“တော်လှန်ရေး ရဲဘော် ရဲဘက် အစ်ကို ရေမွန် သို့ …” ဆိုပြီး ကတိ တစ်ခု ပေးလိုက် တဲ့ ထားထက်ထက်”

Posted on

တော်လှန်ရေး ရဲဘော်ရဲဘက် အကို ရေမွန် သို့ …

မမြင်နိုင် မကြားနိုင် တော့ပေမယ့် လေးစားဂုဏ်ပြုပါရစေ…….အကို့အမေ ဆီမှာ သီချင်းဆို သင်တန်းတက်ရင်း အကို့ကိုသိခဲ့ပါတယ်။ အကို့သီချင်းတွေ နားထောင်ဖြစ်ပါတယ်။အကို့ အနုပညာ ကို ကြိုက်ခဲ့ပါတယ်။

နောက်ပိုင်း We Love Yangon မှာ ပရဟိတ လုပ် ရင်း ထပ်ဆုံကြတဲ့ အခါ အရင်လိုပဲ ဖော်ရွေဖြူစင်တဲ့ အပြုံးနဲ့ အကို့ကောင်မလေး ကေကေနဲ့အတူတူ အကို့အနုပညာနဲ့ ပရဟိတလုပ်နေသူတွေကို အားပေးရင်း သီချင်းတွေနဲ့ ဖျော်ဖြေပေးတဲ့ အကို….

တော်လှန်ရေးအတွက် အကို လွတ်မြောက်နယ်မြေ ကို ရောက်နေတာ သိခဲ့ရပြန်တော့လဲ လေးစားရပါတယ်။အခုလို ဆုံးရှုံးလိုက်ရတာကိုလဲ တော်တော်စိတ်မကောင်းဖြစ်ရပါတယ် အကို…..

အစားအသောက် ၊ အနေအထိုင်ဆင်းရဲပြီး ငှက်ဖျား ပိုးကြောင့်ဖြစ်ဖြစ် ၊ အစာအိမ်သွေးကြောပေါက်တာကြောင့်ဖြစ်ဖြစ် အသက်ဆုံးရှုံးရလို့ ဝမ်းနည်းရပါတယ်..…

ပိုပြီးဝမ်းနည်းရတာက တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး ပြင်ဆင် နေတဲ့ ရဲဘော်တစ်ယောက်ဟာ အသက်ဆုံးရှုံးနိုင်တယ်ဆိုတာ သိသိကြီးနဲ့ ဒီအထိ ရော က်လာ ၊ တိုက်ခိုက်ရေး ပညာတွေသင်ပြီးမှ အဆင်သင့်မဖြစ်ခင် ၊ မတရားမှုအတွက် စကစသူပုန်တွေကိုပြန်ပြီး မတိုက်ရခင်မှာ ဆုံးရှုံး သွားရတာကို ပိုနှမြောတသဖြစ်ရတယ်…..

ကိုရေမွန်လဲ ဒီအတိုင်းပဲ စိတ်ထဲ ရှိနေမယ်လို့ ကျွန်မ ထင်တယ်….ကျဆုံးခဲ့ပြီးသော ရဲဘော်ကို ကျွန်မ ကတိပေးပါတယ်။ ကျွန်မတို့ အခုထက် ပို ပြီး ကြိုးစားပါမယ်။ အခုထက် ပိုပြီး အားစိုက်ပါမယ်။

အခုထက် ပိုပြီး တန်ဖိုးရှိတဲ့ အသက်တွေ မဆုံးရှုံးရအောင် ၊ ရဲဘော်တွေအားလုံး တိုက်ပွဲ အတွက် ချပ်ဝတ်တန်ဆာ အဆင်သင့် ဖြစ်အောင် ၊ ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဌ ကနေပါဝင်ပါ့မယ်။မြင့်မြတ်သောဘုံဘဝမှာ အနုပညာနဲ့ ငြိမ်းချမ်းပါစေ 🙏

ထားထက်ထက်

Leave a Reply

Your email address will not be published. Required fields are marked *