တော်လှန်ရေး လှုပ်ရှားမှုတွင် အပေါ်ယံသာ လုပ်ပြခဲ့ တာကြောင့် ပရိသတ်တွေ ရဲ့ ဝေဖန်မှု များစွာ ခံနေရတဲ့ တစ်ချိန်က ပြည်သူချစ် မင်းသမီး ဝတ်မှုံရွှေရည်

Posted on

ပရိသတ်ကြီးရေ မင်းသမီး ဝတ်မှုန်ရွှေရည်ကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာ သိမ်းခံလိုက်ရချိန်တွင် တရားစခန်းဝင်နေ တာကြောင့် ပရိသတ်တွေရဲ့ အပြစ်ပြောခြင်းတွေ ခံခဲ့ရသူပါနော်။ သို့ပေမယ့်လည်း တရားစခန်းက ပြန်ထွက်လာချိန်မှာတော့ ပြည် သူတွေ နဲ့အတူ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်လာတာ ကို တွေ့ရတာကြောင့် သူမကို ဝေဖန်တာတွေ လျော့ကျခဲ့ကြပါတယ်နော်။

လွန်ခဲ့တဲ့ လကတော့ သူမ ရဲ့Facebook Page အဟက်ခံ ခဲ့ရတာ ကို အကြောင်းပြပြီး နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ဘာမှမတင်တော့ တာ အခုထိပါပဲနော်။ ဒါတင်မဟုတ်သေးဘဲ ကိုယ်တိုင်ဆန္ဒထွက်ပြခဲ့တဲ့ ပို့စ်ကိုလည်းပြန်လည်ပြင်ကာ တင်ထား တာပါနော်။ အခုလော လော ဆယ် မှာတော့ ဝတ်မှုန်ရွှေရည် ရဲ့ ကိစ္စဟာ အတော်လေးကိုလူပြောများနေတာပါနော်။

နာမည်ကြီး Travel Blogger တစ်ဦး မှလည်း ” နာမည်ကြီး အကယ်ဒမီ မင်းသမီး CDM support လုပ်ပါတယ် ဆိုတဲ့ Post ကို Edit လုပ် သွားတယ်(သူ CDM ကို support မလုပ်တော့ ပါဘူးပေါ့)

ကဲ ……..

အဖြေက ရှင်းရှင်းလေး

CDM သည် သူတို့ ရဲ့ အညှာ

CDM သည် အောင်ပွဲရဲ့ သော့ချက်

CDMသမားများကို အတတ် နိုင်ဆုံး ကူညီပါ

CDMသမားများ ကျေးဇူးပြု၍ တောင့်ခံပေးကြပါ

အခုထိ ရပ်ရွာအဆင့်တောင် အုပ်ချုပ်ခွင့် မရသေးတာ CDM ဘယ်လောက် အောင်မြင်လဲဆိုတာရဲ့ သက်သေပါ

#အရေးတော်ပုံအောင်ရမည် “ ဆိုပြီး ဝတ်မှုန်ရွှေရည် ရဲ့ လုပ်ရပ်တွေကို ရှုံ့ချထား ပါသေးတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *