမွိန္လာတတ္ေပမယ့္ ခံယူခ်က္ေၾကာင့္ေတာ္လွန္ျခင္းကေတာ့ ဘယ္အေျခ အေနေရာက္ေရာက္ မေျပာင္းလဲမယိမ္းယိုင္ႏိုင္ပါဘူး ဒီအတြက္ ဘာေတြႀကဳံလာႀကဳံလာ ေနာက္ဆုတ္ဖို႔မရွိပါဘူး ေနာင္တမရပါဘူးအရႈံးမေပးပါဘူး ကမာၻမေက်ပါဘူး ကိုယ္ယုံၾကည္ရာအမွန္တရားကို ရေအာင္ယူဖို႔ ျဖစ္ေအာင္လုပ္ဖို႔က အားလုံး ရဲ႕တာဝန္ျဖစ္ၿပီး ဒီတာဝန္အတြက္လူသားတိုင္းမွာ ေမြးရာပါခြန္အားေတြ ရွိၾကပါတယ္ ” ဆိုၿပီး ထပ္မံေျပာျပခဲ့ပါေသးတယ္။

အာဏာရွင္ကိုေတာ္လွန္ေနခ်ိန္မွာ အားလုံးစည္းစည္းလုံးလုံးနဲ႔ ေသြးမကြဲၾကေစဖို႔ကို ” ဒီထက္အေရးႀကီးတာက ကြၽန္ေတာ္တို႔မ်ိဳးဆက္သစ္ေတြကို အာဏာတစ္ခုေၾကာင့္သာ မတရားသျဖင့္ခ်မ္းသာၾကၿပီး ဘာအရည္အခ်င္း အဆင့္အတန္းမွမရွိ လူမဆန္တဲ့သူေတြရဲ႕ မတရားအႏိုင္က်င့္ျခင္းေတြ လူပါးဝ ေစာ္ကားျခင္းေတြကိုခြင့္ျပဳဖို႔ ေနာက္ထပ္ဘယ္ေတာ့မွ မျဖစ္ႏိုင္ေတာ့ပါဘူး ဒါေၾကာင့္ အားတင္းပါ အားေမြးထားၾကပါ အရာရာအတြက္ ႀကိဳတင္ျပင္ဆင္အသင့္ျဖစ္ပါေစ က်န္းမာေရးေကာင္းပါေစ ေသြးမကြဲပါေစနဲ႔ ကြၽန္ေတာ္တို႔ျပည္သူအားလုံး တိုင္းရင္းသားအားလုံးက တညီတၫြတ္ထဲေတာ္လွန္ရင္ ဘယ္အာဏာရွင္မွ ၾကာရွည္မခံႏိုင္ပါဘူး အဆုံးသတ္တိုက္ပြဲအတြက္ အဆင္သင့္ရွိၾကပါေစ အေရးေတာ္ပုံ ေအာင္ရမည္ ” ဟုဆိုတာ တိုက္တြန္းခဲ့ပါတယ္။ ေရာက္တဲ့ေနရာတိုင္းမွာ ေဘးကင္းလုံၿခဳံပါေစ ကိုေက်ာ္ေရ။

Photo Credit – Kyaw Kyaw Htay Lwin’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *